ဘောလုံးပွဲထက် လက်ဝှေ့ပွဲတွေကို သူဘာကြောင့် ပိုကြိုက်လဲဆိုတာကို ပြောပြခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုတစ်ယောက် သူကြိုက်တဲ့အရာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဂျူဗင်တပ် အသင်းမှာ ကစားနေပြီး ကမ္ဘာ့ဘောလုံးလောကရဲ့စံချိန်တွေကိုတစ်ခုပြီးတစ်ခုရယူနေတဲ့ ရော်နယ်ဒိုက ဘောလုံးပွဲကြည့်ရတာထက် စာရင် အခြားတိုက်ခိုက်ရေး အားကစားတွေ ဖြစ်ကြတဲ့ ဘောက်ဆင်း နဲ့ UFC ကြည့်ရတာကို ပိုပြီးတော့ နှစ်သက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒို ဟာ DAZN က ရိုက်ကူးတဲ့ ( Parallel World ) ဆိုတဲ့ မှတ်တမ်း ဗီဒီယို မှာ ပါဝင် ခဲ့ပြီး ဘောလုံး အပြင် သူ ဝါသနာ ပါတဲ့ အားကစား နည်းတွေ အကြောင်း ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

“ဘောလုံးကစားတယ်ဆိုတာ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှု တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော် တီဗီကြည့်မယ်ဆိုရင်တော့ အခြား အားကစားတွေကို ကြည့်ရတာ ပိုကြိုက်ပါတယ်။ အနားယူတဲ့အချိန်မှာTVကနေ ဘောလုံးပွဲကြည့်ဖြစ်တာထက် ဘောက်ဆင်း ဒါမှမဟုတ် UFC တစ်ခုခုကိုပဲ ရွေးချယ်ပြီးကြည့်ဖြစ်တာများပါတယ်။”

“ကျွန်တော် ယူနိုက်တက်မှာ ကစားခဲ့ချိန်တုန်းကဆိုရင် နည်းပြတစ်ဦးနဲ့ လက်ဝှေ့ထိုးခဲ့ဖူးတယ်။ ဘောက်ဆင်း လေ့ကျင့်ရတာက ဘောလုံး အတွက်လည်း အရေးပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုရင် ဘောက်ဆင်း လေ့ကျင့်တာက ကျွန်တော့် ရဲ့ အာရုံကို ပိုထက်သန်အောင် လုပ်ပေးပြီးတော့ ဘယ်လို လှုပ်ရှားရမယ်ဆိုတာ သင်ပေးပါတယ်။”

“မနှစ်နွေတုန်းက ဗြိတိန် လက်ဝှေ့ ချန်ပီယံအန်တိုနီ ဂျိူရှုဝါနဲ့ ကျွန်တော်စကားပြောဖြစ်ခဲ့ပါသေးတယ်။ ကစားသမားတစ်ယောက်အတွက် အသက်အရွယ်ရလာချိန်မှာစတင်ကြုံရတဲ့ ကိုယ့်ခြေထောက်တွေကိုကစိတ်တိုင်းကျလှုပ်ရှားလို့မကောင်းတော့ဘူးဆိုတဲ့အကြောင်းတွေကိုပြောဖြစ်ခဲ့ကြတာပါ။

အသက် ၃၃ လောက် ရောက်လာတော့ ခြေထောက်တွေ က သိပ်မလိုက်နိုင်တော့ပါဘူး ။ အမြဲတမ်း အကောင်းဆုံး ပုံစံ မှာပဲ ကျွန်တော် ရှိနေချင်ပါတယ်။ လူတွေက ကျွန်တော့်ကို လက်ညိုးထိုးပြီး “ရော်နယ်ဒိုက မယုံနိုင်လောက်အောင် တော်တဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူ အခု နှေးနေပြီ ’ လို့ ပြောမှာသေချာတယ်။ ကျွန်တော် အဲဒါမျိုး အပြောမခံချင်ဘူး။”

“အားကစားလောကမှာ ဆိုရင် ခင်ဗျားအနေနဲ့ ရင့်ကျက်မှုကို ရနိုင်တယ်။ တန်းနစ် လောကက ရော်ဂျာ ဖက်ဒရာကို ကြည့်လိုက်ပါ။ သူအခု အသက် ၃၇, ၃၈ လောက် ရောက်နေပြီ။ ဒါပေမယ့် သူအခု တန်းနစ်လောက မှာ ထိပ်ဆုံးမှာ ရှိနေတုန်းပဲ။ ဘောက်ဆင်းလောကမှာလည်း သူ့လို လူအနည်းငယ် ရှိပါတယ်။ ကျွန်တော်လည်း အဲဒီလိုဖြစ်ချင်ပါတယ်” လို့ ရော်နယ်ဒိုကပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးသမား တစ်ယောက် ဖြစ်ပေမယ့် ကျစ်လျစ် သန်မာပြီး ကြွက်သား ပြည့်၀ တဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံကြောင့် နယ်ပယ်အတော်များများမှာထင်ပေါ် ကျော်ကြားသူ အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။

ရော်နယ်ဒိုဟာဘောလုံးလောကမှာ ဘော်လွန်းဒီအော် ဆု ငါးဆု၊ မက်ဒရစ် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား၊ ချန်ပီယံလိဂ် ဖလား ငါးကြိမ်၊ ပရီးမီးယားလိဂ် ဖလား သုံးကြိမ်၊ ယူရို ၂၀၁၆ ဖလား၊ စီးရီးအေ ဖလား နှစ်ကြိမ် နဲ့ အခြား လာလီဂါ ဖလားပေါင်း များစွာ ရရှိထားသူ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးပြဲထက္ လက္ေဝွ႕ပြဲေတြကို သူဘာေၾကာင့္ ပိုႀကိဳက္လဲဆိုတာကို ေျပာျပခဲ့တဲ့ စီေရာ္နယ္ဒို

ေဘာလုံးေလာကရဲ႕ ထိပ္တန္းကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ခံထားရတဲ့ ေရာ္နယ္ဒိုတစ္ေယာက္ သူႀကိဳက္တဲ့အရာေတြကို ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ဂ်ဴဗင္တပ္ အသင္းမွာ ကစားေနၿပီး ကမၻာ့ေဘာလံုးေလာကရဲ႕စံခ်ိန္ေတြကိုတစ္ခုၿပီးတစ္ခုရယူေနတဲ့ ေရာ္နယ္ဒိုက ေဘာလုံးပြဲၾကည့္ရတာထက္ စာရင္ အျခားတိုက္ခိုက္ေရး အားကစားေတြ ျဖစ္ၾကတဲ့ ေဘာက္ဆင္း နဲ႔ UFC ၾကည့္ရတာကို ပိုၿပီးေတာ့ ႏွစ္သက္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ DAZN က ႐ိုက္ကူးတဲ့ ( Parallel World ) ဆိုတဲ့ မွတ္တမ္း ဗီဒီယို မွာ ပါဝင္ ခဲ့ၿပီး ေဘာလုံး အျပင္ သူ ဝါသနာ ပါတဲ့ အားကစား နည္းေတြ အေၾကာင္း ကို ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္။“ေဘာလုံးကစားတယ္ဆိုတာ ကြၽန္ေတာ့္ရဲ႕ စိတ္အားထက္သန္မႈ တစ္ခုပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ တီဗီၾကည့္မယ္ဆိုရင္ေတာ့ အျခား အားကစားေတြကို ၾကည့္ရတာ ပိုႀကိဳက္ပါတယ္။ အနားယူတဲ့အခ်ိန္မွာTVကေန ေဘာလုံးပြဲၾကည့္ျဖစ္တာထက္ ေဘာက္ဆင္း ဒါမွမဟုတ္ UFC တစ္ခုခုကိုပဲ ေ႐ြးခ်ယ္ၿပီးၾကည့္ျဖစ္တာမ်ားပါတယ္။”

“ကြၽန္ေတာ္ ယူႏိုက္တက္မွာ ကစားခဲ့ခ်ိန္တုန္းကဆိုရင္ နည္းျပတစ္ဦးနဲ႔ လက္ေဝွ႔ထိုးခဲ့ဖူးတယ္။ ေဘာက္ဆင္း ေလ့က်င့္ရတာက ေဘာလုံး အတြက္လည္း အေရးပါတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဘာလို႔လဲဆိုရင္ ေဘာက္ဆင္း ေလ့က်င့္တာက ကြၽန္ေတာ့္ ရဲ႕ အာ႐ုံကို ပိုထက္သန္ေအာင္ လုပ္ေပးၿပီးေတာ့ ဘယ္လို လႈပ္ရွားရမယ္ဆိုတာ သင္ေပးပါတယ္။”

“မႏွစ္ေႏြတုန္းက ၿဗိတိန္ လက္ေဝွ႔ ခ်န္ပီယံအန္တိုနီ ဂ်ိဴရႈဝါနဲ႔ ကြၽန္ေတာ္စကားေျပာျဖစ္ခဲ့ပါေသးတယ္။ ကစားသမားတစ္ေယာက္အတြက္ အသက္အရြယ္ရလာခ်ိန္မွာစတင္ၾကံဳရတဲ့ ကိုယ့္ေျခေထာက္ေတြကိုကစိတ္တိုင္းက်လႈပ္ရွားလို႕မေကာင္းေတာ့ဘူးဆိုတဲ့အေၾကာင္းေတြကိုေျပာျဖစ္ခဲ့ၾကတာပါ။ အသက္ ၃၃ ေလာက္ ေရာက္လာေတာ့ ေျခေထာက္ေတြ က သိပ္မလိုက္ႏိုင္ေတာ့ပါဘူး ။ အၿမဲတမ္း အေကာင္းဆုံး ပုံစံ မွာပဲ ကြၽန္ေတာ္ ရွိေနခ်င္ပါတယ္။ လူေတြက ကြၽန္ေတာ့္ကို လက္ညိဳးထိုးၿပီး “ေရာ္နယ္ဒိုက မယုံႏိုင္ေလာက္ေအာင္ ေတာ္တဲ့ ကစားသမားတစ္ဦးပါ။ ဒါေပမယ့္ သူ အခု ေႏွးေနၿပီ ’ လို႔ ေျပာမွာေသခ်ာတယ္။ ကြၽန္ေတာ္ အဲဒါမ်ိဳး အေျပာမခံခ်င္ဘူး။”

“အားကစားေလာကမွာ ဆိုရင္ ခင္ဗ်ားအေနနဲ႔ ရင့္က်က္မႈကို ရႏိုင္တယ္။ တန္းနစ္ ေလာကက ေရာ္ဂ်ာ ဖက္ဒရာကို ၾကည့္လိုက္ပါ။ သူအခု အသက္ ၃၇, ၃၈ ေလာက္ ေရာက္ေနၿပီ။ ဒါေပမယ့္ သူအခု တန္းနစ္ေလာက မွာ ထိပ္ဆုံးမွာ ရွိေနတုန္းပဲ။ ေဘာက္ဆင္းေလာကမွာလည္း သူ႔လို လူအနည္းငယ္ ရွိပါတယ္။ ကြၽန္ေတာ္လည္း အဲဒီလိုျဖစ္ခ်င္ပါတယ္” လို႔ ေရာ္နယ္ဒိုကေျပာဆိုခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေဘာလုံးသမား တစ္ေယာက္ ျဖစ္ေပမယ့္ က်စ္လ်စ္ သန္မာၿပီး ႂကြက္သား ျပည့္၀ တဲ့ ကိုယ္ခႏၶာ တည္ေဆာက္ပုံေၾကာင့္ နယ္ပယ္အ​ေတာ္မ်ားမ်ားမွာထင္ေပၚ ေက်ာ္ၾကားသူ အျဖစ္ ရပ္တည္ ႏိုင္ခဲ့ ပါတယ္ ။

​ေရာ္နယ္ဒိုဟာေဘာလုံးေလာကမွာ ေဘာ္လြန္းဒီေအာ္ ဆု ငါးဆု၊ မက္ဒရစ္ အသင္းရဲ႕ သြင္းဂိုး အမ်ားဆုံး ကစားသမား၊ ခ်န္ပီယံလိဂ္ ဖလား ငါးႀကိမ္၊ ပရီးမီးယားလိဂ္ ဖလား သုံးႀကိမ္၊ ယူ႐ို ၂၀၁၆ ဖလား၊ စီးရီးေအ ဖလား ႏွစ္ႀကိမ္ နဲ႔ အျခား လာလီဂါ ဖလားေပါင္း မ်ားစြာ ရရွိထားသူ ျဖစ္ပါတယ္။