ဘောလုံးရာဇဝင်ထဲက ကစားသမားအလဲအလှယ်မှာ အသာစီးရခဲ့တဲ့အသင်းတွေနဲ့ ကျရှုံးခဲ့သူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတလော မန်ယူကထွက်ချင်နေတဲ့ ပေါ့ဂ်ဘာကို ပြန်ခေါ်ယူဖို့အသံထွက်နေတဲ့ ဂျူဗင်တပ်ဟာ စီရော်နယ်ဒို၊ ဒိုင်ဘာလာတို့နဲ့ အလဲအထပ်လုပ်မယ့်သတင်းတွေ လည်း ထွက်နေပါတယ်။ ဘောလုံးလောကမှာ ကစားသမားအလဲအလှယ်လုပ် တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ဒီလိုမျိုးအလဲအလှယ်ပြုလုပ်တဲ့ ၂ သင်းမှာ တစ်သင်းက သိသိသာသာအကျိုးအမြတ်ရသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဘောလုံးရာဇဝင်ထဲက နာမည်ကြီးအပြောင်းအလဲအထပ်တွေကို ပြောရမယ်ဆို ရင် …။

အီတူး-အီဘရာဟီမိုဗစ် (အင်တာ-ဘာစီလိုနာ)

ဒီလဲလှယ်မှုမှာ ဘာစီလိုနာဟာ အီတူးအပြင် ပေါင် ၃၅ သန်းပါ မိုဗစ်အတွက် အလိုက်ပေးခဲ့ရတာပါ။ ဒါပေမဲ့ ဒီအရောင်းအဝယ်ကိစ္စမှာ အင်တာက အများကြီး အမြတ်ထွက်ခဲ့ပြီး အီတူးဟာ အင်တာနဲ့ ဖလား ၃ လုံး တပြိုင်နက်ရခဲ့ပြီး မိုဗစ်က တော့ ဂွါဒီယိုလာလက်ထက် ဘာစီလိုနာမှာ ရုန်းကန်ခဲ့ရပါတယ်။

ဆန်းချက်ဇ်-အမ်ခီတာရန်(အာဆင်နယ်-မန်ယူ)

ဒဲ့လဲလှယ်ခဲ့တဲ့ ဒီအပြောင်းအရွှေ့မှာ ၂ သင်းစလုံးအတွက် အကျိုးမဖြစ်ထွန်းဘဲ ဒီကစားသမား ၂ ယောက်စလုံးဟာ စီးရီးအေမှာ အငှားတွေနဲ့သွားကစားခဲ့ရပါ သေးတယ်။ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ၂ သင်းဟာ လစာပေးရတာ အတော်သက်သာသွားအောင် သူတို့ကို စီးရီးအေကိုပဲ ရောင်းချခဲ့ပါတယ်။

ဒေးဗစ်လုဇ်-မာတစ်(ဘင်ဖီကာ-ချဲလ်ဆီး)

ဒီအပြောင်းအရွှေ့မှာတော့ ဒေးဗစ်လုဇ်က ချဲလ်ဆီးရဲ့အမာခံကစားသမားဖြစ်လာ ခဲ့ပြီး မာတစ်ကလည်း ဘင်ဖီကာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ချဲလ်ဆီးက ပြန်ခေါ်ခဲ့ပါတယ်။

ဗီယာရီ-ဆီမြွန်နီ(အင်တာ-လာဇီယို)

အဲဒီတုန်းက လာဇီယိုတိုက်စစ်မှူး ဗီယာရီကို အင်တာက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ၂ သင်းစလုံးအတွက် အကျိုးရှိခဲ့ပါ တယ်။ ဒါပေမဲ့ ငွေကြေးအရ ပိုရပြီး ဆုဖလားအောင်မြင်မှုကိုပါ ထည့်တွက်မယ်ဆို ရင်တော့ ဆီမြွန်နီကိုရခဲ့တဲ့ လာဇီယိုက အသာစီးရခဲ့တာပါ။

ဘိုနူချီ-ဟီဂူအင်-ကယ်လ်ဒါရာ(အေစီမီလန်-ဂျူဗင်တပ်)

အေစီမီလန်ဟာ ယူရို ၄၅ သန်းဈေးပေးပြီး ခေါ်ခဲ့တဲ့ ဘိုနူချီကို တစ်ရာသီပဲသုံးပြီး နောက်နှစ်မှာ ဟီဂူအင်၊ ကယ်လ်ဒါရာတို့နဲ့ ပြန်လဲခဲ့ပါတယ်။ ပေါင် ၁၆ သန်း ငွေ အလိုက်ပေးပြီး လဲခဲ့တဲ့အတွက် ဒီလဲလှယ်မှုကို အတော်လေးနားလည်ရခက်ပြီး ဂျူဗင်တပ်က အသာရခဲ့တာပါ။

ရောဘတ်တိုကားလို့စ်-ဇာမိုရာနို(အင်တာ-ရီးရဲလ်)

ရီးရဲလ်မှာ ဂန္ထဝင်ဖြစ်လာမယ့် ကားလို့စ်ဟာ အဲဒီတုန်းက အင်တာနည်းပြ ရွိုင်း ဟော့ဆန်လက်ထက်မှာ နေရာရဖို့ရုန်းကန်နေရပြီး အင်တာက ပေါင်တစ်သန်း အလိုက်ပေးခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း ဇာမိုရာနိုဟာ အင်တာမှာ အဓိက တိုက်စစ်မှူးမဖြစ်ခဲ့ပေမယ့် ကားလို့်စ်ကတော့ ရီးရဲလ်နဲ့ အောင်မြင်ခဲ့ပါတယ်။

ဂျိမ်းစ်ဘီတီ-ကီဗင်ဒေးဗစ်(ဘလက်ဘန်း-ဆောက်သမ်တန်)

ဂျိမ်းစ်ဘီတီဟာ ဆောက်သမ်တန်ရဲ့ဂိုးသွင်းစက်မဖြစ်လာခင် ဘလက်ဘန်းမှာ ကစားခဲ့ပြီး သူ့ကို ကီဗင်ဒေးဗစ်နဲ့လဲဖို့ ဘလက်ဘန်းက ပေါင် ၇သန်းခွဲ အလိုက်ပေးခဲ့ပါသေးတယ်။ ဒေးဗစ်က ဘလက်ဘန်းမှာ အလုပ်မဖြစ်ပေမယ့် ဂျိမ်းစ်ဘီတီကတော့ ဆောက်သမ်တန်အတွက် ၇၆ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ခြေစွမ်း ပြခဲ့တာပါ။

ရေးယက်စ်-ဘက်တစ္စတာ(ရီးရဲလ်-အာဆင်နယ်)

အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့အတွက် အသာစီးမရခဲ့ပါဘူး။ ရေးယက်စ်ဟာ အာဆင်နယ်မှာ ခြေစွမ်းပြအကျိုးပြုခဲ့သလို ရီးရဲလ်မှာလည်း လာလီဂါဖလားရခဲ့ ပေမယ့် ဘက်တစ္စတာကတော့ အာဆင်နယ်မှာ အံမဝင်ခဲ့ဘဲ ၃ ဂိုးသာ သွင်းနိုင်ခဲ့ ပါတယ်။

ပီယာလို-မင်ထရို(အင်တာ- အေစီ)

စကေးကောင်းတဲ့ ပီယာလိုကို အင်တာက သဘောမကျဘဲ မြို့ခံပြိုင်ဘက်က မင်ထရိုနဲ့ လဲလှယ်ခဲ့တာပါ။ ပီယာလိုဟာ ဂျူဗင်တပ်ကိုမရောက်ခင် အေစီမီလန် မှာ ချန်ပီယံလိဂ်ဆုဖလား၊ စီးရီးအေဆုဖလားတွေရခဲ့ပြီး အောင်မြင်မှုရယူခဲ့ပါတယ်။

ကန်နာဗားရိုး-ကာရီနီ(အင်တာ-ဂျူဗင်တပ်)

အင်တာဟာ ဂျူဗင်တပ်အသင်းရဲ့ဂိုးသမား ကာရီနီနဲ့ ကန်နာဗားရိုးကို လဲလှယ်ခဲ့ တာဖြစ်ပြီး ကန်နာဗားရိုးဟာ ဂျူဗင်တပ်မှာ စီးရီးအေဆုဖလား ၂ ကြိမ်ရခဲ့ပြီး အဓိကနောက်ခံလူ ဖြစ်ခဲ့ပါတယ်။

ဆီးဒေါ့ဖ်-ကိုကိုး(အင်တာ-အေစီ)

ကစားသမားလဲလှယ်တဲ့နေရာမှာ အမှားတွေမကြာခဏလုပ်တဲ့ အင်တာဟာ ဒီတစ်ကြိမ်မှာလည်း ကိုကိုးနဲ့ ဆီးဒေါ့ဖ်ကို ဒဲ့လဲခဲ့ပြီး ဆီးဒေါ့ဖ်က အေစီမီလန်မှာ ဆုဖလားတွေနဲ့ အများအပြားအောင်မြင်ခဲ့ပေမယ့် ကိုကိုးကတော့ ဘာမှမဖြစ်လာခဲ့ပါဘူး။

မီလီတို- မော့တာနဲ့ကစားသမား ၅ ဦး (ဂျီနိုအာ-အင်တာ)

ဒီတစ်ကြိမ်မှာတော့ အင်တာက အကျိုးအမြတ်တွေပြန်ရခဲ့ပြီး အင်တာအသင်း ဖလား ၃ လုံးရတဲ့ ၂၀၀၉ ခုနှစ်အစမှာ မီလီတိုနဲ့ မော့တာကို ဂျီနိုအာကစားသမား ၅ ဦးနဲ့ ပြောင်းရွှေ့ကြေးအနည်းငယ်ကိုပေးပြီး လဲလှယ်ခဲ့တာဖြစ်ပါတယ်။ မော့တာက အင်တာကွင်းလယ်အဖျက်မှာ ခြေစွမ်းပြနိုင်ခဲ့သလို မီလီတိုဟာလည်း ဖလား ၃ လုံးက အင်တာအသင်းရဲ့ အဓိကဂိုးသွင်းစက်ဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလံုးရာဇ၀င္ထဲက ကစားသမားအလဲအလွယ္မွာ အသာစီးရခဲ့တဲ့အသင္းေတြနဲ႔ က်ရႈံးခဲ့သူမ်ား

အခုတေလာ မန္ယူကထြက္ခ်င္ေနတဲ့ ေပါ့ဂ္ဘာကို ျပန္ေခၚယူဖို႔အသံထြက္ေနတဲ့ ဂ်ဴဗင္တပ္ဟာ စီေရာ္နယ္ဒို၊ ဒိုင္ဘာလာတုိ႔နဲ႔ အလဲအထပ္လုပ္မယ့္သတင္းေတြ လည္း ထြက္ေနပါတယ္။ ေဘာလံုးေလာကမွာ ကစားသမားအလဲအလွယ္လုပ္ တာ ထူးဆန္းတဲ့ကိစၥမဟုတ္ေပမယ့္ ဒီလိုမ်ဳိးအလဲအလွယ္ျပဳလုပ္တဲ့ ၂ သင္းမွာ တစ္သင္းက သိသိသာသာအက်ဳိးအျမတ္ရသြားတာမ်ဳိးေတြ ရွိခဲ့ဖူးပါတယ္။ ေဘာလံုးရာဇ၀င္ထဲက နာမည္ႀကီးအေျပာင္းအလဲအထပ္ေတြကို ေျပာရမယ္ဆို ရင္ …။

အီတူး-အီဘရာဟီမုိဗစ္ (အင္တာ-ဘာစီလိုနာ) ဒီလဲလွယ္မႈမွာ ဘာစီလိုနာဟာ အီတူးအျပင္ ေပါင္ ၃၅ သန္းပါ မုိဗစ္အတြက္ အလိုက္ေပးခဲ့ရတာပါ။ ဒါေပမဲ့ ဒီအေရာင္းအ၀ယ္ကိစၥမွာ အင္တာက အမ်ားႀကီး အျမတ္ထြက္ခဲ့ၿပီး အီတူးဟာ အင္တာနဲ႔ ဖလား ၃ လံုး တၿပိဳင္နက္ရခဲ့ၿပီး မိုဗစ္က ေတာ့ ဂြါဒီယိုလာလက္ထက္ ဘာစီလိုနာမွာ ရုန္းကန္ခဲ့ရပါတယ္။

ဆန္းခ်က္ဇ္-အမ္ခီတာရန္(အာဆင္နယ္-မန္ယူ) ဒဲ့လဲလွယ္ခဲ့တဲ့ ဒီအေျပာင္းအေရႊ႕မွာ ၂ သင္းစလံုးအတြက္ အက်ဳိးမျဖစ္ထြန္းဘဲ ဒီကစားသမား ၂ ေယာက္စလံုးဟာ စီးရီးေအမွာ အငွားေတြနဲ႔သြားကစားခဲ့ရပါ ေသးတယ္။ ေနာက္ဆံုးမွာေတာ့ ပရီးမီးယားလိဂ္ ၂ သင္းဟာ လစာေပးရတာ အေတာ္သက္သာသြားေအာင္ သူတို႔ကို စီးရီးေအကိုပဲ ေရာင္းခ်ခဲ့ပါတယ္။

ေဒးဗစ္လုဇ္-မာတစ္(ဘင္ဖီကာ-ခ်ဲလ္ဆီး) ဒီအေျပာင္းအေရႊ႕မွာေတာ့ ေဒးဗစ္လုဇ္က ခ်ဲလ္ဆီးရဲ႕အမာခံကစားသမားျဖစ္လာ ခဲ့ၿပီး မာတစ္ကလည္း ဘင္ဖီကာမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးက ျပန္ေခၚခဲ့ပါတယ္။

ဗီယာရီ-ဆီျမြန္နီ(အင္တာ-လာဇီယို) အဲဒီတုန္းက လာဇီယိုတိုက္စစ္မွဴး ဗီယာရီကို အင္တာက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ၂ သင္းစလံုးအတြက္ အက်ဳိးရွိခဲ့ပါ တယ္။ ဒါေပမဲ့ ေငြေၾကးအရ ပိုရၿပီး ဆုဖလားေအာင္ျမင္မႈကိုပါ ထည့္တြက္မယ္ဆို ရင္ေတာ့ ဆီျမြန္နီကိုရခဲ့တဲ့ လာဇီယိုက အသာစီးရခဲ့တာပါ။

ဘိုႏူခ်ီ-ဟီဂူအင္-ကယ္လ္ဒါရာ(ေအစီမီလန္-ဂ်ဴဗင္တပ္) ေအစီမီလန္ဟာ ယူရို ၄၅ သန္းေစ်းေပးၿပီး ေခၚခဲ့တဲ့ ဘုိႏူခ်ီကို တစ္ရာသီပဲသံုးၿပီး ေနာက္ႏွစ္မွာ ဟီဂူအင္၊ ကယ္လ္ဒါရာတို႔နဲ႔ ျပန္လဲခဲ့ပါတယ္။ ေပါင္ ၁၆ သန္း ေငြ အလိုက္ေပးၿပီး လဲခဲ့တဲ့အတြက္ ဒီလဲလွယ္မႈကို အေတာ္ေလးနားလည္ရခက္ၿပီး ဂ်ဴဗင္တပ္က အသာရခဲ့တာပါ။

ေရာဘတ္တုိကားလို႔စ္-ဇာမိုရာႏုိ(အင္တာ-ရီးရဲလ္) ရီးရဲလ္မွာ ဂႏၳ၀င္ျဖစ္လာမယ့္ ကားလို႔စ္ဟာ အဲဒီတုန္းက အင္တာနည္းျပ ရြိဳင္း ေဟာ့ဆန္လက္ထက္မွာ ေနရာရဖို႔ရုန္းကန္ေနရၿပီး အင္တာက ေပါင္တစ္သန္း အလိုက္ေပးခဲ့တာပါ။ အားလံုးသိၾကတဲ့အတိုင္း ဇာမိုရာႏိုဟာ အင္တာမွာ အဓိက တိုက္စစ္မွဴးမျဖစ္ခဲ့ေပမယ့္ ကားလို႔္စ္ကေတာ့ ရီးရဲလ္နဲ႔ ေအာင္ျမင္ခဲ့ပါတယ္။

ဂ်ိမ္းစ္ဘီတီ-ကီဗင္ေဒးဗစ္(ဘလက္ဘန္း- ေဆာက္သမ္တန္) ဂ်ိမ္းစ္ဘီတီဟာ ေဆာက္သမ္တန္ရဲ႕ဂိုးသြင္းစက္မျဖစ္လာခင္ ဘလက္ဘန္းမွာ ကစားခဲ့ၿပီး သူ႕ကို ကီဗင္ေဒးဗစ္နဲ႔လဲဖို႔ ဘလက္ဘန္းက ေပါင္ ၇သန္းခြဲ အလုိက္ေပးခဲ့ပါေသးတယ္။ ေဒးဗစ္က ဘလက္ဘန္းမွာ အလုပ္မျဖစ္ေပမယ့္ ဂ်ိမ္းစ္ဘီတီကေတာ့ ေဆာက္သမ္တန္အတြက္ ၇၆ ဂိုးအထိ သြင္းႏိုင္ခဲ့ၿပီး ေျခစြမ္း ျပခဲ့တာပါ။

ေရးယက္စ္-ဘက္တစၥတာ(ရီးရဲလ္-အာဆင္နယ္) အာဆင္နယ္ဟာ ဒီအေျပာင္းအေရႊ႕အတြက္ အသာစီးမရခဲ့ပါဘူး။ ေရးယက္စ္ဟာ အာဆင္နယ္မွာ ေျခစြမ္းျပအက်ဳိးျပဳခဲ့သလို ရီးရဲလ္မွာလည္း လာလီဂါဖလားရခဲ့ ေပမယ့္ ဘက္တစၥတာကေတာ့ အာဆင္နယ္မွာ အံမ၀င္ခဲ့ဘဲ ၃ ဂိုးသာ သြင္းႏိုင္ခဲ့ ပါတယ္။

ပီယာလို-မင္ထရုိ(အင္တာ- ေအစီ) စေကးေကာင္းတဲ့ ပီယာလိုကို အင္တာက သေဘာမက်ဘဲ ၿမိဳ႕ခံၿပိဳင္ဘက္က မင္ထရိုနဲ႔ လဲလွယ္ခဲ့တာပါ။ ပီယာလိုဟာ ဂ်ဴဗင္တပ္ကိုမေရာက္ခင္ ေအစီမီလန္ မွာ ခ်န္ပီယံလိဂ္ဆုဖလား၊ စီးရီးေအဆုဖလားေတြရခဲ့ၿပီး ေအာင္ျမင္မႈရယူခဲ့ပါတယ္။

ကန္နာဗားရိုး-ကာရီနီ(အင္တာ-ဂ်ဴဗင္တပ္) အင္တာဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ဂိုးသမား ကာရီနီနဲ႔ ကန္နာဗားရိုးကို လဲလွယ္ခဲ့ တာျဖစ္ၿပီး ကန္နာဗားရိုးဟာ ဂ်ဴဗင္တပ္မွာ စီးရီးေအဆုဖလား ၂ ႀကိမ္ရခဲ့ၿပီး အဓိကေနာက္ခံလူ ျဖစ္ခဲ့ပါတယ္။

ဆီးေဒါ့ဖ္-ကုိကိုး(အင္တာ- ေအစီ) ကစားသမားလဲလွယ္တဲ့ေနရာမွာ အမွားေတြမၾကာခဏလုပ္တဲ့ အင္တာဟာ ဒီတစ္ႀကိမ္မွာလည္း ကိုကိုးနဲ႔ ဆီးေဒါ့ဖ္ကုိ ဒဲ့လဲခဲ့ၿပီး ဆီးေဒါ့ဖ္က ေအစီမီလန္မွာ ဆုဖလားေတြနဲ႔ အမ်ားအျပားေအာင္ျမင္ခဲ့ေပမယ့္ ကိုကိုးကေတာ့ ဘာမွမျဖစ္လာခ့ဲပါဘူး။

မီလီတို- ေမာ့တာနဲ႔ကစားသမား ၅ ဦး (ဂ်ီႏိုအာ-အင္တာ) ဒီတစ္ႀကိမ္မွာေတာ့ အင္တာက အက်ဳိးအျမတ္ေတြျပန္ရခဲ့ၿပီး အင္တာအသင္း ဖလား ၃ လံုးရတဲ့ ၂၀၀၉ ခုႏွစ္အစမွာ မီလီတိုနဲ႔ ေမာ့တာကို ဂ်ီႏိုအာကစားသမား ၅ ဦးနဲ႔ ေျပာင္းေရႊ႕ေၾကးအနည္းငယ္ကိုေပးၿပီး လဲလွယ္ခဲ့တာျဖစ္ပါတယ္။ ေမာ့တာက အင္တာကြင္းလယ္အဖ်က္မွာ ေျခစြမ္းျပႏိုင္ခဲ့သလို မီလီတိုဟာလည္း ဖလား ၃ လံုးက အင္တာအသင္းရဲ႕ အဓိကဂိုးသြင္းစက္ျဖစ္ခဲ့ပါတယ္။