ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၇ခုနှစ်တုန်းကပို့စ်မောက်နှင့်ကစားတဲ့ပွဲတစ်ပွဲမှာ
မန်ချက်စတာယူနိုက်တက်အတွက်ကစားစဉ်ပြိုင်ဘက်ကစားသမားကို
ခေါင်းဖြင့်ဆောင့်ခဲ့မှုကြောင့်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုရဲ့ခေါင်းတိုက် တိုက်ခိုက်မှုခံခဲ့ရတဲ့ကစားသမားကသူတိုက်ခိုက်ခံရမှုက
သူ့ကစားသမားဘဝရဲ့အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ကြောင်းဆိုလာပါတယ်။
ယခုအခါအသက်၄၂နှစ်ရှိပြီဖြစ်တဲ့စကော့တလန်လက်ရွေးစင်ဟောင်းရစ်ချက်ဟုချ်ဟာ
၂၀၀၇ခုနှစ်၊ဩဂုတ်လတုန်းကပို့စ်မောက်နှင့်ယူနိုက်တက်တို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာ
အသက်၃၆နှစ်ရှိပေါ်တူဂီဂန္ထဝင်ရဲ့ခေါင်းတိုက်ခြင်းခံခဲ့ရပါတယ်။
ယင်းပွဲမှာအလယ်တန်းကစားသမားဟာအရန်အဖြစ်ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး
ရော်နယ်ဒိုရဲ့ခေါင်းဖြင့်ဆောင့်ခြင်းခံခဲ့ရပါတယ်။
ပို့စ်မောက်အတွက်၂၀၀၂ခုနှစ်မှ၂၀၁၁ခုနှစ်အထိဆယ်စုနှစ်တစ်ခုနီးပါးကစားပေးခဲ့တဲ့
ဟုချ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုဒေါသမထိန်းနိုင်အောင်ဆွပေးခဲ့ပြီး
သူ့ကိုခေါင်းတိုက်ကာအနီကတ်ထုတ်ရအောင်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
၎င်းက “အရေးပါတဲ့အခိုက်အတန့်တစ်ခုပါ။ဒါပေမဲ့ကျွန်တော့်ကစားသမားဘဝရဲ့
အမှတ်တရဖြစ်ရပ်တွေထဲကတစ်ခုပါ။ခရစ္စတီယာနိုရော်နယ်ဒိုအတွက်တော့
မမေ့နိုင်စရာအဖြစ်အပျက်ပါ။ကျွန်တော်ကဂိုးတွေအများကြီးသွင်းတဲ့သူမဟုတ်ပါဘူး။
ဒီတော့အခြားဖြစ်ရပ်တွေကဘဲကျွန်တော့်အတွက်အမှတ်တရဖြစ်ရပ်တွေဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာကျွန်တော်ကစားခဲ့တယ်ဆိုတာမှတ်မိဖို့မလိုတဲ့သူတွေနဲ့တွေ့ရင်
တစ်ပွဲမှာရော်နယ်ဒိုကငါ့ကိုခေါင်းနဲ့ဆောင့်ခဲ့တယ်လို့ပြောပြစရာရှိပါတယ်။
နောက်ပိုင်းမှာဆာအဲလက်စ်ဖာဂူဆန်ကရော်နယ်ဒိုအနေနဲ့ စိတ်ဓာတ်သေးသိမ်တဲ့
ကစားသမားတွေနဲ့မပတ်သက်ဖို့တောင်ပြောခဲ့ပါတယ်။သူပြောတာမှန်တယ်။
ကျွန်တော်ကလည်းသေးသိမ်တဲ့သူတစ်ဦးပါ။ဘောလုံးလောကက၉၉ရာခိုင်နှုန်းက
ခရစ္စတီယာနိုရော်နယ်ဒိုကိုမုန်းကြတယ်။ဒီတော့ဒီအတွက်ပြဿနာမရှိပါဘူး”လို့
ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး၎င်းက “ကျွန်တော်အရန်ခုံကနေ
လူစားဝင်ရောက်ကစားတယ်ဆိုရင်အလွတ်တည်ကန်ဘောတွေမှာ
ရော်နယ်ဒိုကိုထိန်းချုပ်ဖို့ပါ။ဒီတော့ထောင့်ကန်ဘောတစ်ခုကျလာပြီဆိုရင်
သူ့ကိုသွားပြီးထိန်းပြီးမတော်တဆလိုမျိုးလဲချလိုက်ဖို့ပါပဲ။သူကလည်း
သူ့ကိုကျွန်တော်ထိန်းနေတာသိပါတယ်။နောက်ထပ်တကြိမ်ထောင့်ကန်ဘော
ရောက်လာတယ်။ဒီတစ်ကြိမ်မှာတော့သူကကျွန်တော့်ကိုကြည့်နေတယ်။
ရော်နယ်ဒိုကကျွန်တော့်ကိုတွန်းတယ်။ကျွန်တော်ကိုသူ့လက်ကိုတွန်းဖယ်လိုက်တယ်။
အတိအကျဖြစ်သွားတယ်။သူ့ရှေ့သို့ကျွံပြီးကျွန်တော့်ရင်ဘတ်ဝင်တိုက်မိတယ်။
ကျွန်တော်ကဖယ်စမ်းဆိုပြီးသူ့မျက်နှာနားမှာအော်ပြောလိုက်တယ်။
ဒါမျိုးကဘောလုံးသမားတိုင်းလုပ်လေ့ရှိတယ်။ကျွန်တော်ကသူနဲ့ထိပ်တိုက်တွေ့ပြီး
ရန်မဖြစ်ချင်ဘူး။ဒီတော့သူကကျွန်တော့်အနားပိုကပ်လာတယ်။
ကျွန်တော်ကလည်းခေါင်းကိုရှေ့သို့နည်းနည်းတိုးလိုက်တယ်။အဲဒီမှာသူ့ခေါင်းက
ကျွန်တော့်ကိုခေါင်းကိုတိုက်မိသွားတယ်။တကယ်တော့သူကလည်း
ကျွန်တော့်ကိုခေါင်းနဲ့တိုက်ဖို့မရည်ရွယ်ပါဘူး။ဒါပေမယ့်သူကဒေါသထွက်နေတော့
ဖြစ်သွားတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ရစ်ချက်ဟုချ်ကခရစ္စတီယာနိုရော်နယ်ဒိုမှာအနီကတ်ပြထုတ်ပယ်ခြင်းခံရရန်
မထိုက်တန်ကြောင်းလည်းဖွင့်ဟသွားပါတယ်။
zawgyi
ဘောလုံးလောကက၉၉ရာခိုင်နှုန်းက ရော်နယ်ဒိုကို မုန်းကြတယ်လို့ဆိုတဲ့ ရစ်ချက်ဟုခ်ျ
ယခုအခါအသက်၄၂နှစ်ရှိပြီဖြစ်တဲ့စကော့တလန်လက်ရွေးစင်ဟောင်းရစ်ချက်ဟုခ်ျဟာ
ဟုခ်ျဟာခရစ္စတီယာနိုရော်နယ်ဒိုကိုဒေါသမထိန်းနိုင်အောင်ဆွပေးခဲ့ပြီး
ဒါ့အပြင်ရစ်ချက်ဟုခ်ျကခရစ္စတီယာနိုရော်နယ်ဒိုမှာအနီကတ်ပြထုတ်ပယ်ခြင်းခံရရန်