ဘောလုံးလောကနေ အနားယူဖို့စဉ်းစားခဲ့ဖူးသေးကြောင်း နေမာ ဝန်ခံလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာက သူဟာ ဘောလုံးလောကကနေ ထွက်ခွာဖို့ စဉ်းစားခဲ့သေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ နေမာက သူဟာ ဘောလုံးလောကကနေ ထွက်ဖို့စဉ်းစားခဲ့သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဖိအားတွေကြောင့် ဘောလုံးလောကကနေ ထွက်ခွာဖို့ စဉ်းစားခဲ့ပါသေးတယ်။ အဲ့နောက်အိမ်ကို ခေါင်းတွေပူထူပြီး ပြန်သွားခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်သေချာလေးပြန်စဉ်းစားပြီး ဝေဖန်မှုတွေ နဲ့ ဖိအားတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားမယ်လို့ ဆုံးဖြတ်ပြီး ပြန်လာခဲ့ပါတယ်”လို့ နေမာက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်နောက်ပိုင်းမှာတော့ ဖိအားတွေကို ကိုင်တွယ်လာနိုင်ခဲ့ပါတယ်။ အခုဆို ကျွန်တော်အဆင်ပြေနေပါပြီ။ ပီအက်စ်ဂျီ နဲ့ ဘရာဇီးအသင်းတို့ကို ကိုယ်စားပြုကစားခွင့်ရတာက တကယ်ကောင်းပါတယ်။ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့်ပေးဆပ်ကစားသွားမှာပါ”လို့ နေမာက ပြောကြားခဲ့ပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ဘာစီလိုနာကိုပြန်ဖို့ သတင်းတွေထွက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ပီအက်စ်ဂျီမှာပဲ ဆက်နေခဲ့ပါတယ်။

နေမာဟာ ၂၀၁၉ ဇူလိုင်လတုန်းက ပီအက်စ်ဂျီကနေ ပြောင်းဖို့ တောင်းဆိုခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီက နေမာ နဲ့ မက်ပီကို စာချုပ်သစ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းဆိုခဲ့ပါတယ်။

နေမာကလည်း ဒီဇင်ဘာလတုန်းက အစ္စတန်ဘူလ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီမှာပဲ ဆက်နေမယ်လို့ ဆိုခဲ့ပါတယ်။ “ကျွန်တော်ပြင်သစ်မှာ ပျော်နေပါတယ်။ ဒီမှာ အသင်းဖော်တွေနဲ့ ကစားရတာကို ပျော်နေပါတယ်။ ကျွန်တော်တို့ စကားပြောဖို့တော့ လိုအပ်ပါတယ်။

အနာဂတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ နေမာက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလံုးေလာကေန အနားယူဖို ႔စဥ္းစားခဲ့ဖူးေသးေၾကာင္း ေနမာ ၀န္ခံလာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴး ေနမာက သူဟာ ေဘာလံုးေလာကကေန ထြက္ခြာဖို႔ စဥ္းစားခဲ့ေသးေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ သတင္းဌာနတစ္ခုနဲ႔ အင္တာဗ်ဴးမွာ ေနမာက သူဟာ ေဘာလံုးေလာကကေန ထြက္ဖို႔စဥ္းစားခဲ့ေသးေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ္ ဖိအားေတြေၾကာင့္ ေဘာလံုးေလာကကေန ထြက္ခြာဖို႔ စဥ္းစားခဲ့ပါေသးတယ္။ အဲ့ေနာက္အိမ္ကို ေခါင္းေတြပူထူျပီး ျပန္သြားခဲ့ပါတယ္။ အဲ့ေနာက္ ကြ်န္ေတာ္ေသခ်ာေလးျပန္စဥ္းစားျပီး ေ၀ဖန္မႈေတြ နဲ႔ ဖိအားေတြကို ေက်ာ္ျဖတ္ျပီး အေကာင္းဆံုးကစားမယ္လို႔ ဆံုးျဖတ္ျပီး ျပန္လာခဲ့ပါတယ္”လို႔ ေနမာက ေျပာၾကားခဲ့ပါတယ္။

“ကြ်န္ေတာ္ေနာက္ပိုင္းမွာေတာ့ ဖိအားေတြကို ကိုင္တြယ္လာႏုိင္ခဲ့ပါတယ္။ အခုဆို ကြ်န္ေတာ္အဆင္ေျပေနပါျပီ။ ပီအက္စ္ဂ်ီ နဲ႔ ဘရာဇီးအသင္းတို႔ကို ကိုယ္စားျပဳကစားခြင့္ရတာက တကယ္ေကာင္းပါတယ္။ အသင္းအတြက္ ၁၀၀ ရာခိုင္ႏႈန္းအျပည့္ေပးဆပ္ကစားသြားမွာပါ”လုိ႔ ေနမာက ေျပာၾကားခဲ့ပါတယ္။ ေနမာဟာ ၂၀၁၇ ခုႏွစ္က ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္သားဟာ ဘာစီလိုနာကုိျပန္ဖို႔ သတင္းေတြထြက္ခဲ့ေပမယ့္ အဆံုးသတ္မွာေတာ့ ပီအက္စ္ဂ်ီမွာပဲ ဆက္ေနခဲ့ပါတယ္။

ေနမာဟာ ၂၀၁၉ ဇူလိုင္လတုန္းက ပီအက္စ္ဂ်ီကေန ေျပာင္းဖို႔ ေတာင္းဆိုခဲ့ေသးေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပီအက္စ္ဂ်ီမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့လတုန္းက ပီအက္စ္ဂ်ီဥကၠဌ ကလိုင္ဖီက ေနမာ နဲ႔ မက္ပီကို စာခ်ုပ္သစ္ခ်ဳပ္ဆိုုႏိုင္လိမ့္မယ္လုိ႔ ယံုၾကည္ေၾကာင္းဆိုခဲ့ပါတယ္။ ေနမာကလည္း ဒီဇင္ဘာလတုန္းက အစၥတန္ဘူလ္အသင္းနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့ျပီးေနာက္ ပီအက္စ္ဂ်ီမွာပဲ ဆက္ေနမယ္လို႔ ဆိုခဲ့ပါတယ္။

“ကြ်န္ေတာ္ျပင္သစ္မွာ ေပ်ာ္ေနပါတယ္။ ဒီမွာ အသင္းေဖာ္ေတြနဲ႔ ကစားရတာကို ေပ်ာ္ေနပါတယ္။ ကြ်န္ေတာ္တို႔ စကားေျပာဖို႔ေတာ့ လိုအပ္ပါတယ္။ အနာဂတ္မွာ ဘာဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ”လို႔ ေနမာက ေျပာၾကားခဲ့ပါတယ္။