ဘောလုံးသမိုင်းရဲ့အကြီးကျယ်ဆုံးထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာတဲ့ စီရော်နယ်ဒို

နာပိုလီနဲ့အီတလီစူပါဖလားပွဲက အနိုင်ဂိုးတစ်ဂိုးကြောင့် အခုဆိုရင် စီရော်နယ်ဒိုဟာ official အရ ဘောလုံးသမိုင်းရဲ့ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါပြီ။

အဲဒီ Ballon d’Or ၅ ထပ်ကွမ်းကစားသမားဟာ ပြီးခဲ့တဲ့နှစ်ပတ်ကျော်ကပဲ ပီလီရဲ့၇၅၇ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အဲဒီလိုပဲ ပြီးခဲ့တဲ့အပတ်ဆက်ဆူအိုလိုနဲ့ပွဲတုန်းကလည်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ဂျိုးဆက်ဘီကန်ရဲ့စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

အခုတော့ စီရော်နယ်ဒိုဟာ စုစုပေါင်း ၇၆၀ ဂိုးနဲ့ ဂျိုးဆက်ဘီကန်ရဲ့၇၅၉ ဂိုးစံချိန်ကိုကျော်ဖြတ်ပြီး ဘောလုံးသမိုင်းရဲ့အကြီးကျယ်ဆုံးထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။

၃၅ နှစ်အရွယ် အဲဒီပေါ်တူဂီစူပါစတားဟာ ကလပ်နဲ့နိုင်ငံအတွက် ပွဲအရေအတွက် ၁၀၄၀ ပြည့်သွားခဲ့ပြီး အသင်းဟောင်းရီးရဲလ်အတွက် ၄၅၀ ဂိုးသွင်းပေးခဲ့တာပါ။

ဒါ့အပြင် အသင်းဟောင်းတစ်သင်းဖြစ်တဲ့ မန်ယူအတွက် ၁၁၈ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၀၂ ဂိုး၊ ဂျူဗင်တပ်အတွက် ၈၅ ဂိုးနဲ့ ပထအသင်းကစားသမားဘဝစတင်ချိန် စပို့တင်းအတွက် ၅ ဂိုးသွင်းပေးခဲ့ပါတယ်။

သူ့ရဲ့ဂိုးသွင်းအများဆုံးနှစ်က ၂၀၁၃ မှာဖြစ်ပြီး ၆၉ ဂိုးသွင်းယူနိုင်ခဲ့ကာ သူ့ရဲ့ဂိုးသွင်းအများဆုံးရာသီကတော့ ၂၀၁၁-၁၂ ရာသီဖြစ်ကာ အဲဒီတုန်းကလည်း စုစုပေါင်း ၆၉ ဂိုးရှိခဲ့တာပါ။

စီရော်နယ်ဒို ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ပြိုင်ဘက်ကလပ်ကတော့ ဆီဗီလာဖြစ်ပြီး အိမ်ကွင်းပဲတွေမှာ ဂိုး ၄၁၀၊ အဝေးကွင်းပွဲတွေမှာ ၃၀၄ ဂိုးနဲ့ ကြားကွင်းမှာ ၄၆ ဂိုးသွင်းခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ဟက်ထရစ် ၄၆ ကြိမ်ရှိခဲ့ပြီး ၂ ဂိုးသွင်းနိုင်တဲ့ပွဲအရေအတွက်က ၁၃၆ ပွဲရှိခဲ့ကာ ၄ ဂိုးသွင်းနိုင်ခဲ့တာက ၈ ကြိမ်နဲ့ တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်တာတောင် ၂ ကြိမ်ရှိခဲ့ပါတယ်။

Zawgyi

ေဘာလုံးသမိုင္းရဲ႕အႀကီးက်ယ္ဆုံးထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာတဲ့ စီေရာ္နယ္ဒို

နာပိုလီနဲ႔အီတလီစူပါဖလားပြဲက အႏိုင္ဂိုးတစ္ဂိုးေၾကာင့္ အခုဆုိရင္ စီေရာ္နယ္ဒိုဟာ official အရ ေဘာလုံးသမုိင္းရဲ႕ဂိုးအမ်ားဆုံးသြင္းသူ ျဖစ္လာခဲ့ပါၿပီ။

အဲဒီ Ballon d’Or ၅ ထပ္ကြမ္းကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္ပတ္ေက်ာ္ကပဲ ပီလီရဲ႕၇၅၇ ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

အဲဒီလုိပဲ ၿပီးခဲ့တဲ့အပတ္ဆက္ဆူအုိလုိနဲ႔ပြဲတုန္းကလည္း သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုုံးသြင္းသူျဖစ္တဲ့ ဂ်ိဳးဆက္ဘီကန္ရဲ႕စံခ်ိန္ကုိ လုိက္မီႏိုင္ခဲ့ပါတယ္။

အခုေတာ့ စီေရာ္နယ္ဒိုဟာ စုစုေပါင္း ၇၆၀ ဂိုးနဲ႔ ဂ်ိဳးဆက္ဘီကန္ရဲ႕၇၅၉ ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ၿပီး ေဘာလုံးသမိုင္းရဲ႕အႀကီးက်ယ္ဆုံးထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့ပါတယ္။

၃၅ ႏွစ္အရြယ္ အဲဒီေပၚတူဂီစူပါစတားဟာ ကလပ္နဲ႔ႏိုင္ငံအတြက္ ပြဲအေရအတြက္ ၁၀၄၀ ျပည့္သြားခဲ့ၿပီး အသင္းေဟာင္းရီးရဲလ္အတြက္ ၄၅၀ ဂိုးသြင္းေပးခဲ့တာပါ။

ဒါ့အျပင္ အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ မန္ယူအတြက္ ၁၁၈ ဂိုး၊ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ၁၀၂ ဂိုး၊ ဂ်ဴဗင္တပ္အတြက္ ၈၅ ဂိုးနဲ႔ ပထအသင္းကစားသမားဘ၀စတင္ခ်ိန္ စပို႔တင္းအတြက္ ၅ ဂိုးသြင္းေပးခဲ့ပါတယ္။

သူ႔ရဲ႕ဂိုးသြင္းအမ်ားဆုံးႏွစ္က ၂၀၁၃ မွာျဖစ္ၿပီး ၆၉ ဂိုးသြင္းယူႏိုင္ခဲ့ကာ သူ႔ရဲ႕ဂိုးသြင္းအမ်ားဆုံးရာသီကေတာ့ ၂၀၁၁-၁၂ ရာသီျဖစ္ကာ အဲဒီတုန္းကလည္း စုစုေပါင္း ၆၉ ဂိုးရွိခဲ့တာပါ။

စီေရာ္နယ္ဒို ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့တဲ့ၿပိဳင္ဘက္ကလပ္ကေတာ့ ဆီဗီလာျဖစ္ၿပီး အိမ္ကြင္းပဲေတြမွာ ဂိုး ၄၁၀၊ အေ၀းကြင္းပြဲေတြမွာ ၃၀၄ ဂိုးနဲ႔ ၾကားကြင္းမွာ ၄၆ ဂိုးသြင္းခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ဟက္ထရစ္ ၄၆ ႀကိ္မ္ရွိခဲ့ၿပီး ၂ ဂိုးသြင္းႏိုင္တဲ့ပြဲအေရအတြက္က ၁၃၆ ပြဲရွိခဲ့ကာ ၄ ဂိုးသြင္းႏိုင္ခဲ့တာက ၈ ႀကိမ္နဲ႔ တစ္ပဲြတည္း ၅ ဂိုးသြင္းႏိုင္တာေတာင္ ၂ ႀကိမ္ရွိခဲ့ပါတယ္။