ဆမ်အလာဒွိုက်နှင့်ဂျေဂျေအိုကိုချာတို့ဟာဘော်လ်တန်ဂန္ထဝင်များပါဝင်ကစားတဲ့
ရန်ပုံငွေပွဲတစ်ပွဲတွင်ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ နိုင်ဂျီးရီးယားဂန္ထဝင်ကစားသမား
ဂျေဂျေအိုကိုချာဟာ ဂိုးသွင်းယူပြီးနောက်နည်းပြဟောင်းဆမ်အလာဒွိုက်ထံသို့
ပြေးလွှားကာအတူကခဲ့ကြပါတယ်။
၎င်းတို့နှစ်ဦးဟာ၂၀၀၃ခုနှစ်တုန်းကဘော်လ်တန်တွင်ရှိစဉ်တုန်းက
မစ်ဒယ်ဘရော့ကိုအနိုင်ရရှိပြီးနောက်ယင်းသို့ကွင်းထဲတွင်အတူကခဲ့ကြဖူးပါတယ်။
၎င်းတို့ဟာဘော်လ်တန်တက္ကသိုလ်ကွင်းမှာကစားတဲ့ပွဲစဉ်တွင်၂၀၀၃ခုနှစ်တုန်းက
အကမျိုးကိုပြန်လည်ဖန်တီးကခဲ့ကြတာပါ။အဆိုပါပွဲတွင်ဘော်လ်တန်
ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ကီဗင်ဒါးဗီးစ်၊ဂျွန်မက်ဂင်လေး၊
အိုင်ဗန်ကမ်ပို၊ဂျက်စ်ကီလိုင်နန်၊ရီကာဒိုဂါနာတို့ပါဝင်ကစားခဲ့ကြပြီး
ပရိသတ်၁၃၀၀၀လာရောက်ကြည့်ခဲ့ကြပါတယ်။
အိုကိုချာက “ပြန်လာခွင့်ရတာအရမ်းဝမ်းသာတယ်။ဒီနေရာမှာ
အမှတ်ရစရာတွေအများကြီးရှိပါတယ်။ကျွန်တော်နှလုံးသားထဲမှာ
အမြဲရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။
အဆိုပါပွဲမှာဦးနှောက်အာရုံကြောဝေဒနာခံစားနေရတဲ့ဘော်လ်တန်နောက်တန်းအစွန်လူ
ဂီသင်ဂျုံးစ်ရဲ့မိခင်အတွက်ရန်ပုံငွေရှာဖွေပေးတဲ့ပွဲဖြစ်ပါတယ်။
အဆိုပါပွဲတွင်ဘော်လ်တန်ဂန္ထဝင်အသင်းကဘော်လ်တန်အသင်းကို၇-၄ဂိးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
zawgyi
ဘော်လ်တန်ဂန္ထဝင်ပွဲတွင် ဆမ်အလာဒွိုက်နှင့်ဂျေဂျေအိုကိုချာတို့ ၂၀၀၃ခုနှစ်က အကကိုပြန်ဖန်တီးခဲ့ကြ