“ဘော်လွန်းဒီအော်ဆုက လီဝန်ဒေါစကီးနဲ့လည်း ထိုက်တန်တယ်” မက်ဆီ “မက်ဆီနဲ့ ပူတဲလက်စ်တို့ကို ဂုဏ်ပြုချင်ပါတယ်။ ” လီဝန်ဒေါစကီး

မနှစ် က ကိုဗစ် ကပ်ဘေးဆိုးကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲကြီးဟာ

ဒီနှစ်မှာတော့ ပရိသတ်တွေ ၊ တက်ရောက်သူတွေ နဲ့ စည်စည်ကားကား ရှိခဲ့ပါတယ် ။

အသက်၃၄နှစ်အရွယ်ရှိအာဂျင်တီးနားဂန္ထဝင်ဟာ ရောဘတ်လီဝန်ဒေါ့စကီးကိုမဲ၃၃မဲ

အသာနဲ့ Ballon d’Or ဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာမဲစုစုပေါင်း၆၁၃မဲ

ရရှိခဲ့ပြီ းလီဝန်ဒေါ့စကီးကမဲ ၅၈၀ ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်စတားဟာ Ballon d’Or

ဆုနှင့်လွဲခဲ့ရပေမယ့် Striker of the Year ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပေမယ့် လီဝန်ဒေါ့စကီးကတော့

မက်ဆီနဲ့ အမျိုးသမီး အကောင်းဆုံးကစားသမားဆုကို ရရှိသွားတဲ့ ပူတဲလက်စ်တို့အတွက်

ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုပေးပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လီဝန်ဒေါ့စကီးက “ကျွန်တော် အရင်ဆုံးပြောချင်တာက လီယွန်နယ် မက်ဆီနဲ့ အဲလက်စီယာ

ပူတဲလက်စ်တို့ကို ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ ဒီဆုအတွက် ဆန်ခါတင်စာရင်းထဲ ဝင်ခဲ့ကြတဲ့

ကစားသမားတွေ အားလုံးကိုလည်း ချီးကျူးချင်ပါတယ်။ ကျွန်တော်က ဒီနှစ်ရဲ့ အကောင်းဆုံး

တိုက်စစ်မှူးဆုကို ရရှိပြီးပါပြီ။
ကျွန်တော် ဒီနှစ်မှာ ရခဲ့တဲ့ အောင်မြင်မှုတွေက အရေးပါတယ်လို့ ယုံပြီး မဲပေးခဲ့ကြတဲ့

သတင်းထောက်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးအသင်းနဲ့ ပရိသတ်တွေသာ

မရှိရင် ဒီဆုကို ရမယ် မထင်ပါဘူး။ ကျွန်တော့်ကို အောင်မြင်တဲ့ လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့

ဘိုင်ယန်မြူးနစ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်က အသင်းဖော်

တွေကိုလည်း ကျေးဇူးတင်လိုပြီး ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ လူတွေတစ်ဦးချင်းဆီကိုလည်း

ကျေးဇူးတင်ပါတယ်။

နောက်ထပ် ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ကျွန်တော် မိသားစုဝင်

တွေပါပဲ။ အမေ၊ အန်နာ ၊ အမ မီလီနာနဲ့ ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့် အောင်မြင်မှုတွေ

အတွက် အခြေခံပါပဲ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ တစ်ဆင့် ရေးသားဖော်ပြသွားခဲ့တာပါ။

မက်ဆီ ကလည်း “ကျွန်တော် ရောဘတ်လီဝန်ဒေါ့စကီးကို ဂုဏ်ပြုလိုပါတယ်။ သူနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့

အတွက်အရမ်းဂုဏ်ယူပါတယ်။ မနှစ်တုန်းကသာ ဆုပေးပွဲရှိခဲ့မယ်ဆိုရင် ဒီဆုကိုရသင့်တဲ့ ထိုက်တန်တဲ့

ပိုင်ရှင်ဟာ ရောဘတ်လီဝန်ဒေါ့စကီး ဆိုတာ ကျွန်တော်တို့အားလုံးလည်းလက်ခံပါတယ်။

France Football အနေနဲ့လည်း ၂၀၂၀ ခုနှစ်အတွက် လီဝန်ဒေါစကီးကို ဆုပေးသင့်တယ်လို့ထင်ပါတယ်။

သူကဒီဆုကိုရရှိဖို့ထိုက်တန်ပါတယ်။”လို့ မက်ဆီက စင်မြင့်ထက် ဆုလက်ခံရယူပြီးနောက် ပြောသွားပါတယ်။

Zawgyi

“ေဘာ္လြန္းဒီေအာ္ဆုက လီဝန္ေဒါစကီးနဲ႔လည္း ထိုက္တန္တယ္” မက္ဆီ
“မက္ဆီနဲ႔ ပူတဲလက္စ္တို႔ကို ဂုဏ္ျပဳခ်င္ပါတယ္။ ” လီဝန္ေဒါစကီး
မႏွစ္ က ကိုဗစ္ ကပ္ေဘးဆိုးေၾကာင့္ မက်င္းပျဖစ္ခဲ့တဲ့ ေ႐ႊေဘာလုံးဆုေပးပြဲႀကီးဟာ

ဒီႏွစ္မွာေတာ့ ပရိသတ္ေတြ ၊ တက္ေရာက္သူေတြ နဲ႔ စည္စည္ကားကား ရွိခဲ့ပါတယ္ ။

အသက္၃၄ႏွစ္အ႐ြယ္ရွိအာဂ်င္တီးနားဂႏၴဝင္ဟာ ေရာဘတ္လီဝန္ေဒါ့စကီးကိုမဲ၃၃မဲ

အသာနဲ႔ Ballon d’Or ဆုကိုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာမဲစုစုေပါင္း၆၁၃မဲ

ရရွိခဲ့ၿပီ းလီဝန္ေဒါ့စကီးကမဲ ၅၈၀ ရရွိခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္စတားဟာ Ballon d’Or

ဆုႏွင့္လြဲခဲ့ရေပမယ့္ Striker of the Year ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေ႐ႊေဘာလုံးဆုေပးပြဲမွာ မက္ဆီရဲ႕ အႏိုင္ယူျခင္းကို ခံခဲ့ရေပမယ့္ လီဝန္ေဒါ့စကီးကေတာ့

မက္ဆီနဲ႔ အမ်ိဳးသမီး အေကာင္းဆုံးကစားသမားဆုကို ရရွိသြားတဲ့ ပူတဲလက္စ္တို႔အတြက္

ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ဆုေပးပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။

လီဝန္ေဒါ့စကီးက “ကြၽန္ေတာ္ အရင္ဆုံးေျပာခ်င္တာက လီယြန္နယ္ မက္ဆီနဲ႔ အဲလက္စီယာ

ပူတဲလက္စ္တို႔ကို ဂုဏ္ျပဳခ်င္ပါတယ္။ ၿပီးေတာ့ ဒီဆုအတြက္ ဆန္ခါတင္စာရင္းထဲ ဝင္ခဲ့ၾကတဲ့

ကစားသမားေတြ အားလုံးကိုလည္း ခ်ီးက်ဴးခ်င္ပါတယ္။ ကြၽန္ေတာ္က ဒီႏွစ္ရဲ႕ အေကာင္းဆုံး

တိုက္စစ္မႉးဆုကို ရရွိၿပီးပါၿပီ။
ကြၽန္ေတာ္ ဒီႏွစ္မွာ ရခဲ့တဲ့ ေအာင္ျမင္မႈေတြက အေရးပါတယ္လို႔ ယုံၿပီး မဲေပးခဲ့ၾကတဲ့

သတင္းေထာက္ေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ အေကာင္းဆုံးအသင္းနဲ႔ ပရိသတ္ေတြသာ

မရွိရင္ ဒီဆုကို ရမယ္ မထင္ပါဘူး။ ကြၽန္ေတာ့္ကို ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚတင္ေပးခဲ့တဲ့

ဘိုင္ယန္ျမဴးနစ္ကိုလည္း ေက်းဇူးတင္ပါတယ္။ ပိုလန္အသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္က အသင္းေဖာ္

ေတြကိုလည္း ေက်းဇူးတင္လိုၿပီး ကြၽန္ေတာ့္ကို အားေပးခဲ့ၾကတဲ့ လူေတြတစ္ဦးခ်င္းဆီကိုလည္း

ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္ ကြၽန္ေတာ့္အတြက္ အေရးႀကီးဆုံးကေတာ့ ကြၽန္ေတာ္ မိသားစုဝင္

ေတြပါပဲ။ အေမ၊ အန္နာ ၊ အမ မီလီနာနဲ႔ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြက ကြၽန္ေတာ့္ ေအာင္ျမင္မႈေတြ

အတြက္ အေျခခံပါပဲ” လို႔ သူ႔ရဲ႕ လူမႈကြန္ယက္အေကာင့္ကေန တစ္ဆင့္ ေရးသားေဖာ္ျပသြားခဲ့တာပါ။

မက္ဆီ ကလည္း “ကြၽန္ေတာ္ ေရာဘတ္လီဝန္ေဒါ့စကီးကို ဂုဏ္ျပဳလိုပါတယ္။ သူနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတဲ့

အတြက္အရမ္းဂုဏ္ယူပါတယ္။ မႏွစ္တုန္းကသာ ဆုေပးပြဲရွိခဲ့မယ္ဆိုရင္ ဒီဆုကိုရသင့္တဲ့ ထိုက္တန္တဲ့

ပိုင္ရွင္ဟာ ေရာဘတ္လီဝန္ေဒါ့စကီး ဆိုတာ ကြၽန္ေတာ္တို႔အားလုံးလည္းလက္ခံပါတယ္။

France Football အေနနဲ႔လည္း ၂၀၂၀ ခုႏွစ္အတြက္ လီဝန္ေဒါစကီးကို ဆုေပးသင့္တယ္လို႔ထင္ပါတယ္။

သူကဒီဆုကိုရရွိဖို႔ထိုက္တန္ပါတယ္။”လို႔ မက္ဆီက စင္ျမင့္ထက္ ဆုလက္ခံရယူၿပီးေနာက္ ေျပာသြားပါတယ္။