ဘော်လွန်းဒီအော် Dream Team မှာ ပါဝင်ခွင့်ရတဲ့အတွက် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ စကားသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကမှာ အရှိန်အဝါကြီးတဲ့ ဘော်လွန်းဒီအော်ဆုကို ချီးမြှင့်တဲ့ French Football ဟာ ဘောလုံးသမိုင်းတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။အဆိုပါ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား၁၁ယောက် စာရင်းကို ကစားကွက် ၃-၄-၃နဲ့ တနင်္လာနေ့ညက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို ဟာ ပြင်သစ်ဘောလုံး မဂ္ဂဇင်းရဲ့ အကောင်းဆုံး Dream Teamမှာ ယာရှင်၊ ကာဖူး၊ ဘက်ကင်ဘောင်ဝါ၊ မာလ်ဒီနီ၊ ဇာဗီ၊ လိုသာ မားသီးယပ်စ်၊ ပီလီ၊ မာရာဒိုနာ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ရော်နယ်ဒို နာဇီယိုတို့နဲ့အတူ ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက ဘော်လွန်းဒီအော် Dream Teamမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို အခုလို ဖွင့်ဟသွားခဲ့ပါတယ်။

“ကျွန်တော့်အတွက်တော့ ဘော်လွန်းဒီအော် Dream teamမှာ ပါဝင်ခွင့် ရခဲ့တာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ကို ရွေးချယ်ခဲ့ကြလို့ ကျေးဇူးတင်ကြောင်း အားလုံးကိုပြောချင်ပါတယ်။ အသင်းအားလုံးက ရွေးချယ်ခံရတဲ့ ကစားသမားတွေ အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။အဲ ဒီစာရင်းထဲမှာ တကယ့် ဂန္တဝင် ကစားသမားအချို့ ပါဝင်နေပါတယ်”လို့ မက်ဆီက လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။

အကောင်းဆုံးတိုက်စစ်သမားတစ်ယောက်အဖြစ် အရွေးခံရတဲ့ လီယွန်နယ်မက်ဆီဟာ ဘော်လွန်းဒီအော ၆ဆု၊ ရွှေဖိနပ်ဆု ၆ဆုနဲ့ ချန်ပီယံလိဂ်ဆုဖလား ၄ကြိမ်ရထားသလို ဂိုးပေါင်းများစွာကို သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့ လာလီဂါတို့ရဲ့ သမိုင်းကြောင်းကို ပြောင်းလဲခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ဂန္တဝင်ကွင်းလယ်လူ ဇာဗီဟာနန်ဒက်ဇ်ဟာ လည်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။သူကလည်း စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၁ကြိမ်၊ ယူရို ချန်ပီယံ ၂ကြိမ် ရခဲ့ကာ ချန်ပီယံလိဂ် ဆုဖလား ၄ကြိမ်နဲ့ ဘာစီလိုနာရဲ့ အောင်မြင်မှုများစွာမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။

အဲဒီအကောင်းဆုံး အစုအဖွဲ့မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ယောက်ဟာလည်း တစ်ယောက်ပါရင် နောက်တစ်ယောက်ကလည်း မပါမဖြစ်ပါဝင်နေကြလိုကို ဖြစ်နေပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ဘာစီလိုနာရဲ့ အိမ်ကွင်းနူးကမ့်မှာ တွေ့ဆုံခဲ့ကြပြီး၊ ရင်းနှီးချစ်ခင်တဲ့ ပုံရိပ်တွေကို ပြသခဲ့ကြပါတယ်။

စီရော်နယ်ဒိုဟာလည်း ယူနိုက်တက်မှာသူ့ရဲ့အကောင်းဆုံးစွမ်းရည်တွေကို စတင်ပြသခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ (၃)နှစ်ဆက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ချိန်မှာ နည်းပြ ဇီဒန်းနဲ့ တွဲဖက်ညီခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၈မှာတော့ ဇီဒန်းနဲ့ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရီးရဲလ်ကနေ ထွက်ခွာသွားခဲ့ပြီး ဂျူဗီမှာ သွားရောက်ကစားနေသူလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်ဒိုကလည်း Dream Team မှာ ပါဝင်ခွင့်ရတဲ့အတွက် အခုလို ဝမ်းသာပီတိစကားဆိုထားပါတယ်။ “ကျွန်တော့်အနေနဲ့ French Football ရဲ့ အကောင်းဆုံး ကစားသမား ၁၁ ယောက် ရွေးချယ်မှုမှာ ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းပဲဂုဏ်ယူဝမ်းသာရပါတယ်။ တကယ့် ကို အံ့မခန်းဖြစ်စရာDream team ပါပဲ။ အခုစာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေဟာ ကျွန်တော်လေးစားအားကျရတဲ့သူတွေပါ။ အခုလိုသူတို့တွေနဲ့ အတူတူရွေးချယ် ခံရတာဟာ ကျွန်တော့်အတွက် တော်တော်ကို ဂုဏ်ယူရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ရော်နယ်ဒိုက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာ္လြန္းဒီေအာ္ Dream Team မွာ ပါဝင္ခြင့္ရတဲ့အတြက္ မက္ဆီနဲ႕ စီေရာ္နယ္ဒိုတို႕ရဲ႕ စကားသံ

ေဘာလုံးေလာကမွာ အရွိန္အဝါႀကီးတဲ့ ေဘာ္လြန္းဒီေအာ္ဆုကို ခ်ီးျမႇင့္တဲ့ French Football ဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေနရာအလိုက္ အေကာင္းဆုံး ကစားသမားေတြကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။အဆိုပါ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမား၁၁ေယာက္ စာရင္းကို ကစားကြက္ ၃-၄-၃နဲ႔ တနလၤာေန႔ညက ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ မက္ဆီနဲ႕ စီေရာ္နယ္ဒို ဟာ ျပင္သစ္ေဘာလုံး မဂၢဇင္းရဲ႕ အေကာင္းဆုံး Dream Teamမွာ ယာရွင္၊ ကာဖူး၊ ဘက္ကင္ေဘာင္ဝါ၊ မာလ္ဒီနီ၊ ဇာဗီ၊ လိုသာ မားသီးယပ္စ္၊ ပီလီ၊ မာရာဒိုနာ၊ ေရာ္နယ္ဒို နာဇီယိုတို႔နဲ႔အတူ ပါဝင္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။ မက္ဆီက ေဘာ္လြန္းဒီေအာ္ Dream Teamမွာ ပါဝင္ခြင့္ရခဲ့တဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းကို အခုလို ဖြင့္ဟသြားခဲ့ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ ေဘာ္လြန္းဒီေအာ္ Dream teamမွာ ပါဝင္ခြင့္ ရခဲ့တာ ဂုဏ္ယူစရာပါပဲ။ ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္ခဲ့ၾကလို႔ ေက်းဇူးတင္ေၾကာင္း အားလုံးကိုေျပာခ်င္ပါတယ္။ အသင္းအားလုံးက ေ႐ြးခ်ယ္ခံရတဲ့ ကစားသမားေတြ အားလုံးကိုလည္း ဂုဏ္ျပဳပါတယ္။အဲ ဒီစာရင္းထဲမွာ တကယ့္ ဂႏၲဝင္ ကစားသမားအခ်ိဳ႕ ပါဝင္ေနပါတယ္”လို႔ မက္ဆီက လူမႈကြန္ရက္အေကာင့္မွာေရးသားထားပါတယ္။ အေကာင္းဆုံးတိုက္စစ္သမားတစ္ေယာက္အျဖစ္ အေ႐ြးခံရတဲ့ လီယြန္နယ္မက္ဆီဟာ ေဘာ္လြန္းဒီေအာ ၆ဆု၊ ေ႐ႊဖိနပ္ဆု ၆ဆုနဲ႔ ခ်န္ပီယံလိဂ္ဆုဖလား ၄ႀကိမ္ရထားသလို ဂိုးေပါင္းမ်ားစြာကို သြင္းယူထားႏိုင္တဲ့ တိုက္စစ္မႉးျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာနဲ႔ လာလီဂါတို႔ရဲ႕ သမိုင္းေၾကာင္းကို ေျပာင္းလဲခဲ့သူေတြထဲကတစ္ေယာက္ျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕ ဂႏၲဝင္ကြင္းလယ္လူ ဇာဗီဟာနန္ဒက္ဇ္ဟာ လည္းသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။သူကလည္း စပိန္အသင္းနဲ႔အတူ ကမာၻ႔ဖလား၁ႀကိမ္၊ ယူ႐ို ခ်န္ပီယံ ၂ႀကိမ္ ရခဲ့ကာ ခ်န္ပီယံလိဂ္ ဆုဖလား ၄ႀကိမ္နဲ႔ ဘာစီလိုနာရဲ႕ ေအာင္ျမင္မႈမ်ားစြာမွာ အဓိကက်ခဲ့သူျဖစ္ပါတယ္။ အဲဒီအ​ေကာင္းဆုံး အစုအဖြဲ႕မွာ မက္ဆီနဲ႔ ​ေရာ္နယ္ဒိုတို႕ႏွစ္ေယာက္ဟာလည္း တစ္​ေယာက္ပါရင္ ေနာက္တစ္ေယာက္ကလည္း မပါမျဖစ္ပါ၀င္ေနၾကလိုကို ျဖစ္ေနပါတယ္။ မက္ဆီနဲ႔ ​ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆံုး ပြဲစဥ္မွာ ဘာစီလိုနာရဲ႕ အိမ္ကြင္းႏူးကမ့္မွာ ​ေတြ႕ဆုံခဲ့ၾကၿပီး၊ ရင္းႏွီးခ်စ္ခင္တဲ့ ပုံရိပ္​ေတြကို ျပသခဲ့ၾကပါတယ္။ စီ​ေရာ္နယ္ဒိုဟာလည္း ယူႏိုက္တက္မွာသူ႕ရဲ႕အေကာင္းဆံုးစြမ္းရည္ေတြကို စတင္ျပသခဲ့သလို ရီးရဲလ္မက္ဒရစ္ရဲ႕ (၃)ႏွစ္ဆက္ ခ်န္ပီယံလိဂ္ဖလားကို ရယူခဲ့ခ်ိန္မွာ နည္းျပ ဇီဒန္းနဲ႕ တြဲဖက္ညီခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။ သူဟာ ၂၀၁၈မွာေတာ့ ဇီဒန္းနဲ႕ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ရီးရဲလ္ကေန ထြက္ခြာသြားခဲ့ၿပီး ဂ်ဴဗီမွာ သြားေရာက္ကစားေနသူလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉး စီ​ေရာ္နယ္ဒိုကလည္း Dream Team မွာ ပါဝင္ခြင့္ရတဲ့အတြက္ အခုလို ၀မ္းသာပီတိစကားဆိုထားပါတယ္။ “ကြၽန္​ေတာ့္အ​ေနနဲ႔ French Football ရဲ႕ အ​ေကာင္းဆုံး ကစားသမား ၁၁ ​ေယာက္ ​ေ႐ြးခ်ယ္မႈမွာ ပါ၀င္ခြင့္ရတဲ့ အတြက္ အရမ္းပဲဂုဏ္ယူ၀မ္းသာရပါတယ္။ တကယ့္ ကို အံ့မခန္းျဖစ္စရာDream team ပါပဲ။ အခုစာရင္းမွာ ပါ၀င္တဲ့ ကစားသမား​ေတြဟာ ကြၽန္​ေတာ္​ေလးစားအားက်ရတဲ့သူ​ေတြပါ။ အခုလိုသူတို႔​ေတြနဲ႔ အတူတူ​ေ႐ြးခ်ယ္ ခံရတာဟာ ကြၽန္​ေတာ့္အတြက္ ​ေတာ္​ေတာ္ကို ဂုဏ္ယူရပါတယ္။ အားလုံးကို​ေက်းဇူးတင္ပါတယ္” ဆိုၿပီး ​ေရာ္နယ္ဒိုက​ လူမႈကြန္ရက္မွာ ​ေရးသားထားပါတယ္။