ဘေးလ်ရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့် မပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ခနဲ့လိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟိုဆေး မော်ရင်ဟိုက ဘရိုက်တန်နဲ့ ပွဲမှာ အနိုင်ဂိုး သွင်းခဲ့တဲ့ ဂါရတ် ဘေးလ်ရဲ့ အရည်အချင်းအပေါ် ချီးကျူးလိုက်ပြီး မက်ဒရစ်က ဒီလို ကစားပုံနဲ့ ပတ်သက်ပြီး ဘာပြောမလဲ ကြည့်ဦးမယ်ဟုဆိုကာ အသင်းဟောင်းကို ခနဲ့သွားခဲ့ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်ကနေ အငှားနဲ့ရောက်လာခဲ့ပြီးနောက် ပထမဆုံး သွင်းဂိုးအဖြစ် ဘရိုက်တန်နဲ့ ပွဲမှာ တော့တင်ဟမ်အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းအတွင်း ဟယ်ရီကိန်းက ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ လမ်တီက ပြန်လည် ချေပခဲ့ပြီး ဘေးလ်က လာမယ်လာနေရာ လူစားဝင်လာပြီး ၃မိနစ်အတွင်း အနိုင်ဂိုး သွင်းပေးခဲ့တာပါ။ မော်ရင်ဟိုက ဝေးလ်သားရဲ့ ခြေစွမ်းအပေါ် ချီးကျူးခဲ့ပြီး အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို ခနဲ့သွားခဲ့ပါတယ်။

မော်ရင်ဟိုက “သူ တိုးတက်လာတာ ၁ပတ်လောက် ရှိပါပြီ။ ဒါက သူ ကစားနေတာ ကြည့်တာတင်မဟုတ်ပဲ အချက်အလက်တွေအရပါ တိုးတက်လာတာပါ။ ဒါကို ကျွန်တေ်ာတို့ သိသလို ဂါရတ်လည်း သိပါတယ်။ ကျွန်တော်တို့ အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို မျှဝေကြပါတယ်”

“သူ အဲ့ဒီဂိုးနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော် မက်ဒရစ် ဝက်ဘ်ဆိုက်က သူ့အကြောင်း ဘာပြောမလဲဆိုတာ ၅မိနစ်လောက အချိန်ကုန်ခံပြီး ကြည့်လိုက်ပါဦးမယ်။ သူ တကယ့် အရည်အချင်းကောင်းတွေကို ပြသခဲ့ပြီး အသင်းအပေါ် အကျိုးဖြစ်ခဲ့ကာ အရမ်းအရေးကြီးတဲ့ သွင်းဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပြီး လက်ကျန် ၁၅မိနစ်မှာ ဟယ်ရီနဲ့အတူ အတွေ့အကြုံရင့်ကျက်တဲ့ ကစားပုံကို ပြသခဲ့ပါတယ်”

“သူတို့ တကယ် ကြိုးစားပြီး ဉာဏ်ကောင်းခဲ့ကာ အထူးသဖြင့် ဘောလုံးတွေကို ထိန်းထားပြီး ဇုန်ထဲ ဝင်နေတာကြောင့် သူတို့ ကျွန်တော်တို့ကို အထိမနာ စေခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ ဂရုစိုက်တယ်ဆိုတာ သူသိပြီး သူကလည်း အသင်းကို ပြန်ကြည့်ပါတယ်။ သူက ပြီးပြည့်စုံတဲ့ ကစားလို့ထင်ပြီး အရမ်တည်ငြိမ်ကာ ဉာဏ်ပြေးပါတယ်။ သူ အနိုင်ဂိုး သွင်းနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘးလ္ရဲ႕ အရည္အခ်င္းေတြကို ထုတ္ျပခြင့္ မေပးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ခနဲ႔လိုက္တဲ့ ေမာ္ရင္ဟို

ဟိုေဆး ေမာ္ရင္ဟိုက ဘရိုက္တန္နဲ႔ ပြဲမွာ အႏိုင္ဂိုး သြင္းခဲ့တဲ့ ဂါရတ္ ေဘးလ္ရဲ႕ အရည္အခ်င္းအေပၚ ခ်ီးက်ဴးလိုက္ျပီး မက္ဒရစ္က ဒီလို ကစားပံုနဲ႔ ပတ္သက္ျပီး ဘာေျပာမလဲ ၾကည့္ဦးမယ္ဟုဆုိကာ အသင္းေဟာင္းကို ခနဲ႔သြားခဲ့ပါတယ္။ ေဘးလ္ဟာ ရီးရဲလ္ကေန အငွားနဲ႔ေရာက္လာခဲ့ျပီးေနာက္ ပထမဆံုး သြင္းဂိုးအျဖစ္ ဘရိုက္တန္နဲ႔ ပြဲမွာ ေတာ့တင္ဟမ္အတြက္ အႏိုင္ဂိုး သြင္းေပးခဲ့တာ ျဖစ္ပါတယ္။

ပထမပုိင္းအတြင္း ဟယ္ရီကိန္းက ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းခဲ့ေပမဲ့ လမ္တီက ျပန္လည္ ေခ်ပခဲ့ျပီး ေဘးလ္က လာမယ္လာေနရာ လူစား၀င္လာျပီး ၃မိနစ္အတြင္း အႏုိင္ဂိုး သြင္းေပးခဲ့တာပါ။ ေမာ္ရင္ဟိုက ေ၀းလ္သားရဲ႕ ေျခစြမ္းအေပၚ ခ်ီးက်ဴးခဲ့ျပီး အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္ကို ခနဲ႔သြားခဲ့ပါတယ္။

ေမာ္ရင္ဟိုက “သူ တုိးတက္လာတာ ၁ပတ္ေလာက္ ရွိပါျပီ။ ဒါက သူ ကစားေနတာ ၾကည့္တာတင္မဟုတ္ပဲ အခ်က္အလက္ေတြအရပါ တုိးတက္လာတာပါ။ ဒါကို ကြ်န္ေတ္ာတို႔ သိသလုိ ဂါရတ္လည္း သိပါတယ္။ ကြ်န္ေတာ္တုိ႔ အေတြးအေခၚေတြနဲ႔ ခံစားခ်က္ေတြကို မွ်ေ၀ၾကပါတယ္”

“သူ အဲ့ဒီဂိုးနဲ႔ ထုိက္တန္ခဲ့ပါတယ္။ ကြ်န္ေတာ္ မက္ဒရစ္ ၀က္ဘ္ဆုိက္က သူ႕အေၾကာင္း ဘာေျပာမလဲဆုိတာ ၅မိနစ္ေလာက အခ်ိန္ကုန္ခံျပီး ၾကည့္လိုက္ပါဦးမယ္။ သူ တကယ့္ အရည္အခ်င္းေကာင္းေတြကို ျပသခဲ့ျပီး အသင္းအေပၚ အက်ိဳးျဖစ္ခဲ့ကာ အရမ္းအေရးၾကီးတဲ့ သြင္းဂိုး သြင္းေပးခဲ့ပါတယ္။ ေနာက္ျပီး လက္က်န္ ၁၅မိနစ္မွာ ဟယ္ရီနဲ႔အတူ အေတြ႕အၾကံဳရင့္က်က္တဲ့ ကစားပံုကို ျပသခဲ့ပါတယ္”

“သူတို႔ တကယ္ ၾကိဳးစားျပီး ဥာဏ္ေကာင္းခဲ့ကာ အထူးသျဖင့္ ေဘာလုံးေတြကို ထိန္းထားျပီး ဇုန္ထဲ ၀င္ေနတာေၾကာင့္ သူတို႔ ကြ်န္ေတာ္တို႔ကို အထိမနာ ေစခဲ့ပါတယ္။ သူ႕ကို ကြ်န္ေတာ္တုိ႔ ဂရုစိုက္တယ္ဆုိတာ သူသိျပီး သူကလည္း အသင္းကို ျပန္ၾကည့္ပါတယ္။ သူက ျပီးျပည့္စုံတဲ့ ကစားလို႔ထင္ျပီး အရမ္တည္ျငိမ္ကာ ဥာဏ္ေျပးပါတယ္။ သူ အႏိုင္ဂိုး သြင္းႏုိ္င္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။