ဘဲတစ်ကောင် ကွင်းအတွင်းသို့ကျူးကျော်ဝင်ရောက်လာမှုနဲ့အတူ
ဖလက်ဝုဒ်နှင့်ဘော်လ်တန်တို့ရဲ့ပွဲစဉ်ကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။
လိဂ်၁ပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးမှာဘော်လ်တန်ကလက်ပစ်ဘောကို
ခုခံရန်စောင့်ဆိုင်းနေစဉ်ဘဲတစ်ကောင်ဟာအလံတိုင်ဘေးနားမှ
ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကွင်းဝန်ထမ်းတစ်ဦးကရောက်လာပြီး
ကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာတဲ့ဘဲကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
သူဟာဘဲကလေးကိုဘေးလွတ်ရာသို့ပေးပို့ခဲ့ပါတယ်။
ကွင်းအတွင်းသို့ဘဲကျူးကျော်ဝင်ရောက်လာချိန်မှာဖလက်ဝုဒ်က၁-ဝဂိုးဖြင့်
ဦးဆောင်နေပါတယ်။ဒါပေမဲ့ဖလက်ဝုဒ်ဟာဒုတိယပိုင်းမှာဘစ်ဂင်ရဲ့
သွင်းဂိုးနှစ်ဂိုးကြောင့်ပွဲအပြီးမှာ၃-ဝဂိုးဖြင့်ဘော်လ်တန်ကိုအနိုင်ရရှိခဲ့ပါတယ်။
zawgyi
ဘဲတစ်ကောင်ကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ ပွဲ