
ဘွတ်ကီဒိုင်များဟာစနေနေ့တုန်းကဒိန်းပါ့ခ်တွင်ကစားခဲ့ကြတဲ့ဒန်ဒီးယူနိုက်
တက်နှင့်ဟတ်တို့ပွဲစဉ်ကို သံသယဝင်စရာကောင်းတဲ့လောင်းကြေးထပ်မှုများ
ရှိနေမှုကြောင့်လုပ်ပွဲသံသယမှုဖြင့်စစ်ဆေးမှုပြုလုပ်ရန် စကော့တလန်
ဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုလာပါတယ်။
တတိယနေရာမှဟတ်က၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ယင်းပွဲတွင်ဒန်ဒီးကစား
သမားများ အဝါကတ်ပြသခြင်းခံရမယ်ဆိုပြီးလောင်းကြေးထပ်မှုများစွာ
ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါပွဲတွင်ဒန်ဒီးယူနိုက်တက်မှမက်စ်အင်ဒါဆင်၊လိုက်ဂရက်ဖစ်၊
ပေါလ်မက်ဂိုအန်၊ဒန်နီမူလာတို့ဟာ ဒိုင်လူကြီးဝီလီကိုလ်လမ်ရဲ့အဝါကတ်
ပြသခြင်းခံခဲ့ရပါတယ်။
ထိပ်သီးဘွတ်ကီဒိုင်များဟာစကော့တလန်ပရီးမီးယားလိဂ်ပွဲစဉ်များအား
သံသယဝင်စရာကောင်းတဲ့လောင်းကြေးထပ်မှုများရှိလျှင်သတင်းပေးရန်
စကော့တလန်ဘောလုံးအဖွဲ့ချုပ်နှင့်သဘောတူညီမှုရယူထားပါတယ်။
ဒါကြောင့်လည်းဘွတ်ကီဒိုင်များဟာစနေနေ့တုန်းကဒန်ဒီးနှင့်ဟတ်ပွဲစဉ်ကို
စစ်ဆေးမှုပြုလုပ်ရန် စကော့တလန်ဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုလာ
တာလည်းဖြစ်ပါတယ်။
ဘွတ်ကီးဒိုင်များဟာစကော့တလန်ရဲတပ်ဖွဲ့ကိုလည်းတိုင်ကြားမှုပြုလုပ်ရန်
စီစဉ်နေကြပါသေးတယ်။ လက်ရှိအချိန်တွင်ဟတ်ကတော့ ယင်းစစ်ဆေးမှု
အပေါ်တစ်စုံတစ်ရာ ပူပန်ခြင်းမရှိကြောင်းဆိုထားပါတယ်။
Zawgyi
ဘြတ္ကီဒိုင္ေတြေျပာတဲ့ လုပ္ပြဲလို႔ သံသယရွိတဲ့ပြဲ
ဘြတ္ကီဒိုင္မ်ားဟာစေနေန႔တုန္းကဒိန္းပါ့ခ္တြင္ကစားခဲ့ၾကတဲ့ဒန္ဒီးယူႏိုက္
တက္ႏွင့္ဟတ္တို႔ပြဲစဥ္ကို သံသယဝင္စရာေကာင္းတဲ့ေလာင္းေၾကးထပ္မႈမ်ာ
းရွိေနမႈေၾကာင့္လုပ္ပြဲသံသယမႈျဖင့္စစ္ေဆးမႈျပဳလုပ္ရန္ စေကာ့တလန္
ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုေတာင္းဆိုလာပါတယ္။
တတိယေနရာမွဟတ္က၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ယင္းပြဲတြင္ဒန္ဒီးကစား
သမားမ်ား အဝါကတ္ျပသျခင္းခံရမယ္ဆိုၿပီးေလာင္းေၾကးထပ္မႈမ်ားစြာ
ရွိေနခဲ့တာလည္းျဖစ္ပါတယ္။
အဆိုပါပြဲတြင္ဒန္ဒီးယူႏိုက္တက္မွမက္စ္အင္ဒါဆင္၊လိုက္ဂရက္ဖစ္၊
ေပါလ္မက္ဂိုအန္၊ဒန္နီမူလာတို႔ဟာ ဒိုင္လူႀကီးဝီလီကိုလ္လမ္ရဲ႕အဝါကတ္
ျပသျခင္းခံခဲ့ရပါတယ္။
ထိပ္သီးဘြတ္ကီဒိုင္မ်ားဟာစေကာ့တလန္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအား
သံသယဝင္စရာေကာင္းတဲ့ေလာင္းေၾကးထပ္မႈမ်ားရွိလွ်င္သတင္းေပးရန္
စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္သေဘာတူညီမႈရယူထားပါတယ္။
ဒါေၾကာင့္လည္းဘြတ္ကီဒိုင္မ်ားဟာစေနေန႔တုန္းကဒန္ဒီးႏွင့္ဟတ္ပြဲစဥ္ကို
စစ္ေဆးမႈျပဳလုပ္ရန္ စေကာ့တလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုေတာင္းဆိုလာ
တာလည္းျဖစ္ပါတယ္။
ဘြတ္ကီးဒိုင္မ်ားဟာစေကာ့တလန္ရဲတပ္ဖြဲ႕ကိုလည္းတိုင္ၾကားမႈျပဳလုပ္ရန္
စီစဥ္ေနၾကပါေသးတယ္။ လက္ရွိအခ်ိန္တြင္ဟတ္ကေတာ့ ယင္းစစ္ေဆးမႈ
အေပၚတစ္စုံတစ္ရာ ပူပန္ျခင္းမရွိေၾကာင္းဆိုထားပါတယ္။