အက်ဒီဆင်ကာဗာနီဟာမန်ချက်စတာယူနိုက်တက်တွင်ဆက်လက်ကစားကာ
ကလပ်မှလူငယ်စတားများအတွက်စံနမူစရာကစားသမားတစ်ဦး
ဖြစ်လာအောင်ကြိုးပမ်းသွားပါမယ်။
ကာဗာနီဟာယခုရာသီတွင်ယူနိုက်တက်မှာနေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူ
ဇန်နဝါရီတွင်ထွက်ခွာသွားမှာစိုးရိမ်နေခဲ့ရပါတယ်။
ဒါပေမဲ့အသက်၃၄နှစ်ရှိဝါရင့်တိုက်စစ်မှူးဟာကြာသပတေးနေ့တုန်းက
ယာယီနည်းပြရေးဖ်ရန်းနစ်ခ်နှင့်ဆွေးနွေးမှုပြုလုပ်ပြီးနောက်
ယူနိုက်တက်တွင်ဆက်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။
ရန်းနစ်ခ်က “ကျွန်တော့်ရုံးခန်းကိုသူရောက်လာတယ်။
နာရီဝက်လောက်စကားပြောခဲ့ကြတယ်။ရာသီကုန်တဲ့အထိ
ဆက်ရှိနေဖို့သေချာတယ်လို့ပြောပါတယ်။
သူ့ကကျွန်တော်ကဆက်နေစေချင်လို့ဆက်နေတာမဟုတ်ဘဲ
ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။
သူ့ကိုအားကိုးနိုင်တယ်၊လူငယ်တွေအတွက်စံပြကောင်းတစ်ဦးဖြစ်အောင်
လုပ်မယ်လို့ပြောပါတယ်။သူဟာမကစားရဘူးဆိုရင်တောင်
လူငယ်တွေအတွက်စံနမူနာယူစရာဖြစ်အောင်လုပ်မယ်လို့ပြောပါတယ်။
ဒါကသတင်းကောင်းပါ။အက်ဒီကအတွေ့အကြုံအများကြီးရှိပြီး
စိတ်ဓာတ်ပိုင်းမြင့်မားတဲ့အပြင်အလုပ်စည်းကမ်းရှိတဲ့သူတွေထဲက
တစ်ဦးပါ”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာယနေ့ညမှာအက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်
ဗီလာနှင့်ရင်ဆိုင်ရပါမယ်။ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ဟာ
ဗီလာနှင့်ပွဲမှာကာဗာနီကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာဖို့ရှိပါတယ်။
zawgyi
မကစားရဘူးဆိုရင်တောင် လူငယ်တွေအတွက် စံနမူနာယူစရာဖြစ်အောင်လုပ်မယ်လို့ ကာဗာနီ ဆို