
၁၉၉၉ ဖလား(၃)လုံးချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ
ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့လက်ထောက်အဖြစ်ဆောင်ရွက်ခဲ့သူ
အင်္ဂလန်အသင်းနည်းပြဟောင်း စတိဗ်မက္ကလာရင်က နည်းပြဆိုးလ်ရှားရဲ့
အနာဂတ်ကို စီရော်နယ်လ်ဒိုက အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့
သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ (၁၂)နှစ်ကြာဝေးကွာနေတဲ့
ယူနိုက်တက်အသင်းဆီပြန်လည်ရောက်ရှိခဲ့တဲ့ ပေါ်တူဂီနာမည်ကျော်
ကစားသမားစီရော်နယ်လ်ဒိုဟာ အသင်းအတွက်ပြိုင်ပွဲစုံ(၁၃)ပွဲမှာ
(၉)ဂိုးအထိသွင်းယူထားပေမယ့် ရလဒ်ဆိုးတွေဆက်တိုက်ရင်ဆိုင်နေရလို့
နည်းပြဆိုးလ်ရှားတစ်ယောက် ဖိအားများနေပြီဖြစ်ပါတယ်။
မက္ကလာရင်က “စီရော်နယ်လ်ဒိုနဲ့ဗာရန်းတို့ကို ယူနိုက်တက်
ခေါ်ယူလိုက်ချိန်မှာ ကျွန်တော်ဝမ်းမြောက်ခဲ့ရပါတယ်။
သူတို့က ဆုဖလားအောင်မြင်မှုတွေရယူခဲ့တဲ့ ချန်ပီယံတွေဖြစ်ပြီး
ယူနိုက်တက်အသင်းမှာ အဲဒီလိုကစားသမားတွေ သိပ်မရှိပါဘူး။
အထူးသဖြင့် စီရော်နယ်လ်ဒိုဟာ အသင်းဖော်တွေကို ဦးဆောင်နိုင်တဲ့
ကစားသမားဖြစ်သလို နိုင်လိုစိတ်ပြင်းထန်တဲ့သူဖြစ်ပါတယ်။
တကယ်လို့ စီရော်နယ်လ်ဒိုကို မှန်မှန်ကန်ကန် အသုံးမပြုနိုင်ဘူး
ဆိုရင်တော့ နည်းပြအတွက် အခြေအနေမကောင်းနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
မကၠလာရင္က နည္းျပဆိုးလ္ရွားရဲ႕ အနာဂတ္ကို စီေရာ္နယ္လ္ဒိုက အဆုံးအျဖတ္ေပးသြားလိမ့္မယ္လို႔သုံးသပ္
၁၉၉၉ ဖလား(၃)လုံးခ်န္ပီယံ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ
ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕လက္ေထာက္အျဖစ္ေဆာင္႐ြက္ခဲ့သူ
အဂၤလန္အသင္းနည္းျပေဟာင္း စတိဗ္မကၠလာရင္က နည္းျပဆိုးလ္ရွားရဲ႕
အနာဂတ္ကို စီေရာ္နယ္လ္ဒိုက အဆုံးအျဖတ္ေပးသြားလိမ့္မယ္လို႔
သုံးသပ္ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ (၁၂)ႏွစ္ၾကာေဝးကြာေနတဲ့
ယူႏိုက္တက္အသင္းဆီျပန္လည္ေရာက္ရွိခဲ့တဲ့ ေပၚတူဂီနာမည္ေက်ာ္
ကစားသမားစီေရာ္နယ္လ္ဒိုဟာ အသင္းအတြက္ၿပိဳင္ပြဲစုံ(၁၃)ပြဲမွာ
(၉)ဂိုးအထိသြင္းယူထားေပမယ့္ ရလဒ္ဆိုးေတြဆက္တိုက္ရင္ဆိုင္ေနရလို႔
နည္းျပဆိုးလ္ရွားတစ္ေယာက္ ဖိအားမ်ားေနၿပီျဖစ္ပါတယ္။
မကၠလာရင္က “စီေရာ္နယ္လ္ဒိုနဲ႔ဗာရန္းတို႔ကို ယူႏိုက္တက္
ေခၚယူလိုက္ခ်ိန္မွာ ကြၽန္ေတာ္ဝမ္းေျမာက္ခဲ့ရပါတယ္။
သူတို႔က ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့တဲ့ ခ်န္ပီယံေတြျဖစ္ၿပီး
ယူႏိုက္တက္အသင္းမွာ အဲဒီလိုကစားသမားေတြ သိပ္မရွိပါဘူး။
အထူးသျဖင့္ စီေရာ္နယ္လ္ဒိုဟာ အသင္းေဖာ္ေတြကို ဦးေဆာင္ႏိုင္တဲ့
ကစားသမားျဖစ္သလို ႏိုင္လိုစိတ္ျပင္းထန္တဲ့သူျဖစ္ပါတယ္။
တကယ္လို႔ စီေရာ္နယ္လ္ဒိုကို မွန္မွန္ကန္ကန္ အသုံးမျပဳႏိုင္ဘူး
ဆိုရင္ေတာ့ နည္းျပအတြက္ အေျခအေနမေကာင္းႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။