
အတ္တလန်တာအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ကို မန်ယူအသင်းရဲ့ ခြေစွမ်းဟာ
ထပ်ပြီး စိတ်ညစ်စရာကောင်းခဲ့ကြောင်း မန်ယူ ဂန္တဝင် ကွင်းလယ်
ကစားသမားဟောင်း ပေါလ်စခိုးလ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ခြေစွမ်းအပေါ်မှာလည်း
ပေါလ်စခိုးလ်က ဝေဖန်ခဲ့ပြီး မန်ယူအသင်းဟာ တိုက်စစ်က ကောင်းမွန်နေပေမယ့်
ခံစစ်က သာမန်အဆင့်သာရှိသေးတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
” ဒီပွဲမှာ မန်ယူအသင်းရဲ့ ကစားပုံက ထပ်ပြီး စိတ်ညစ်စရာကောင်းခဲ့ပြန်ပါတယ်။
ဗာရန်း ဒဏ်ရာရသွားတဲ့အချိန်မှာ အသင်းက (၁) ဂိုး ပေးထားရပြီး အတော်လေး
ရင်ထိတ်စရာ ကောင်းခဲ့တဲ့ အခြေအနေပါ။ ဒါ့အပြင် ကွင်းလယ် ကစားပုံကလည်း
အကောင်းကြီး မဟုတ်ခဲ့ပြန်ဘူး။ မန်ယူအသင်း တိုက်စစ်မှာ ဂိုးသွင်းတာ ၊
ဂိုးဖန်တီးတာတွေက အဆင့်အတန်းတစ်ခုရှိပြီး ကောင်းမွန်နေပေမယ့်
ခံစစ်က ဘောလုံးဖျက်ထုတ်ကာကွယ်မှုတွေက သာမန် အဆင့်လောက်ပဲ
ရှိနေပါတယ်။ နောက်ပြီး မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ယူရို (၂၀၂၀) ပြိုင်ပွဲပြီးကတည်းက
ဒဏ်ရာရနေတာလား ၊ အရက်နာကျနေတာလား ကျွန်တော်လည်း မသဲကွဲဘူး”
” သေချာတာတစ်ခုက စနေနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီမှာ ဗာရန်း
မပါနိုင်ရင် သေချာပေါက်ခက်ခဲဦးမှာပါ။ ဂွာဒီယိုလာကတော့ သူ့အနေနဲ့
မန်ယူအသင်းကို အနိုင်ရဖို့ အခွင့်ကောင်းတွေတော့ရှိနေပြီဆိုးပြီး
တွေးချင် တွေးနေလောက်ပါပြီ” လို့ ပေါလ်စခိုးလ်က ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ စနေနေ့ညမှာ မန်စီးတီးအသင်း နဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကို
အိမ်ကွင်းအိုးလ်ထရက်ဒ်ဖို့ဒ်မှာ ကစားသွားဖို့ရှိနေပါတယ်။
zawgyi
မက္ဂြိဳင္းယားက ဒဏ္ရာရေနတာလား ၊ အရက္နာက်ေနတာလား ကြၽန္ေတာ္လည္း မသဲကြဲဘူး -ေပါလ္စခိုးလ္
အတၱလန္တာအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္ကို မန္ယူအသင္းရဲ႕ ေျခစြမ္းဟာ
ထပ္ၿပီး စိတ္ညစ္စရာေကာင္းခဲ့ေၾကာင္း မန္ယူ ဂႏၲဝင္ ကြင္းလယ္
ကစားသမားေဟာင္း ေပါလ္စခိုးလ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားရဲ႕ ေျခစြမ္းအေပၚမွာလည္း
ေပါလ္စခိုးလ္က ေဝဖန္ခဲ့ၿပီး မန္ယူအသင္းဟာ တိုက္စစ္က ေကာင္းမြန္ေနေပမယ့္
ခံစစ္က သာမန္အဆင့္သာရွိေသးတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။
” ဒီပြဲမွာ မန္ယူအသင္းရဲ႕ ကစားပုံက ထပ္ၿပီး စိတ္ညစ္စရာေကာင္းခဲ့ျပန္ပါတယ္။
ဗာရန္း ဒဏ္ရာရသြားတဲ့အခ်ိန္မွာ အသင္းက (၁) ဂိုး ေပးထားရၿပီး အေတာ္ေလး
ရင္ထိတ္စရာ ေကာင္းခဲ့တဲ့ အေျခအေနပါ။ ဒါ့အျပင္ ကြင္းလယ္ ကစားပုံကလည္း
အေကာင္းႀကီး မဟုတ္ခဲ့ျပန္ဘူး။ မန္ယူအသင္း တိုက္စစ္မွာ ဂိုးသြင္းတာ ၊
ဂိုးဖန္တီးတာေတြက အဆင့္အတန္းတစ္ခုရွိၿပီး ေကာင္းမြန္ေနေပမယ့္
ခံစစ္က ေဘာလုံးဖ်က္ထုတ္ကာကြယ္မႈေတြက သာမန္ အဆင့္ေလာက္ပဲ
ရွိေနပါတယ္။ ေနာက္ၿပီး မက္ဂြိဳင္းယားက ၿပီးခဲ့တဲ့ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲၿပီးကတည္းက
ဒဏ္ရာရေနတာလား ၊ အရက္နာက်ေနတာလား ကြၽန္ေတာ္လည္း မသဲကြဲဘူး”
” ေသခ်ာတာတစ္ခုက စေနေန႔မွာ ကစားမယ့္ မန္ခ်က္စတာဒါဘီမွာ ဗာရန္း
မပါႏိုင္ရင္ ေသခ်ာေပါက္ခက္ခဲဦးမွာပါ။ ဂြာဒီယိုလာကေတာ့ သူ႔အေနနဲ႔
မန္ယူအသင္းကို အႏိုင္ရဖို႔ အခြင့္ေကာင္းေတြေတာ့ရွိေနၿပီဆိုးၿပီး
ေတြးခ်င္ ေတြးေနေလာက္ပါၿပီ” လို႔ ေပါလ္စခိုးလ္က ေျပာဆိုခဲ့ပါတယ္။
မန္ယူအသင္းဟာ စေနေန႔ညမွာ မန္စီးတီးအသင္း နဲ႔ မန္ခ်က္စတာ ဒါဘီပြဲစဥ္ကို
အိမ္ကြင္းအိုးလ္ထရက္ဒ္ဖို႔ဒ္မွာ ကစားသြားဖို႔ရွိေနပါတယ္။