
ရေးဖ်ရန်းနစ်ခ်ဟာနယူးကာဆယ်နှင့်ပွဲတွင်ခြေစွမ်းဆိုးရွားခဲ့ပေမယ့်
ဗဟိုနောက်ခံလူများဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ရာဖေးလ်ဗာရန်းတို့ကို
ဆက်လက်သုံးစွဲသွားဦးမည်ဖြစ်ကြောင်းသိရပါတယ်။
ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြကယူနိုက်တက်ကစားသမားများမှာ
သူလိုချင်တဲ့အတိုင်းတိုးတက်ကောင်းမွန်ခြင်းမရှိကြောင်းဆိုသွားပါတယ်။
ယူနိုက်တက်ဟာနယူးကာဆယ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်
ခြေစွမ်းပိုင်းဆိုးရွားခဲ့ပြီးကာဗာနီရဲ့ချေပဂိုးကြောင့်သာသရေကျခဲ့တာဖြစ်ပါတယ်။
ဗာရန်းဟာအောက်တိုဘာလ၃၀ရက်နေ့တုန်းကတံကောက်ကြောဒဏ်ရာကြောင့်
အနားယူခဲ့ရပြီးနောက်ပြန်လည်ကောင်းမွန်လာခဲ့သူဖြစ်ပြီးမက်ဂွိုင်းယားနှင့်အတူ
နယူးကာဆယ်တိုက်စစ်ကိုထိန်းချုပ်ရန်ရုန်းကန်ခဲ့ရပါတယ်။
ဗာရန်းမှာနယူးကာဆယ်ရဲ့ဦးဆောင်ဂိုးအတွက်အဓိကအမှားကို
ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။တစ်ဖက်တွင်ဒိန်းမတ်နောက်ခံလူ
လင်ဒီလော့ဖ်မှာကိုဗစ်ကူးစက်ခံခဲ့ရရာရန်းနစ်ခ်မှာဘန်လေနှင့်ပွဲတွင်လည်း
မက်ဂွိုင်းယားနှင့်ဗာရန်းတို့ကိုပင်ဆက်လက်အသုံးပြုလာပါမယ်။
ရန်းနစ်ခ်က “ဗာရန်းပွဲမကစားလာခဲ့တာသုံးလရှိပါပြီ။
ပထမဂိုးအတွက်သူအမှားလုပ်ခဲ့တယ်။ဒါပေမဲ့သူ့အခြေအနေကောင်းပါတယ်။
သူအကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ဟယ်ရီလည်းအတူတူပါ။
သူတို့အဆင်ပြေပါတယ်။ကျွန်တော်တို့ရဲ့ပြဿနာကအပြောင်းအလဲကာလအများကြီး
ခွင့်ပြုခဲ့တာပါ။ဗဟိုခံစစ်သမားတွေရဲ့ပြဿနာသာမဟုတ်ပါဘူး။
တစ်သင်းလုံးနဲ့ဆိုင်ပါတယ်။ရှေ့တန်းကနေစတာပါ။
ကစားကွက်မှာကျောနံပါတ်၁၀ရဲ့တာဝန်နဲ့ပတ်သက်ပြီးခင်ဗျားတို့ပြောလို့ရတယ်။
ဒါပေမဲ့တစ်ဦးချင်းလိုက်ပြောတာမဖြစ်သင့်ဘူးလို့ထင်တယ်။
အသင်းတစ်သင်းအနေနဲ့ကောင်းဖို့လိုအပ်တယ်”လို့ပြောကြားသွားပါတယ်။
နိုဝင်ဘာလ၂၉ရက်နေ့တုန်းကယူနိုက်တက်နည်းပြရာထူးကိုစတင်ရယူခဲ့တဲ့
ရန်းနစ်ခ်လက်ထက်တွင်ယူနိုက်တက်ဟာခရစ္စတယ်ပဲလေ့စ်နှင့်နော့ဝှစ်ချ်တို့ကို
အနိုင်ရရှိခဲ့ပြီးနယူးကာဆယ်နှင့်သရေကျထားပါတယ်။
၎င်းတို့ဟာထိပ်ဆုံးလေးသင်းနှင့်နှစ်ပွဲလျှော့ကစားပြီး၇မှတ်ကွာဟနေပါတယ်။
zawgyi
မက္ဂြိဳင္းယားနဲ႔ ဗာရန္းအတြဲကို ဆက္လက္သုံးစြဲသြားဦးမွာျဖစ္ေၾကာင္း ရန္းနစ္ခ္ ေျပာၾကား
ေရးဖ္ရန္းနစ္ခ္ဟာနယူးကာဆယ္ႏွင့္ပြဲတြင္ေျခစြမ္းဆိုး႐ြားခဲ့ေပမယ့္
ဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ရာေဖးလ္ဗာရန္းတို႔ကို
ဆက္လက္သုံးစြဲသြားဦးမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဒါေပမဲ့ဂ်ာမန္လူမ်ိဳးနည္းျပကယူႏိုက္တက္ကစားသမားမ်ားမွာ
သူလိုခ်င္တဲ့အတိုင္းတိုးတက္ေကာင္းမြန္ျခင္းမရွိေၾကာင္းဆိုသြားပါတယ္။
ယူႏိုက္တက္ဟာနယူးကာဆယ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္
ေျခစြမ္းပိုင္းဆိုး႐ြားခဲ့ၿပီးကာဗာနီရဲ႕ေခ်ပဂိုးေၾကာင့္သာသေရက်ခဲ့တာျဖစ္ပါတယ္။
ဗာရန္းဟာေအာက္တိုဘာလ၃၀ရက္ေန႔တုန္းကတံေကာက္ေၾကာဒဏ္ရာေၾကာင့္
အနားယူခဲ့ရၿပီးေနာက္ျပန္လည္ေကာင္းမြန္လာခဲ့သူျဖစ္ၿပီးမက္ဂြိဳင္းယားႏွင့္အတူ
နယူးကာဆယ္တိုက္စစ္ကိုထိန္းခ်ဳပ္ရန္႐ုန္းကန္ခဲ့ရပါတယ္။
ဗာရန္းမွာနယူးကာဆယ္ရဲ႕ဦးေဆာင္ဂိုးအတြက္အဓိကအမွားကို
ျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။တစ္ဖက္တြင္ဒိန္းမတ္ေနာက္ခံလူ
လင္ဒီေလာ့ဖ္မွာကိုဗစ္ကူးစက္ခံခဲ့ရရာရန္းနစ္ခ္မွာဘန္ေလႏွင့္ပြဲတြင္လည္း
မက္ဂြိဳင္းယားႏွင့္ဗာရန္းတို႔ကိုပင္ဆက္လက္အသုံးျပဳလာပါမယ္။
ရန္းနစ္ခ္က “ဗာရန္းပြဲမကစားလာခဲ့တာသုံးလရွိပါၿပီ။
ပထမဂိုးအတြက္သူအမွားလုပ္ခဲ့တယ္။ဒါေပမဲ့သူ႔အေျခအေနေကာင္းပါတယ္။
သူအေကာင္းဆုံးမျဖစ္ခဲ့ပါဘူး။ဟယ္ရီလည္းအတူတူပါ။
သူတို႔အဆင္ေျပပါတယ္။ကြၽန္ေတာ္တို႔ရဲ႕ျပႆနာကအေျပာင္းအလဲကာလအမ်ားႀကီး
ခြင့္ျပဳခဲ့တာပါ။ဗဟိုခံစစ္သမားေတြရဲ႕ျပႆနာသာမဟုတ္ပါဘူး။
တစ္သင္းလုံးနဲ႔ဆိုင္ပါတယ္။ေရွ႕တန္းကေနစတာပါ။
ကစားကြက္မွာေက်ာနံပါတ္၁၀ရဲ႕တာဝန္နဲ႔ပတ္သက္ၿပီးခင္ဗ်ားတို႔ေျပာလို႔ရတယ္။
ဒါေပမဲ့တစ္ဦးခ်င္းလိုက္ေျပာတာမျဖစ္သင့္ဘူးလို႔ထင္တယ္။
အသင္းတစ္သင္းအေနနဲ႔ေကာင္းဖို႔လိုအပ္တယ္”လို႔ေျပာၾကားသြားပါတယ္။
ႏိုဝင္ဘာလ၂၉ရက္ေန႔တုန္းကယူႏိုက္တက္နည္းျပရာထူးကိုစတင္ရယူခဲ့တဲ့
ရန္းနစ္ခ္လက္ထက္တြင္ယူႏိုက္တက္ဟာခရစၥတယ္ပဲေလ့စ္ႏွင့္ေနာ့ဝွစ္ခ်္တို႔ကို
အႏိုင္ရရွိခဲ့ၿပီးနယူးကာဆယ္ႏွင့္သေရက်ထားပါတယ္။
၎တို႔ဟာထိပ္ဆုံးေလးသင္းႏွင့္ႏွစ္ပြဲေလွ်ာ့ကစားၿပီး၇မွတ္ကြာဟေနပါတယ္။