မက်ဆီကိုဖိနှိပ်ပြီး ဆိုရှယ်မီဒီယာမှာ ခပ်ကြွားကြွားအောင်ပွဲခံနေတဲ့ စီရော်နယ်ဒိုရဲ့ အစ်မ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၁ ရာစု ဘောလုံးလောကမှာ မဟာပြိုင်ဘက်တွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီ တို့ ၂ ယောက်ဟာ ကွင်းထဲမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်သလို ကွင်းပြင်ပမှာလည်း သူ့ပရိသတ်၊ ကိုယ့်ပရိသတ် အခိုင်အမာရရှိနေတဲ့သူတွေဖြစ်ပါတယ်။ မက်ဆီကို ပါရမီရှင်လို့ အများစုကလက်ခံထားကြသလို စီရော်နယ်ဒိုကိုလည်း မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ ကြိုးစားတည်ဆောက်ခဲ့တဲ့သူလို့ ချီးကျူးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဒီ ၂ သင်း တစ်အုပ်စုတည်းကျခဲ့ပြီး ဒီကစားသမား ၂ ယောက်ရဲ့ အားပြိုင်ပွဲကို ပရိသတ်တွေက တဝကြီးကြည့်ရမယ်လို့ ထင်မှတ်ထားခဲ့ပေမယ့် စီရော်နယ်ဒိုဟာ အီတလီမြေပထမအကျော့မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ကြောင့် မပါနိုင်ခဲ့သလို ဂျူဗင်တပ်ကလည်း ရှုံးနိမ့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသွားခဲ့တဲ့ ဒုတိယအကျော့မှာတော့ သူ ပြန်ပါလာနိုင်ခဲ့သလို ဂျူဗင်တပ်က လည်း စပိန်မြေမှာ ဂိုးပြတ်နိုင်ခဲ့တဲ့အပြင် စီရော်နယ်ဒိုက ပင်နယ်တီ ၂ ဂိုး သွင်းယူပြီး အောင်ပွဲခံနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ မိသားစုဝင်ထဲမှာ အငယ်ဆုံး ဖြစ်သလို သူ ကစားတဲ့ဘောလုံးပွဲတွေကို မိခင်နဲ့အတူ အစ်မတွေက အချိန်ရရင် ရသလို လာကြည့်ခဲ့တာမျိုးတွေရှိပြီး သူ့အစ်မတွေဟာ သူ့မောင်ရဲ့အောင်မြင်မှု တွေကို ဆိုရှယ်မီဒီယာမှာ ထုတ်ဖော်ပို့စ်တင်လေ့ရှိပါတယ်။

အခုတစ်ခါမှာလည်း သူ့ရဲ့အစ်မ အယ်မာအာဗီယာယိုဟာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာပွဲအပြီးမှာ မက်ဆီ က စီရော်နယ်ဒိုကို အရိုအသေပေးနေတဲ့ပုံစံမျိုး သူ့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှာ အောင်ပွဲခံတင်ထားခဲ့ပါတယ်။

စီရော်နယ်ဒိုတစ်ယောက် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲမကစားနိုင်တဲ့အချိန်တုန်းကလည်း အာဗီယာယိုဟာ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ရေးပုံစံကို ဝေဖန်ခဲ့သလို ပေါ်တူဂီမှာရှိတဲ့ စီရော်နယ်ဒိုရဲ့အိမ် ဖောက်ထွင်းခံရတုန်းကလည်း မီဒီယာတွေက သတင်းမှားတွေ ဖော်ပြခဲ့တာကို ပြစ်တင်ခဲ့ပါသေးတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုအကြား ပြိုင်ဆိုင်မှု ဟာ စပိန်မြေမှာ သူတို့ ၂ ယောက် အတူရှိစဉ်ကတည်းက အပြင်းထန်ဆုံးအနေ အထားရှိခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း ရှိနေဆဲပါ။ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ မက်ဆီကို သူ့ရဲ့ပြိုင်ဘက်တစ်ယောက်အနေနဲ့ ဘယ်တုန်းကမှမရှုမြင်ခဲ့ဘဲ ကစား သမားကောင်းတစ်ယောက်အနေနဲ့ပဲ သတ်မှတ်ထားတဲ့အကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါသေးတယ်။

အခုလိုမျိုး စီရော်နယ်ဒိုကို သူ့ရဲ့မိသားစုဝင်တွေက တက်တက်ကြွကြွအားပေးတာမျိုးတွေရှိပေမယ့်လည်း မက်ဆီဘက်မှာတော့ ဒါမျိုးအဖြစ်အပျက်တွေက အလွန်ရှားပါးပြီး မရှိသလောက် ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီကိုဖိႏွိပ္ၿပီး ဆိုရွယ္မီဒီယာမွာ ခပ္ၾကြားၾကြားေအာင္ပြဲခံေနတဲ့ စီေရာ္နယ္ဒိုရဲ႕ အစ္မ

၂၁ ရာစု ေဘာလံုးေလာကမွာ မဟာၿပိဳင္ဘက္ေတြျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆီ တို႔ ၂ ေယာက္ဟာ ကြင္းထဲမွာ ၿပိဳင္ဆိုင္မႈေတြျပင္းထန္သလို ကြင္းျပင္ပမွာလည္း သူ႕ပရိသတ္၊ ကိုယ့္ပရိသတ္ အခိုင္အမာရရွိေနတဲ့သူေတြျဖစ္ပါတယ္။ မက္ဆီကို ပါရမီရွင္လို႔ အမ်ားစုကလက္ခံထားၾကသလို စီေရာ္နယ္ဒိုကိုလည္း မဆုတ္မနစ္တဲ့ ဇြဲ၊ လုံ႔လနဲ႔ ႀကိဳးစားတည္ေဆာက္ခဲ့တဲ့သူလို႔ ခ်ီးက်ဴးခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲမွာ ဒီ ၂ သင္း တစ္အုပ္စုတည္းက်ခဲ့ၿပီး ဒီကစားသမား ၂ ေယာက္ရဲ႕ အားၿပိဳင္ပြဲကို ပရိသတ္ေတြက တ၀ႀကီးၾကည့္ရမယ္လို႔ ထင္မွတ္ထားခဲ့ေပမယ့္ စီေရာ္နယ္ဒိုဟာ အီတလီေျမပထမအေက်ာ့မွာ ကိုဗစ္ဗိုင္းရပ္စ္ပိုးကူးစက္ခံရမႈ ေၾကာင့္ မပါႏိုင္ခဲ့သလို ဂ်ဴဗင္တပ္ကလည္း ရႈံးနိမ့္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ကစားသြားခဲ့တဲ့ ဒုတိယအေက်ာ့မွာေတာ့ သူ ျပန္ပါလာႏိုင္ခဲ့သလို ဂ်ဴဗင္တပ္က လည္း စပိန္ေျမမွာ ဂိုးျပတ္ႏိုင္ခဲ့တဲ့အျပင္ စီေရာ္နယ္ဒိုက ပင္နယ္တီ ၂ ဂိုး သြင္းယူၿပီး ေအာင္ပြဲခံႏိုင္ခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ မိသားစု၀င္ထဲမွာ အငယ္ဆံုး ျဖစ္သလို သူ ကစားတဲ့ေဘာလံုးပြဲေတြကို မိခင္နဲ႔အတူ အစ္မေတြက အခ်ိန္ရရင္ ရသလို လာၾကည့္ခဲ့တာမ်ဳိးေတြရွိၿပီး သူ႕အစ္မေတြဟာ သူ႕ေမာင္ရဲ႕ေအာင္ျမင္မႈ ေတြကို ဆိုရွယ္မီဒီယာမွာ ထုတ္ေဖာ္ပို႔စ္တင္ေလ့ရွိပါတယ္။

အခုတစ္ခါမွာလည္း သူ႕ရဲ႕အစ္မ အယ္မာအာဗီယာယိုဟာ ဂ်ဴဗင္တပ္နဲ႔ ဘာစီလိုနာပြဲအၿပီးမွာ မက္ဆီ က စီေရာ္နယ္ဒိုကို အရိုအေသေပးေနတဲ့ပံုစံမ်ဳိး သူ႕ရဲ႕ဆုိရွယ္မီဒီယာစာမ်က္ႏွာမွာ ေအာင္ပြဲခံတင္ထားခဲ့ပါတယ္။ စီေရာ္နယ္ဒိုတစ္ေယာက္ ကိုဗစ္ဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးပဲြမကစားႏိုင္တဲ့အခ်ိန္တုန္းကလည္း အာဗီယာယိုဟာ ေပၚတူဂီအသင္းရဲ႕ ေလ့က်င့္ေရးပံုစံကို ေ၀ဖန္ခဲ့သလို ေပၚတူဂီမွာရွိတဲ့ စီေရာ္နယ္ဒိုရဲ႕အိမ္ ေဖာက္ထြင္းခံရတုန္းကလည္း မီဒီယာေတြက သတင္းမွားေတြ ေဖာ္ျပခဲ့တာကို ျပစ္တင္ခဲ့ပါေသးတယ္။

မက္ဆီနဲ႔ စီေရာ္နယ္ဒိုအၾကား ၿပိဳင္ဆိုင္မႈ ဟာ စပိန္ေျမမွာ သူတို႔ ၂ ေယာက္ အတူရွိစဥ္ကတည္းက အျပင္းထန္ဆံုးအေန အထားရွိခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိလည္း ရွိေနဆဲပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ မက္ဆီကို သူ႕ရဲ႕ၿပိဳင္ဘက္တစ္ေယာက္အေနနဲ႔ ဘယ္တုန္းကမွမရႈျမင္ခဲ့ဘဲ ကစား သမားေကာင္းတစ္ေယာက္အေနနဲ႔ပဲ သတ္မွတ္ထားတဲ့အေၾကာင္း ပြဲအၿပီး အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါေသးတယ္။

အခုလိုမ်ဳိး စီေရာ္နယ္ဒိုကို သူ႕ရဲ႕မိသားစု၀င္ေတြက တက္တက္ၾကြၾကြအားေပးတာမ်ဳိးေတြရွိေပမယ့္လည္း မက္ဆီဘက္မွာေတာ့ ဒါမ်ဳိးအျဖစ္အပ်က္ေတြက အလြန္ရွားပါးၿပီး မရွိသေလာက္ ပါပဲ။