မက်ဆီကို ပြိုင်ဘက်အဖြစ် တစ်ခါမှသဘောမထားခဲ့ဖူးကြောင်း စီရော်နယ်ဒို ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဂျူဗင်တပ်စ်အသင်း ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုက မိမိအနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို ပြိုင်ဘက်တစ်ဦးအဖြစ် တစ်ခါမှသဘောမထားခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

စီရော်နယ်ဒိုဟာ ဘာစီလိုနာကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ၂ဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်လူ မက်ကင်နီးက တစ်ဂိုးသွင်းယူနိုင်ခဲ့ကာ ဂျူဗင်တပ်စ်လည်း အုပ်စုပထမနေရာပါ ရယူနိုင်ခဲ့ပါတယ်။


မက်ဆီဟာ အဲဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၁ကြိမ်ရှိတဲ့အနက် ၇ကြိမ်အထိဂိုးပေါက်တည့်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ ၂နှစ်ကျော်အတွင်း ရော်နယ်ဒိုနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရာမှာ အခြေမလှဖြစ်သွားခဲ့ရပါတယ်။ ပွဲမတိုင်ခင်မှာ နှစ်ယောက်သား ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီးနောက် စီရော်နယ်ဒိုက မိမိတို့နှစ်ယောက်ကြား ဘာပြိုင်ဆိုင်မှုမှမရှိဘူးလို့ ပြောပါတယ်။

”ကျွန်တော်တို့နှစ်ယောက်ကြား အရမ်းကိုလှိုက်လှဲပျူငှာတဲ့ဆက်ဆံရေးရှိပါတယ်။

ကျွန်တော်တို့နှစ်ယောက်ဟာ နောက်ဆုံး ၁၂နှစ်၊ ၁၃နှစ်၊ ၁၄နှစ်လောက်အတွင်း ဆုပေးပွဲတွေမှာ အတူတူပွဲတက်ခဲ့တာပါ။ သူ့ကို ပြိုင်ဘက်အနေနဲ့ တစ်ခါမှသဘောမထားခဲ့ပါဘူး”

”မက်ဆီက သူ့အသင်းအတွက် အကောင်းဆုံးအရာတွေ လုပ်ဆောင်ပေးဖို့ အမြဲတမ်းကြိုးစားသလို ကျွန်တော်လည်း အဲဒီလိုပါပဲ။ သူနဲ့ဆက်ဆံရေးက အရမ်းကောင်းပါတယ်”လို့ စီရော်နယ်ဒိုက ပြောပါတယ်။

၂၀၀၃-၀၄ ရာသီနောက်ပိုင်း မက်ဆီဟာ ချန်ပီယံလိဂ်မှာ ပွဲတစ်ပွဲအတွင်း ဂိုးမသွင်းနိုင်ဘဲ ဂိုးပေါက်တည့်မှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားပြီး စုစုပေါင်းဂိုးပေါက်ကန်သွင်းမှု ၁၁ကြိမ်ကလည်း ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ဂိုးမသွင်းနိုင်ဘဲ ဂိုးပေါက်ကန်သွင်းမှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့တဲ့ ၆ပွဲအတွင်း ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ စုစုပေါင်း ၁၃၃ဂိုးနဲ့ ၁၃၄ ဂိုးမြောက်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

”ဘာစီလိုနာက ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်သန်းနေရပေမယ့် ဘာစီလိုနာအဖြစ် ရပ်တည်နေဆဲပါပဲ။ ဒီပွဲမှာဂိုးပြတ်အနိုင်ရခဲ့လို့ ကျွန်တော်တို့ အရမ်းကိုပျော်ရွှင်မိပါတယ်”


”အုပ်စုပထမဖြစ်ရေးက မဖြစ်နိုင်သလောက်နီးပါးဖြစ်ခဲ့ပေမယ့် အဲဒီမစ်ရှင်ကို အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်”လို့ စီရော်နယ်ဒိုက ဆက်ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီကို ၿပိဳင္ဘက္အျဖစ္ တစ္ခါမွသေဘာမထားခဲ့ဖူးေၾကာင္း စီေရာ္နယ္ဒို ဖြင့္ဟ

ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ဂ်ဴဗင္တပ္စ္အသင္း ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး စီေရာ္နယ္ဒိုက မိမိအေနနဲ႔ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီကို ၿပိဳင္ဘက္တစ္ဦးအျဖစ္ တစ္ခါမွသေဘာမထားခဲ့ဖူးေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

စီေရာ္နယ္ဒိုဟာ ဘာစီလိုနာကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပင္နယ္တီကေန ၂ဂိုးသြင္းယူခဲ့ၿပီး ကြင္းလယ္လူ မက္ကင္နီးက တစ္ဂိုးသြင္းယူႏိုင္ခဲ့ကာ ဂ်ဴဗင္တပ္စ္လည္း အုပ္စုပထမေနရာပါ ရယူႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ အဲဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၁၁ႀကိမ္ရွိတဲ့အနက္ ၇ႀကိမ္အထိဂိုးေပါက္တည့္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘဲ ၂ႏွစ္ေက်ာ္အတြင္း ေရာ္နယ္ဒိုနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ခဲ့ရာမွာ အေျခမလွျဖစ္သြားခဲ့ရပါတယ္။ ပြဲမတိုင္ခင္မွာ ႏွစ္ေယာက္သား ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုက မိမိတို႔ႏွစ္ေယာက္ၾကား ဘာၿပိဳင္ဆိုင္မႈမွမရွိဘူးလို႔ ေျပာပါတယ္။

”ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကား အရမ္းကိုလႈိက္လွဲပ်ဴငွာတဲ့ဆက္ဆံေရးရွိပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ ေနာက္ဆုံး ၁၂ႏွစ္၊ ၁၃ႏွစ္၊ ၁၄ႏွစ္ေလာက္အတြင္း ဆုေပးပြဲေတြမွာ အတူတူပြဲတက္ခဲ့တာပါ။ သူ႔ကို ၿပိဳင္ဘက္အေနနဲ႔ တစ္ခါမွသေဘာမထားခဲ့ပါဘူး။ မက္ဆီက သူ႔အသင္းအတြက္ အေကာင္းဆုံးအရာေတြ လုပ္ေဆာင္ေပးဖို႔ အၿမဲတမ္းႀကိဳးစားသလို ကြၽန္ေတာ္လည္း အဲဒီလိုပါပဲ။ သူနဲ႔ဆက္ဆံေရးက အရမ္းေကာင္းပါတယ္”လို႔ စီေရာ္နယ္ဒိုက ေျပာပါတယ္။

၂၀၀၃-၀၄ ရာသီေနာက္ပိုင္း မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ ပြဲတစ္ပြဲအတြင္း ဂိုးမသြင္းႏိုင္ဘဲ ဂိုးေပါက္တည့္မႈအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္သြားၿပီး စုစုေပါင္းဂိုးေပါက္ကန္သြင္းမႈ ၁၁ႀကိမ္ကလည္း ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ ဂိုးမသြင္းႏိုင္ဘဲ ဂိုးေပါက္ကန္သြင္းမႈအမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာနဲ႔ ရင္ဆိုင္ခဲ့တဲ့ ၆ပြဲအတြင္း ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ စုစုေပါင္း ၁၃၃ဂိုးနဲ႔ ၁၃၄ ဂိုးေျမာက္ဂိုးေတြ သြင္းယူႏိုင္ခဲ့ပါတယ္။”ဘာစီလိုနာက ခက္ခဲၾကမ္းတမ္းတဲ့ကာလကို ျဖတ္သန္းေနရေပမယ့္ ဘာစီလိုနာအျဖစ္ ရပ္တည္ေနဆဲပါပဲ။ ဒီပြဲမွာဂိုးျပတ္အႏိုင္ရခဲ့လို႔ ကြၽန္ေတာ္တို႔ အရမ္းကိုေပ်ာ္႐ႊင္မိပါတယ္”

”အုပ္စုပထမျဖစ္ေရးက မျဖစ္ႏိုင္သေလာက္နီးပါးျဖစ္ခဲ့ေပမယ့္ အဲဒီမစ္ရွင္ကို ေအာင္ျမင္စြာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အသင္း ကစားပုံလည္း ေကာင္းမြန္ခဲ့ပါတယ္”လို႔ စီေရာ္နယ္ဒိုက ဆက္ေျပာပါတယ္။