မက်ဆီကြောင့် အော်ဒါတွေပုံကျလာမယ့်အရေး ပြင်ဆင်ထားဖို့ ကလပ်စတိုးတွေကို ပီအက်စ်ဂျီညွှန်ကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီရဲ့ အပြောင်းအရွှေ့သတင်းတွေကတော့ ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်လာနေပါပြီ။ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လှုပ်ရှားနေတာဖြစ်ပြီး၊ သဘောတူညီမှု ရဖို့နီးစပ်နေပြီ ဖြစ်ကြောင်း ကြားသိရပါတယ်။

မကြာသေးခင်က ဘာစီလိုနာဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ အီမီလီရူးဆတ်က ရာသီကုန်ရင် မက်ဆီနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး ကစားသမားဘက်က လစာလျှော့မယူဘူးဆိုရင် အသင်းကနေထွက်ရလိမ့်မယ်လို့ပြောထားတာပါ။

ဘာစီလိုနာဟာ ကိုဗစ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးပိုင်းထိခိုက်လာလို့ ကစားသမားတွေရဲ့လစာကိုလျှော့ချဖို့ စီစဉ်နေတာပါ။ ဒါကြောင့် ကလပ်မှာ တစ်ပတ်လစာပေါင် ၅၀၀၀၀၀ နဲ့လစာအများဆုံး ရသူဖြစ်နေတဲ့ မက်ဆီ ဟာလည်းလစာကိုမဖြစ်မနေလျှော့ယူရဖို့ လိုအပ်လာခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာနဲ့ ၂၀၂၁ မှာစာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ရာသီကုန်ရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာနိုင်မှာဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ မန်စီးတီးလည်းအပါအဝင်ဖြစ်ပေမယ့် သူ့ရဲ့လက်ရှိတစ်ပတ်လစာ အတိုင်းပေးချေဖို့က ပီအက်စ်ဂျီ သာလျင်ပိုပြီးတတ်နိုင်တာဖြစ်ပါတယ်။

ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရော်ဘင်ဘိုင်ယာနာက ကလပ်ဟာ ပဲရစ်မြို့မှာရှိတဲ့ သူတို့ရဲ့စတိုးဆိုင်တွေကို မက်ဆီအတွက်အမှတ်တရ ပစ္စည်းတွေအော်ဒါပုံကျလာမယ့် အရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ လျှို့ဝှက်ညွှန်ကြားထားတာကို သူသိခဲ့ရတယ်လို့ဆိုခဲ့တာပါ။

မက်ဆီကိုခေါ်နိုင်ပြီဆိုတာနဲ့ သူ့ရဲ့အင်္ကျီတွေ၊ အခြားအမှတ်တရ ပစ္စည်းတွေဟာ အရမ်းကိုရောင်းအားမြင့်တက်လာမှာဖြစ်လို့ ဒီအတွက်ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကနေထွက်ခွင့်တောင်းခံခဲ့သူဖြစ်လို့ လာမယ့်နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဆက်နေဖို့မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ထားကြပါတယ်။

သတင်းတွေ အရတော့ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးမှုတွေကို မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီ ကိုယ်တိုင်က ဦးဆောင် ပြုလုပ်နေတယ်လို့သိရပါတယ်။

မက်ဆီရဲ့ ပြောင်းရွှေ့မှုကိစ္စကို ပိုပြီးတွန်းအားဖြစ်စေတာကတော့ အသင်းဖော်ဟောင်း နေမာကြောင့်ပါပဲ။ ဘာစီလိုနာတိုက်စစ်မှူးဟောင်း နေမာကလည်း သူ့အနေနဲ့ အသင်းဖော်ဟောင်း မက်ဆီနဲ့ ပြန်လည်တွဲဖက်ကစားချင်တယ်ဆိုပြီးထုတ်ဖော်ပြောဆိုထားပါတယ်။

တစ်ဘက်မှာလည်း ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းကလည်း မက်ဆီကိုချိတ်ဆက်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ထားပါသေးတယ်။ ဒါကြောင့် မက်ဆီတစ်ယောက် အသင်းပြောင်းဖြစ်မှာလား၊ပြောင်းခဲ့ရင်လည်း ဘယ်အသင်းဆီရောက်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

မက်ဆီဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၇၄၆ ပွဲကစားပြီး ၆၄၂ ဂိုးသွင်းယူကာ ၂၇၈ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီေၾကာင့္ ေအာ္ဒါေတြပုံက်လာမယ့္အေရး ျပင္ဆင္ထားဖို႔ ကလပ္စတိုးေတြကို ပီအက္စ္ဂ်ီၫႊန္ၾကား

မက္ဆီရဲ႕ အ​ေျပာင္းအ​ေ႐ႊ႕သတင္း​​ေတြက​ေတာ့ ​က်ယ္က်ယ္​ေလာင္​ေလာင္ကို ထြက္​ေပၚလာ​ေနပါၿပီ။ ျပင္သစ္ အင္အားႀကီး အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီ အသင္းဟာ ဘာစီလိုနာ အသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ လႈပ္ရွား​ေနတာျဖစ္ၿပီး၊ သေဘာတူညီမႈ ရဖို႔နီးစပ္ေနၿပီ ျဖစ္ေၾကာင္း ၾကားသိရပါတယ္။

ပီအက္စ္ဂ်ီကလပ္အသင္းရဲ႕စတိုးဆိုင္ေတြမွာလည္း မက္ဆီ ေရာက္လာခဲ့ရင္ အက်ႌေတြေရာင္းခ်ဖို႔နဲ႕ ေအာ္ဒါေတြပုံက်လာမယ့္အေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ကလပ္စတိုးဆိုင္ေတြကို လွ်ိဳ႕ဝွက္ၫႊန္ၾကားခ်က္ထုတ္ျပန္ထားတယ္ လို႔သိရပါတယ္။ အသင္းရဲ႕ စတိုးဆိုင္ေတြမွာ မက္ဆီနဲ႔ ဆက္စပ္တဲ့ အသင္းရဲ႕ ပစၥည္းေတြကို အစုလိုက္ အၿပဳံလိုက္ လာေရာက္ ဝယ္ယူလာမယ့္ အေနအထား အတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ထားဖို႔ ကလပ္ တာ၀န္ရွိသူ​ေတြက စတိုးဆိုင္ေတြကို မွာၾကားထားတယ္ ဆိုတဲ့ သတင္းထြက္ရွိထားတာပဲ ျဖစ္ပါတယ္။

မၾကာေသးခင္က ဘာစီလိုနာဥကၠဌေလာင္းတစ္ဦးျဖစ္တဲ့ အီမီလီ႐ူးဆတ္က ရာသီကုန္ရင္ မက္ဆီနဲ႔ ေဆြးေႏြးသြားမွာျဖစ္ၿပီး ကစားသမားဘက္က လစာေလွ်ာ့မယူဘူးဆိုရင္ အသင္းကေနထြက္ရလိမ့္မယ္လို႔ေျပာထားတာပါ။ ဘာစီလိုနာဟာ ကိုဗစ္ကပ္ေဘးေၾကာင့္ ဘ႑ာေရးပိုင္းထိခိုက္လာလို႔ ကစားသမားေတြရဲ႕လစာကိုေလွ်ာ့ခ်ဖို႔ စီစဥ္ေနတာပါ။ ဒါေၾကာင့္ ကလပ္မွာ တစ္ပတ္လစာေပါင္ ၅၀၀၀၀၀ နဲ႔လစာအမ်ားဆုံး ရသူျဖစ္ေနတဲ့ မက္ဆီ ဟာလည္းလစာကိုမျဖစ္မေနေလွ်ာ့ယူရဖို႔ လိုအပ္လာခဲ့တာပါ။ မက္ဆီဟာ ဘာစီလိုနာနဲ႔ ၂၀၂၁ မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္လို႔ရာသီကုန္ရင္ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထြက္ခြာႏိုင္မွာျဖစ္ပါတယ္။

မက္ဆီကို ေခၚယူလိုတဲ့အသင္းေတြထဲမွာ မန္စီးတီးလည္းအပါအဝင္ျဖစ္ေပမယ့္ သူ႔ရဲ႕လက္ရွိတစ္ပတ္လစာ အတိုင္းေပးေခ်ဖို႔က ပီအက္စ္ဂ်ီ သာလ်င္ပိုၿပီးတတ္ႏိုင္တာျဖစ္ပါတယ္။ ျပင္သစ္ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ေရာ္ဘင္ဘိုင္ယာနာက ကလပ္ဟာ ပဲရစ္ၿမိဳ႕မွာရွိတဲ့ သူတို႔ရဲ႕စတိုးဆိုင္ေတြကို မက္ဆီအတြက္အမွတ္တရ ပစၥည္းေတြေအာ္ဒါပုံက်လာမယ့္ အေရးအတြက္ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ လွ်ိဳ႕ဝွက္ၫႊန္ၾကားထားတာကို သူသိခဲ့ရတယ္လို႔ဆိုခဲ့တာပါ။ မက္ဆီကိုေခၚႏိုင္ၿပီဆိုတာနဲ႔ သူ႔ရဲ႕အက်ႌေတြ၊ အျခားအမွတ္တရ ပစၥည္းေတြဟာ အရမ္းကိုေရာင္းအားျမင့္တက္လာမွာျဖစ္လို႔ ဒီအတြက္ျပင္ဆင္ထားၾကဖို႔ ၫႊန္ၾကားထားတာျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အသင္းကေနထြက္ခြင့္ေတာင္းခံခဲ့သူျဖစ္လို႔ လာမယ့္ေႏြရာသီ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ဆက္ေနဖို႔မျဖစ္ႏိုင္ေတာ့ဘူးလို႔ သုံးသပ္ထားၾကပါတယ္။

သတင္းေတြ အရေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီ အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ေဆြးေႏြးမႈေတြကို မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့စ္မက္ဆီ ကိုယ္တိုင္က ဦးေဆာင္ ျပဳလုပ္ေနတယ္လို႕သိရပါတယ္။ မက္ဆီရဲ႕ ​ေျပာင္း​ေ႐ႊ႕မႈကိစၥကို ပိုၿပီးတြန္းအားျဖစ္​ေစတာက​​ေတာ့ အသင္း​ေဖာ္​​ေဟာင္း ​ေနမာေၾကာင့္ပါပဲ။ ဘာစီလိုနာတိုက္စစ္မႉးေဟာင္း ေနမာကလည္း သူ႔အ​ေနနဲ႔ အသင္းေဖာ္ေဟာင္း မက္ဆီနဲ႔ ျပန္လည္တြဲဖက္ကစားခ်င္တယ္ဆိုၿပီးထုတ္ေဖာ္ေျပာဆိုထားပါတယ္။ တစ္ဘက္မွာလည္း ဂြာဒီယိုလာရဲ႕ မန္ခ်က္စတာ စီးတီးအသင္းကလည္း မက္ဆီကိုခ်ိတ္ဆက္ခဲ့တယ္ဆိုတဲ့ သတင္း​ေတြထြက္ထားပါေသးတယ္။ ဒါ​ေၾကာင့္ မက္ဆီတစ္​ေယာက္ အသင္း​ေျပာင္းျဖစ္မွာလား၊​ေျပာင္းခဲ့ရင္လည္း ဘယ္အသင္းဆီ​ေရာက္မလဲဆိုတာ ​ေစာင့္ၾကည့္ၾကရ​ေအာင္ပါ။ မက္ဆီဟာ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၇၄၆ ပြဲကစားၿပီး ၆၄၂ ဂိုးသြင္းယူကာ ၂၇၈ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။