
ဘောလုံးပွဲဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ ရော်ဘီဆားဗေ့ချ်က ရော်နယ်ဒိုအနေနဲ့
ဒီရာသီမှာ အမှတ်ပေးပွဲသွင်းဂိုး ၂၀ အထိရရှိခဲ့ပြီး မက်ဆီက ပီအက်စ်ဂျီမှာ
အခုလိုမျိုးဆက်လက် ရုန်းကန်နေရမယ်ဆိုရင်ဒိုလေးဟာ ထာဝရအကြီးကျယ်ဆုံးနဲ့
အခမ်းနားဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးရရှိထားပြီး
လိဂ်ဂိုးကတော့ ၃ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ မက်ဆီကတော့ ပီအက်စ်ဂျီအတွက်
လိဂ်ဂိုးလုံးဝမရရှိသေးဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ တစ်ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
မက်ဆီအနေနဲ့ အသင်းသစ်မှာ အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွေရှိခဲ့ပေမယ့်
အသင်းဖော်တွေအဆုံးသတ်ညံ့ဖျင်းမှုကြောင့် ဖန်တီးမှုပါ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
“ဒီရာသီက ရော်နယ်ဒိုကို ထာဝရ အကောင်းဆုံး ကစားသမားအဖြစ် အဆုံးအဖြတ်
ပေးသွားနိုင်တဲ့ ဘောလုံးရာသီလို့ ကျွန်တော် ထင်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီ
အသင်းကို ရောက်ရှိချိန်ကစပြီး ဒဏ်ရာပြဿနာ ကြုံခဲ့ရတာကြောင့်
အကောင်းဆုံး မစတင်နိုင်ခဲ့ပါဘူး။ ကျွန်တော် ဒီလိုပြောရတဲ့ အကြောင်းအရင်းက
ရော်နယ်ဒိုဟာ ပေါ်တူဂီမှာ ကစားသမားဘဝ စတင်ခဲ့ပြီး စပိန်မှာလည်း အကောင်းဆုံး
လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက အီတလီ စီးရီးအေမှာရော အင်္ဂလန်
ပရီးမီးယားလိဂ်မှာပါ သူ့ရဲ့ခြေစွမ်းကို မှတ်ကျောက်တင် နိုင်ခဲ့သူပါ။”
“အဲဒီနောက် အခု အသက်၃၆နှစ်အရွယ်မှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့ပြီး
စွမ်းဆောင်ရည်ကောင်းတွေ ပြသနေခဲ့ပြန်ပါတယ်။”
“ဒါ့ကြောင့် ဒီရာသီမှာ ရော်နယ်ဒိုက သွင်းဂိုး၂၀လောက်အထိ သွင်းယူနိုင်ပြီး၊
လီဂူးဝမ်းမှာ မက်ဆီ ရုန်းကန်နေရဦးမယ်ဆိုရင် ရော်နယ်ဒိုက ထာဝရ
အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံ ရနိုင်ပါတယ်။”လို့
ရော်ဘီဆားဗေ့ချ်က ဆိုသွားခဲ့ပါတယ်။
zawgyi
မက္ဆီက အခုလိုမ်ိဳး ဆက္လက္႐ုန္းကန္ေနရမယ္ဆိုရင္ ဒိုေလးဟာ ထာဝရအႀကီးက်ယ္ဆုံးနဲ႔ အခမ္းနားဆုံးကစားသမားျဖစ္လာလိမ့္မယ္ …
ေဘာလုံးပြဲေဝဖန္သုံးသပ္သူတစ္ဦးျဖစ္တဲ့ ေရာ္ဘီဆားေဗ့ခ်္က ေရာ္နယ္ဒိုအေနနဲ႔
ဒီရာသီမွာ အမွတ္ေပးပြဲသြင္းဂိုး ၂၀ အထိရရွိခဲ့ၿပီး မက္ဆီက ပီအက္စ္ဂ်ီမွာ
အခုလိုမ်ိဳးဆက္လက္ ႐ုန္းကန္ေနရမယ္ဆိုရင္ဒိုေလးဟာ ထာဝရအႀကီးက်ယ္ဆုံးနဲ႔
အခမ္းနားဆုံးကစားသမားျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။
လက္ရွိမွာ ေရာ္နယ္ဒိုက ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၅ ဂိုးရရွိထားၿပီး
လိဂ္ဂိုးကေတာ့ ၃ ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။ မက္ဆီကေတာ့ ပီအက္စ္ဂ်ီအတြက္
လိဂ္ဂိုးလုံးဝမရရွိေသးဘဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာသာ တစ္ဂိုးသြင္းယူထားတာျဖစ္ပါတယ္။
မက္ဆီအေနနဲ႔ အသင္းသစ္မွာ အခြင့္အလမ္းဖန္တီးေပးႏိုင္မႈေတြရွိခဲ့ေပမယ့္
အသင္းေဖာ္ေတြအဆုံးသတ္ညံ့ဖ်င္းမႈေၾကာင့္ ဖန္တီးမႈပါ ေပ်ာက္ဆုံးေနတာျဖစ္ပါတယ္။
“ဒီရာသီက ေရာ္နယ္ဒိုကို ထာဝရ အေကာင္းဆုံး ကစားသမားအျဖစ္ အဆုံးအျဖတ္
ေပးသြားႏိုင္တဲ့ ေဘာလုံးရာသီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီ
အသင္းကို ေရာက္ရွိခ်ိန္ကစၿပီး ဒဏ္ရာျပႆနာ ႀကဳံခဲ့ရတာေၾကာင့္
အေကာင္းဆုံး မစတင္ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္ ဒီလိုေျပာရတဲ့ အေၾကာင္းအရင္းက
ေရာ္နယ္ဒိုဟာ ေပၚတူဂီမွာ ကစားသမားဘဝ စတင္ခဲ့ၿပီး စပိန္မွာလည္း အေကာင္းဆုံး
လုပ္ျပႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူက အီတလီ စီးရီးေအမွာေရာ အဂၤလန္
ပရီးမီးယားလိဂ္မွာပါ သူ႔ရဲ႕ေျခစြမ္းကို မွတ္ေက်ာက္တင္ ႏိုင္ခဲ့သူပါ။”
“အဲဒီေနာက္ အခု အသက္၃၆ႏွစ္အ႐ြယ္မွာ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာခဲ့ၿပီး
စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနခဲ့ျပန္ပါတယ္။”
“ဒါ့ေၾကာင့္ ဒီရာသီမွာ ေရာ္နယ္ဒိုက သြင္းဂိုး၂၀ေလာက္အထိ သြင္းယူႏိုင္ၿပီး၊
လီဂူးဝမ္းမွာ မက္ဆီ ႐ုန္းကန္ေနရဦးမယ္ဆိုရင္ ေရာ္နယ္ဒိုက ထာဝရ
အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံ ရႏိုင္ပါတယ္။”လို႔
ေရာ္ဘီဆားေဗ့ခ်္က ဆိုသြားခဲ့ပါတယ္။