မက်ဆီထံကနေ အကောင်းဆုံး သင်ယူခဲ့တဲ့ ဗီလာရဲ့ ကြယ်ပွင့်ကစားသမားလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Louie Barry ဟာ လီယွန်နယ် မက်ဆီနဲ့အတူ လေ့ကျင့်ခဲ့ဖူးပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ အာဂျင်တီးနား မာစတာဆီကနေ ဘာတွေသင်ယူခဲ့လဲဆိုတာ သက်သေပြသွားခဲ့ပါတယ်။ Callum Rowe ရဲ့ ပေးပို့မှုမှတစ်ဆင့် Barry ဟာ ရေးဝီလီယံကို ဖြတ်ကျော်ပြီး Caoimhin Kelleher ရဲ့ အောက်ခြေထောင့်ကို အနိမ့်ဘော ကန်သွင်းယူခဲ့ပြီး မက်ဆီကို ဂုဏ်ယူစေခဲ့ပါတယ်။ Barry ရဲ့ သွင်းဂိုးကြောင့် ဗီလာအသင်းဟာ ပထမပိုင်းမှာ လီဗာပူးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ အသက် ( ၁၇ ) နှစ်အရွယ် ကစားသမားဟာ လီဗာပူးအသင်းရဲ့ ဖာဘင်ဟိုနဲ့ အကျီင်္လှဲခဲ့ကြပါတယ်။ ” ကျွန်တော်ဂိုးသွင်းချိန် ကျွန်တော့်မိသားစုက TV ရှေ့မှာ အော်ဟစ်နေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့်ဘဝရဲ့ ဂုဏ်အယူရဆုံး အခိုက်အတန့်ပါ။ ကျွန်တော် ဂိုးသွင်းလိုက်ချိန် အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့တောင် ထင်ခဲ့ပါတယ်။ ” လက်ရှိ လီဗာပူး ကစားသမား ဂျိမ်းစ် မီလ်နာ လိဒ်အသင်းနဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် စတင်ကစားချိန် ၂၀၂၀ ၊ နိုဝင်ဘာလမှာ Barry ကို မွေးဖွားခြင်းမရှိသေးပါဘူး။ ထာဝရ ဗီလာပရိသတ်တစ်ဦးဖြစ်တဲ့ Barry ဟာ ဝက်စ်ဘရွန်းအသင်းမှာ ( ၁၀ ) နှစ်ကြာ ကစားပြီးနောက် ( ၂၀၁၉ ) ဇူလိုင်လမှာ ဘာစီလိုနာအသင်းထံ ပေါင် ( ၂ ) သိန်းခွဲနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။

ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မက်ဆီနဲ့အတူ ( ၅ ) လကြာ လေ့ကျင့်ပြီးနောက် ပေါင် ( ၈၈၀, ၀၀၀ ) နဲ့ သူ့ရဲ့ နှလုံးသားထဲက အသင်းမှာ ကစားဖို့ West Midlands ကို ပြန်လာခဲ့ပါတယ်။ ဝက်စ်ဘရွန်းအသင်းက ယခုအပြောင်းအရွေ့အပေါ် စိတ်ပျက်လျက်ရှိပြီး ဗီလာ နှင့် ဘာစီလိုနာအသင်းတို့ကို တရားစွဲဖို့တောင် စီစဉ်ခဲ့ပါသေးတယ်။ အင်္ဂလန်ဘောလုံးလောကကို ပြန်ရောက်လာပြီးနောက် Barry ဟာ အသင်းကြီးနဲ့ ကစားရဖို့ ဝေးကွားနေခဲ့ပြီး အသင်းကြီးကစားသမားအများစုသာ ကိုရိုနာဗိုင်းရပ်ကြောင့် ယခုလို isolation မလုပ်ရပါက Barry အနေနဲ့ ဒီရာသီအတွင်း ပွဲထွက်ခွင့်ရရှိဖို့ မသေချာပါဘူး။

ယခု ပွဲစဉ်မှာ တစ်ဦးတည်းသော တိုက်စစ်မှူးအနေနဲ့ ကစားခဲ့တဲ့ Barry ဟာ သွင်းဂိုးမရယူခင်ကတည်းက သူ့ရဲ့ အစွမ်းအစကို ပြသထားနိုင်ခဲ့တယ်။ ဗီလာဟာ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ( ၁ ) နာရီဝန်းကျင်အထိ ပျမ်းမျှအသက် ( ၁၈ ) နှစ်သာ ရှိတဲ့ အသင်းနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Louie Barry ဟာ လီယြန္နယ္ မက္ဆီနဲ႔အတူ ေလ့က်င့္ခဲ့ဖူးၿပီး လီဗာပူးအသင္းနဲ႔ပြဲစဥ္မွာ အာဂ်င္တီးနား မာစတာဆီကေန ဘာေတြသင္ယူခဲ့လဲဆိုတာ သက္ေသျပသြားခဲ့ပါတယ္။ Callum Rowe ရဲ႕ ေပးပို႔မႈမွတစ္ဆင့္ Barry ဟာ ေရးဝီလီယံကို ျဖတ္ေက်ာ္ၿပီး Caoimhin Kelleher ရဲ႕ ေအာက္ေျခေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူခဲ့ၿပီး မက္ဆီကို ဂုဏ္ယူေစခဲ့ပါတယ္။ Barry ရဲ႕ သြင္းဂိုးေၾကာင့္ ဗီလာအသင္းဟာ ပထမပိုင္းမွာ လီဗာပူးအသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရရလာဒ္ ထြက္ေပၚခဲ့ပါတယ္။ ပြဲၿပီးဆုံးခ်ိန္မွာ အသက္ ( ၁၇ ) ႏွစ္အ႐ြယ္ ကစားသမားဟာ လီဗာပူးအသင္းရဲ႕ ဖာဘင္ဟိုနဲ႔ အက်ီလၤွဲခဲ့ၾကပါတယ္။

” ကြၽန္ေတာ္ဂိုးသြင္းခ်ိန္ ကြၽန္ေတာ့္မိသားစုက TV ေရွ႕မွာ ေအာ္ဟစ္ေနၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါက ကြၽန္ေတာ့္ဘဝရဲ႕ ဂုဏ္အယူရဆုံး အခိုက္အတန႔္ပါ။ ကြၽန္ေတာ္ ဂိုးသြင္းလိုက္ခ်ိန္ အႏိုင္ရဖို႔ အခြင့္အေရးရွိတယ္လို႔ေတာင္ ထင္ခဲ့ပါတယ္။ ” လက္ရွိ လီဗာပူး ကစားသမား ဂ်ိမ္းစ္ မီလ္နာ လိဒ္အသင္းနဲ႔ ပထမဆုံး ပရီးမီးယားလိဂ္ ပြဲစဥ္ စတင္ကစားခ်ိန္ ၂၀၂၀ ၊ ႏိုဝင္ဘာလမွာ Barry ကို ေမြးဖြားျခင္းမရွိေသးပါဘူး။ ထာဝရ ဗီလာပရိသတ္တစ္ဦးျဖစ္တဲ့ Barry ဟာ ဝက္စ္ဘ႐ြန္းအသင္းမွာ ( ၁၀ ) ႏွစ္ၾကာ ကစားၿပီးေနာက္ ( ၂၀၁၉ ) ဇူလိုင္လမွာ ဘာစီလိုနာအသင္းထံ ေပါင္ ( ၂ ) သိန္းခြဲနဲ႔ ေျပာင္းေ႐ြ႕ခဲ့ပါတယ္။

ေဘာလုံးသမိုင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔အတူ ( ၅ ) လၾကာ ေလ့က်င့္ၿပီးေနာက္ ေပါင္ ( ၈၈၀, ၀၀၀ ) နဲ႔ သူ႔ရဲ႕ ႏွလုံးသားထဲက အသင္းမွာ ကစားဖို႔ West Midlands ကို ျပန္လာခဲ့ပါတယ္။ ဝက္စ္ဘ႐ြန္းအသင္းက ယခုအေျပာင္းအေ႐ြ႕အေပၚ စိတ္ပ်က္လ်က္ရွိၿပီး ဗီလာ ႏွင့္ ဘာစီလိုနာအသင္းတို႔ကို တရားစြဲဖို႔ေတာင္ စီစဥ္ခဲ့ပါေသးတယ္။ အဂၤလန္ေဘာလုံးေလာကကို ျပန္ေရာက္လာၿပီးေနာက္ Barry ဟာ အသင္းႀကီးနဲ႔ ကစားရဖို႔ ေဝးကြားေနခဲ့ၿပီး အသင္းႀကီးကစားသမားအမ်ားစုသာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ယခုလို isolation မလုပ္ရပါက Barry အေနနဲ႔ ဒီရာသီအတြင္း ပြဲထြက္ခြင့္ရရွိဖို႔ မေသခ်ာပါဘူး။

ယခု ပြဲစဥ္မွာ တစ္ဦးတည္းေသာ တိုက္စစ္မႉးအေနနဲ႔ ကစားခဲ့တဲ့ Barry ဟာ သြင္းဂိုးမရယူခင္ကတည္းက သူ႔ရဲ႕ အစြမ္းအစကို ျပသထားႏိုင္ခဲ့တယ္။ ဗီလာဟာ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ ပြဲကစားခ်ိန္ ( ၁ ) နာရီဝန္းက်င္အထိ ပ်မ္းမွ်အသက္ ( ၁၈ ) ႏွစ္သာ ရွိတဲ့ အသင္းနဲ႔ ကစားခဲ့တာျဖစ္ပါတယ္။ Source : Daily Mail