မက်ဆီနေရာကို ဆက်ခံမယ့် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂန္တဝင် တိုက်စစ်မှူးကြီး အီတိုးက လက်ရှိ ဘာစီလိုနာမှာ မက်ဆီနေရာ အစားထိုးနိုင်မယ့် ကစားသမား ရှိနေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆမ်မြူရယ် အီတိုးက အန်ဆူဖာတီဟာ ကမ့်နူးမှာ ဘာစီလိုနာရဲ့ Ballon d’ Or ( ၆ ) ကြိမ် ပိုင်ရှင် လီယွန်နယ်မက်ဆီရဲ့ အရိုက်အရာကို ဆက်ခံယ့် ကစားသမားလို့ ယုံကြည်နေပါတယ်။

လာလီဂါ အသင်းကြီးဟာ ( ၂၀၂၀ ) နွေရာသီက အာဂျင်တီးနားကစားသမားကို ဆုံးရှုံးရဖို့ နီးစပ်ခဲ့ပေမယ့် မက်ဆီက စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ဘာစီလိုနာမှာပဲ ဆက်လက်ကုန်ဆုံးမယ်လို့ Goal နဲ့ အင်တာဗျူးမှတဆင့် တရားဝင် ကြေညာခဲ့ပါတယ်။ မက်ဆီဟာ ကတ်တလန်တာ ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားခြင်း မရှိသေးတဲ့အတွက် ယခု ဇန်နဝါရီ အပြောင်းအရွေ့ကာလမှစပြီး အခြားသော စိတ်ဝင်စားတဲ့ အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာကတော့ အသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမားကို ကာလရှည် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ တကယ်လို့ မက်ဆီသာ ယခုနှစ် ရာသီကုန်မှာ အသင်းပြောင်းရွေ့ပါက ခေါ်ယူနိုင်ဖွယ်ရှိတဲ့အသင်းတွေအဖြစ် မန်စီးတီး နှင့် ပီအက်စ်ဂျီအသင်းတို့က အဓိက ရေပန်းစားလျက် ရှိပါတယ်။

မက်ဆီ နေရာအစားထိုးဖို့ ဆိုတာ ဖြစ်နိုင်ဖို့ နည်းပါးပေမယ့် အီတိုးကတော့ အသက် ( ၁၈ ) အနှစ်အရွယ် တိုက်စစ်မှူး အန်ဆူဖာတီဟာ မက်ဆီအရိုက်အရာကို ဆက်ခံမယ့်သူလို့ ဆိုလိုက်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းက SPORTbible နဲ့ တွေ့ဆုံရာမှာ ” ကျွန်တော်ကတော့ ဖာတီဟာ ဘာစီလိုနာရဲ့ အနာဂတ်မှာ အားထားရမယ့် ကစားသမားပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။

” လက်ရှိမှာ အံ့သြစရာခြေစွမ်းတွေ ပြသထားပြီး အသင်းက ဂရုတစိုက် ပြုစုပေးထောင်ပေးဖို့ပဲ လိုအပ်နေပါတယ်။ ” ” မက်ဆီနေရာ ဆက်ခံနိုင်ဖို့ မျှော်လင့်ရမှာပါ။ ” အီတိုးဟာ မက်ဆီ အသင်းကြီးနဲ့အတူ စတင်ကစားခွင့်ရချိန်မှာ ဘာစီလိုနာနဲ့အတူရှိနေပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကမ့်နူးမှာ ဆုဖလားတွေ သိမ်းပိုက်ခဲ့ပါတယ်။ Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂႏၲဝင္ တိုက္စစ္မႉးႀကီး အီတိုးက လက္ရွိ ဘာစီလိုနာမွာ မက္ဆီေနရာ အစားထိုးႏိုင္မယ့္ ကစားသမား ရွိေနၿပီလို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဆမ္ျမဴရယ္ အီတိုးက အန္ဆူဖာတီဟာ ကမ့္ႏူးမွာ ဘာစီလိုနာရဲ႕ Ballon d’ Or ( ၆ ) ႀကိမ္ ပိုင္ရွင္ လီယြန္နယ္မက္ဆီရဲ႕ အ႐ိုက္အရာကို ဆက္ခံယ့္ ကစားသမားလို႔ ယုံၾကည္ေနပါတယ္။ လာလီဂါ အသင္းႀကီးဟာ ( ၂၀၂၀ ) ေႏြရာသီက အာဂ်င္တီးနားကစားသမားကို ဆုံးရႈံးရဖို႔ နီးစပ္ခဲ့ေပမယ့္ မက္ဆီက စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ဘာစီလိုနာမွာပဲ ဆက္လက္ကုန္ဆုံးမယ္လို႔ Goal နဲ႔ အင္တာဗ်ဴးမွတဆင့္ တရားဝင္ ေၾကညာခဲ့ပါတယ္။

မက္ဆီဟာ ကတ္တလန္တာ ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားျခင္း မရွိေသးတဲ့အတြက္ ယခု ဇန္နဝါရီ အေျပာင္းအေ႐ြ႕ကာလမွစၿပီး အျခားေသာ စိတ္ဝင္စားတဲ့ အသင္းေတြနဲ႔ လြတ္လပ္စြာ ေဆြးေႏြးခြင့္ ရွိေနပါတယ္။ ဒါေပမယ့္ ဘာစီလိုနာကေတာ့ အသင္းရဲ႕ ထာဝရအေကာင္းဆုံး ကစားသမားကို ကာလရွည္ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိပါတယ္။ တကယ္လို႔ မက္ဆီသာ ယခုႏွစ္ ရာသီကုန္မွာ အသင္းေျပာင္းေ႐ြ႕ပါက ေခၚယူႏိုင္ဖြယ္ရွိတဲ့အသင္းေတြအျဖစ္ မန္စီးတီး ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔က အဓိက ေရပန္းစားလ်က္ ရွိပါတယ္။ မက္ဆီ ေနရာအစားထိုးဖို႔ ဆိုတာ ျဖစ္ႏိုင္ဖို႔ နည္းပါးေပမယ့္ အီတိုးကေတာ့ အသက္ ( ၁၈ ) အႏွစ္အ႐ြယ္ တိုက္စစ္မႉး အန္ဆူဖာတီဟာ မက္ဆီအ႐ိုက္အရာကို ဆက္ခံမယ့္သူလို႔ ဆိုလိုက္ပါတယ္။

ဘာစီလိုနာ တိုက္စစ္မႉးေဟာင္းက SPORTbible နဲ႔ ေတြ႕ဆုံရာမွာ ” ကြၽန္ေတာ္ကေတာ့ ဖာတီဟာ ဘာစီလိုနာရဲ႕ အနာဂတ္မွာ အားထားရမယ့္ ကစားသမားပါ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ” လက္ရွိမွာ အံ့ၾသစရာေျခစြမ္းေတြ ျပသထားၿပီး အသင္းက ဂ႐ုတစိုက္ ျပဳစုေပးေထာင္ေပးဖို႔ပဲ လိုအပ္ေနပါတယ္။ ” ” မက္ဆီေနရာ ဆက္ခံႏိုင္ဖို႔ ေမွ်ာ္လင့္ရမွာပါ။ ” အီတိုးဟာ မက္ဆီ အသင္းႀကီးနဲ႔အတူ စတင္ကစားခြင့္ရခ်ိန္မွာ ဘာစီလိုနာနဲ႔အတူရွိေနၿပီး ၂၀၀၄ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိ ကမ့္ႏူးမွာ ဆုဖလားေတြ သိမ္းပိုက္ခဲ့ပါတယ္။ Source : Goal