မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြားက ခြားနားချက်ကြီးကို ရှင်းပြလိုက်တဲ့ အာသာ

လက်ရှိကစားနေသူတွေထဲမှာရော ကစားသမားဟောင်းတွေထဲမှာပါ မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြား ဘယ်သူပိုကောင်းတယ်ဆိုတဲ့ သူတို့ရဲ့ကိုင်ပိုင်အမြင်တွေရှိကြပါတယ်။

အဲဒီအိုဟောင်းနေပြီဖြစ်တဲ့မေးခွန်းအတွက် ဘယ်တုန်းကမှ တိကျတဲ့အဖြေရှိလာလိမ့်မှာ မဟုတ်ပါဘူး။

သူတို့နှစ်ယောက်စလုံးနဲ့ အတူတွဲကစားခဲ့ဖူးတဲ့ ရှားရှားပါးပါးကစားသမားတွေထဲက တစ်ယောက်ကတော့ ကွင်းလယ်လူအာသာဖြစ်ကာ ပြီးခဲ့တဲ့ဇွန်လကမှ ဘာစီလိုနာကနေ ဂျူဗင်တပ်ကိုရောက်လာခဲ့တာပါ။

အခုတော့ အာသာက အဝတ်အစားလဲခန်းထဲက သူတို့နှစ်ယောက်ကြား ခြားနားချက်ကြီးတစ်ခုကို သတိထားမိပြီး ရှင်းပြလိုက်ပါတယ်။

”စီရော်နယ်ဒိုဟာ မက်ဆီထက် သူ့ကိုယ်သူပိုပြီးဖော်ပြနိုင်စွမ်းရှိပြီး အဝတ်အစားလဲခန်းထဲမှာ အားလုံးနဲ့လည်း အဆင်ပြေပါတယ်။ သူဟာ အဝတ်အစားလဲခန်းထဲမှာ အရမ်းကို active ဖြစ်တာပါ။ အားလုံးကိုလည်း စကားပြောပါတယ်”လို့ အာသာက ဆိုပါတယ်။

ဆက်လက်ပြီး အာသာက”တစ်ယောက်ချင်းမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ ဖော်ပြတဲ့ ကိုင်ပိုင်နည်းလမ်းတွေရှိကြပါတယ်။ မက်ဆီက သူ့ရဲ့လုပ်ဆောင်မှုနဲ့ဖော်ပြပေမယ့် သိပ်အများကြီးလို့ မထင်ရပါဘူး။ စီရော်နယ်ဒိုကျရင်တော့ အားလုံးက သတိထားမိကြတယ်”လို့ ဆိုပါတယ်။

အာသာ အခုလိုပြောခဲ့တာကို ကြည့်မယ်ဆိုရင် သူဟာ မက်ဆီရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ သိပ်ပြီးအားရတဲ့ပုံ မပေါ်ပါဘူး။

အာသာဟာ နူးကမ့်မှာ ၂ ရာသီကြာကစားခဲ့တာဆိုတော့ စုစုပေါင်း သူတို့ကြား  Ballon d’Or ဆု ၁၁ ကြိမ်ရရှိထားတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက်မှာ ဘယ်သူ့ကိုပိုကြိုက်လဲလို့ မေးမြန်းတော့ အခုလို ပြန်ဖြေပါတယ်။

”စီရော်နယ်ဒိုပေါ့ဗျာ။ ကျွန်တော်တို့က အတူကစားနေတာလေ။ ကျွန်တော်က စီရော်နယ်ဒိုနဲ့ ရင်းရင်းနှီးနှီးကြီးမဟုတ်ပေမယ့် ကျွန်တော်တို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးတော့ ရှိပါတယ်”လို့ အာသာက ဖြေခဲ့တာပါ။

Zawgyi

မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ၾကားက ျခားနားခ်က္ႀကီးကို ရွင္းျပလိုက္တဲ့ အာသာ

လက္ရွိကစားေနသူေတြထဲမွာေရာ ကစားသမားေဟာင္းေတြထဲမွာပါ မက္ဆီနဲ႔စီေရာ္နယ္ဒုိတုိ႔ၾကား ဘယ္သူပိုေကာင္းတယ္ဆုိတဲ့ သူတုိ႔ရဲ႕ကိုင္ပိုင္အျမင္ေတြရွိၾကပါတယ္။

အဲဒီအုိေဟာင္းေနၿပီျဖစ္တဲ့ေမးခြန္းအတြက္ ဘယ္တုန္းကမွ တိက်တဲ့အေျဖရွိလာလိမ့္မွာ မဟုတ္ပါဘူး။

သူတုိ႔ႏွစ္ေယာက္စလုံးနဲ႔ အတူတြဲကစားခဲ့ဖူးတဲ့ ရွားရွားပါးပါးကစားသမားေတြထဲက တစ္ေယာက္ကေတာ့ ကြင္းလယ္လူအာသာျဖစ္ကာ ၿပီးခဲ့တဲ့ဇြန္လကမွ ဘာစီလုိနာကေန ဂ်ဴဗင္တပ္ကိုေရာက္လာခဲ့တာပါ။

အခုေတာ့ အာသာက အ၀တ္အစားလဲခန္းထဲက သူတုိ႔ႏွစ္ေယာက္ၾကား ျခားနားခ်က္ႀကီးတစ္ခုကို သတိထားမိၿပီး ရွင္းျပလုိက္ပါတယ္။

”စီေရာ္နယ္ဒိုဟာ မက္ဆီထက္ သူ႔ကိုယ္သူပိုၿပီးေဖာ္ျပႏိုင္စြမ္းရွိၿပီး အ၀တ္အစားလဲခန္းထဲမွာ အားလုံးနဲ႔လည္း အဆင္ေျပပါတယ္။ သူဟာ အ၀တ္အစားလဲခန္းထဲမွာ အရမ္းကို active ျဖစ္တာပါ။ အားလုံးကိုလည္း စကားေျပာပါတယ္”လုိ႔ အာသာက ဆုိပါတယ္။

ဆက္လက္ၿပီး အာသာက”တစ္ေယာက္ခ်င္းမွာ ေခါင္းေဆာင္မႈနဲ႔ပတ္သက္လို႔ ေဖာ္ျပတဲ့ ကိုင္ပိုင္နည္းလမ္းေတြရွိၾကပါတယ္။ မက္ဆီက သူ႔ရဲ႕လုပ္ေဆာင္မႈနဲ႔ေဖာ္ျပေပမယ့္ သိပ္အမ်ားႀကီးလို႔ မထင္ရပါဘူး။ စီေရာ္နယ္ဒိုက်ရင္ေတာ့ အားလုံးက သတိထားမိၾကတယ္”လုိ႔ ဆုိပါတယ္။

အာသာ အခုလိုေျပာခဲ့တာကို ၾကည့္မယ္ဆုိရင္ သူဟာ မက္ဆီရဲ႕ေခါင္းေဆာင္မႈနဲ႔ပတ္သက္လုိ႔ သိပ္ၿပီးအားရတဲ့ပုံ မေပၚပါဘူး။

အာသာဟာ ႏူးကမ့္မွာ ၂ ရာသီၾကာကစားခဲ့တာဆုိေတာ့ စုစုေပါင္း သူတုိ႔ၾကား  Ballon d’Or ဆု ၁၁ ႀကိမ္ရရွိထားတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ႏွစ္ေယာက္မွာ ဘယ္သူ႔ကိုပိုႀကိဳက္လဲလို႔ ေမးျမန္းေတာ့ အခုလုိ ျပန္ေျဖပါတယ္။

”စီေရာ္နယ္ဒိုေပါ့ဗ်ာ။ ကၽြန္ေတာ္တုိ႔က အတူကစားေနတာေလ။ ကၽြန္ေတာ္က စီေရာ္နယ္ဒိုနဲ႔ ရင္းရင္းႏွီးႏွီးႀကီးမဟုတ္ေပမယ့္ ကၽြန္ေတာ္တုိ႔ၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးေတာ့ ရွိပါတယ္”လို႔ အာသာက ေျဖခ့ဲတာပါ။