မက်ဆီနဲ့ စီရော်နယ်ဒိုတု့ိလိုအဆင့်မျိုး ရောက်ဖို့ ရီးရဲလ်ကို ဟယ်ရီကိန်း ပြောင်းရမယ်လို့ ဝုဒ်ဂိတ် ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနောက်ခံလူဟောင်း ဂျိုနသန်ဂုဒ်ဂိတ်က တကယ်လို့ ရီးရဲလ်ကသာ ကမ်းလှမ်းလာမယ်ဆိုရင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ မဖြစ်မနေ အသင်းပြောင်းရွှေ့ရလိမ့်မယ်လို့ တိုက်တွန်းသွားပြီး တကယ်လို့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့လိုအဆင့်မျိုး ရောက်ချင်တယ်ဆိုရင် ဆုဖလားတွေ ဆက်တိုက်စိန်ခေါ်နိုင်တဲ့အသင်းဆီ ပြောင်းရွှေ့ဖို့ လိုအပ်နေတယ်လို့ အကြံပြုလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး ယူနိုက်တက်နဲ့စီးတီးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဥရောပအသင်းကြီးတွေကလည်း ဟယ်ရီကိန်းရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။

အဲဒီထဲမှာ ရီးရဲလ်လည်း ပါဝင်နေပြီး တစ်ချိန်ချိန်မှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းလာနိုင်ပါတယ်။

ရီးရဲလ်အသင်းသားဟောင်းလည်းဖြစ်တဲ့ ဝုဒ်ဂိတ်က တကယ်လို့ ရီးရဲလ်ကသာ ကမ်းလှမ်းလာရင် ဟယ်ရီကိန်းအနေနဲ့ ငြင်းဆန်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်တွေ ပြည့်မြောက်စေဖို့အတွက် အသင်းကြီးတစ်သင်းသင်းကို ပြောင်းရွှေ့ရလိမ့်မယ်လို့လည်း တိုက်တွန်းသွားပါတယ်။

”တကယ်လို့ ရီးရဲလ်ကသာ ဟယ်ရီကိန်းကို ကမ်းလှမ်းလာရင် သူ့ဘက်က မဖြစ်မနေလက်သင့်ခံရပါလိမ့်မယ်။ တကယ်လို့ ဆုဖလားတွေ ရယူလိုပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့လိုအဆင့်မျိုး ရောက်ချင်တယ်ဆိုရင် ဟယ်ရီကိန်းအနေနဲ့ သွားကိုသွားရမှာပါ”

”စပါးအသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုရဖို့ လမ်းမမြင်ပါဘူး။ ဒီရာသီမှမဟုတ်ပါဘူး။ နောက်ရာသီအနည်းငယ်လောက်အထိ စပါးအသင်း အမှတ်ပေးချန်ပီယံမဖြစ်နိုင်သေးပါဘူး။ မန်စီးတီး၊ လီဗာပူးတို့နဲ့ စပါးအသင်းကြား ကွာဟချက်က ကြီးမားနေဆဲပါပဲ။ တကယ်လို့ ရီးရဲလ်ကို ပြောင်းရွှေ့မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ အခွင့်အရေးလည်း ပိုရမှာသေချာပါတယ်”လို့ ဝုဒ်ဂိတ်က ပြောပါတယ်။

ဝုဒ်ဂိတ်က စပါးအသင်းအတွက် စုစုပေါင်း ၃၁၁ပွဲမှာ ၂၀၅ ဂိုးအထိသွင်းယူထားတဲ့ ဟယ်ရီကိန်းကို ရီးရဲလ်အသင်း အလိုရှိနေတဲ့အကြောင်းရင်းကို သိနားလည်ကြောင်း ဆိုခဲ့ပြီး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

”ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးပါပဲ။ အဂူရိုနဲ့ ဗာဒီတို့ ကြံ့ခိုင်မှုအပြည့်ရနေတဲ့အချိန်မှာတောင်မှ ဟယ်ရီကိန်းကို သူတို့ မမီပါဘူး။ ဟယ်ရီကိန်းအနေနဲ့ အလန်ရှီးယားရဲ့ပရီးမီးယားလိဂ်ဂိုးသွင်းမှတ်တမ်းကို ချိုးဖျက်ဖို့ အခွင့်အရေးလည်းရှိနေပါတယ်”လို့ ဝုဒ်ဂိတ်က ပြောပါတယ်။

နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားဟာ ပရီးမီးယားလိဂ်မှာ စံချိန်တင်ဂိုးပေါင်း ၂၆၀ သွင်းယူထားပြီး ဟယ်ရီကိန်းက ၁၅၃ ဂိုးနဲ့ အဆင့် ၉ နရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီနဲ႔ စီေရာ္နယ္ဒိုတု႔ိလုိအဆင့္မ်ိဳး ေရာက္ဖုိ႔ ရီးရဲလ္ကို ဟယ္ရီကိန္း ေျပာင္းရမယ္လုိ႔ ၀ုဒ္ဂိတ္ ေျပာ

စပါးအသင္းေနာက္ခံလူေဟာင္း ဂ်ိဳနသန္ဂုဒ္ဂိတ္က တကယ္လုိ႔ ရီးရဲလ္ကသာ ကမ္းလွမ္းလာမယ္ဆုိရင္ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းအေနနဲ႔ မျဖစ္မေန အသင္းေျပာင္းေရႊ႕ရလိမ့္မယ္လုိ႔ တုိက္တြန္းသြားၿပီး တကယ္လုိ႔ မက္ဆီနဲ႔ စီေရာ္နယ္ဒုိတုိ႔လုိအဆင့္မ်ိဳး ေရာက္ခ်င္တယ္ဆိုရင္ ဆုဖလားေတြ ဆက္တုိက္စိန္ေခၚႏုိင္တဲ့အသင္းဆီ ေျပာင္းေရႊ႕ဖို႔ လိုအပ္ေနတယ္လုိ႔ အႀကံျပဳလုိက္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ရွိ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚခဲ့ဖူးၿပီး ယူႏုိက္တက္နဲ႔စီးတီးတုိ႔က သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားေနသလုိ ဥေရာပအသင္းႀကီးေတြကလည္း ဟယ္ရီကိန္းရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။

အဲဒီထဲမွာ ရီးရဲလ္လည္း ပါ၀င္ေနၿပီး တစ္ခ်ိန္ခ်ိန္မွာ ဟယ္ရီကိန္းကို ေခၚယူဖုိ႔ ကမ္းလွမ္းလာႏိုင္ပါတယ္။ ရီးရဲလ္အသင္းသားေဟာင္းလည္းျဖစ္တဲ့ ၀ုဒ္ဂိတ္က တကယ္လုိ႔ ရီးရဲလ္ကသာ ကမ္းလွမ္းလာရင္ ဟယ္ရီကိန္းအေနနဲ႔ ျငင္းဆန္ဖို႔ ခက္ခဲႏိုင္တယ္လုိ႔ ဆုိခဲ့ၿပီး သူ႕ရဲ႕ရည္မွန္းခ်က္ေတြ ျပည့္ေျမာက္ေစဖို႔အတြက္ အသင္းႀကီးတစ္သင္းသင္းကို ေျပာင္းေရႊ႕ရလိမ့္မယ္လုိ႔လည္း တုိက္တြန္းသြားပါတယ္။
”တကယ္လုိ႔ ရီးရဲလ္ကသာ ဟယ္ရီကိန္းကို ကမ္းလွမ္းလာရင္ သူ႕ဘက္က မျဖစ္မေနလက္သင့္ခံရပါလိမ့္မယ္။ တကယ္လုိ႔ ဆုဖလားေတြ ရယူလုိၿပီး မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔လုိအဆင့္မ်ိဳး ေရာက္ခ်င္တယ္ဆုိရင္ ဟယ္ရီကိန္းအေနနဲ႔ သြားကိုသြားရမွာပါ”

”စပါးအသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုရဖုိ႔ လမ္းမျမင္ပါဘူး။ ဒီရာသီမွမဟုတ္ပါဘူး။ ေနာက္ရာသီအနည္းငယ္ေလာက္အထိ စပါးအသင္း အမွတ္ေပးခ်န္ပီယံမျဖစ္ႏိုင္ေသးပါဘူး။ မန္စီးတီး၊ လီဗာပူးတို႔နဲ႔ စပါးအသင္းၾကား ကြာဟခ်က္က ႀကီးမားေနဆဲပါပဲ။ တကယ္လုိ႔ ရီးရဲလ္ကို ေျပာင္းေရႊ႕မယ္ဆုိရင္ ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ဖို႔ အခြင့္အေရးလည္း ပိုရမွာေသခ်ာပါတယ္”လုိ႔ ၀ုဒ္ဂိတ္က ေျပာပါတယ္။ ၀ုဒ္ဂိတ္က စပါးအသင္းအတြက္ စုစုေပါင္း ၃၁၁ပြဲမွာ ၂၀၅ ဂိုးအထိသြင္းယူထားတဲ့ ဟယ္ရီကိန္းကို ရီးရဲလ္အသင္း အလုိရွိေနတဲ့အေၾကာင္းရင္းကို သိနားလည္ေၾကာင္း ဆုိခဲ့ၿပီး ဟယ္ရီကိန္းက ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

”ကၽြန္ေတာ့္အေနနဲ႔ဆုိရင္ေတာ့ ဟယ္ရီကိန္းက ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတုိက္စစ္မွဴးပါပဲ။ အဂူ႐ိုနဲ႔ ဗာဒီတုိ႔ ႀကံ့ခိုင္မႈအျပည့္ရေနတဲ့အခ်ိန္မွာေတာင္မွ ဟယ္ရီကိန္းကို သူတုိ႔ မမီပါဘူး။ ဟယ္ရီကိန္းအေနနဲ႔ အလန္ရွီးယားရဲ႕ပရီးမီးယားလိဂ္ဂိုးသြင္းမွတ္တမ္းကို ခ်ိဳးဖ်က္ဖို႔ အခြင့္အေရးလည္းရွိေနပါတယ္”လုိ႔ ၀ုဒ္ဂိတ္က ေျပာပါတယ္။ နယူးကာဆယ္ဂႏၳ၀င္တုိက္စစ္မွဴး အလန္ရွီးယားဟာ ပရီးမီးယားလိဂ္မွာ စံခ်ိန္တင္ဂိုးေပါင္း ၂၆၀ သြင္းယူထားၿပီး ဟယ္ရီကိန္းက ၁၅၃ ဂိုးနဲ႔ အဆင့္ ၉ နရာမွာ ရပ္တည္ေနပါတယ္။