မက်ဆီနဲ့ နေမာ အတူတွဲကစားနိုင်ဖို့ ကတိစကားပုံစံမျိုး ပြောလာတဲ့သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာနဲ့ မက်ဆီတို့ရဲ့ ပွေလီတဲ့ ဇာတ်လမ်းဟာ အခုအချိန်မှာ အသင်းရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေအတွက် စည်းရုံးပြောဆိုစရာ အကြောင်းအရာကောင်းဖြစ်နေပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ရွေးကောက်ပွဲ နီးကပ်လာတာ နဲ့ အမျှ ကိုယ်စားလှယ်လောင်းတွေ ဟာ ပုံစံအမျိုးမျိုး နဲ့ အနိုင်ရရေး ဒို့အရေး ကြိုးစားနေကြပါတယ်။

မက်ဆီနဲ့ နေမာ ကို ရှေ့တန်းတင် ဗန်းပြ မဲဆွယ်နေကြပါတယ်။

ရွေးကောက်ပွဲ အနိုင်ရဖို့ ရေပန်း အစားဆုံး ကိုယ်စားလှယ်လောင်းတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဂျော်ဒီ ဖာရီ ကတော့ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းအတွက် မက်ဆီ နဲ့ နေမာ တို့ အတူတူ တွဲပြီး ကစားပေးနေတာတောင် မြင်တွေ့ရနိုင်တယ်ဆိုပြီး ကတိစကားဆန်ဆန် စကားမျိုးပြောထားပါတယ်။

ကိုယ်စားလှယ်လောင်းဆိုတာ စကားရွန်းရွန်းဝေအောင် ပြောဆိုတတ်ရပါတယ်။ အဲဒီတော့ နေမာ ကို ပြန်လည် ခေါ်ယူဖို့ အတွက် အဆက်အသွယ်တွေတောင် လုပ်ထားပြီးပြီ ဖြစ်တဲ့ အကြောင်းကို လည်း ကိုယ်စားလှယ်လောင်းကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

“နေမာ တစ်ယောက် နူးကမ့် ကို ပြန်လည် ရောက်ရှိ လာပါလိမ့်မယ်။ ဒါပေမယ့် သူလုပ်ဆောင်ပေးရမယ့် အချက်တွေရှိပါတယ်။ ပထမဆုံး လုပ်ဆောင်ပေးရမှာကတော့ နေမာ အနေနဲ့ အသင်း အပေါ် စွဲချက်တင်ထားတဲ့ အမှု ကို ပြန်ရုပ်သိမ်းရမှာ ဖြစ်သလို ၊ တောင်းပန်မှုလည်း လုပ်ဆောင်ပေးရမှာပါ။ ဘယ်သူမဆို အမှားလုပ်တတ်ကြပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အမှားတွေ ကို လုပ်ဆောင်ခဲ့ဖူးတဲ့သူတွေချည်းပါပဲ။”

“ကျွန်တော်တို့ ဘက်ကတော့ သူ့ရဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံ ထားပြီးပြီ ဖြစ်သလို ၊ ဘာစီလိုနာဆီကို ပြန်လာနိုင်ချေတွေ ရှိတဲ့ အကြောင်းကိုလည်း ဆွေးနွေးထားပြီးပါပြီ” လို့ ကိုယ်စားလှယ်ကြီး ဂျော်ဒီ ဖာရီ ကပြောဆိုပါတယ်။ တော်တော်ပါးရည်နပ်ရည်ရှိတဲ့ ကိုယ်စားလှယ်ပါ။

နေမာတစ်ယောက်ကို ဘာစီလိုနာဆီ ပြန်ခေါ်တဲ့ ကိစ္စမှာ လိုက်လျောပေးရမယ့် အချက်တွေ၊ တောင်းပန်ရမယ့် ကိစ္စတွေထည့်ပြောထားတာကြောင့် အခြေအနေအမျိုးမျိုးအတွက် လွှဲချစရာ အချက်တွေရှိထားပါတယ်။

ဆက်လက်ပြီးဂျော်ဒီ ဖာရီက “ကမ္ဘာပေါ်က တတိယမြောက် အကောင်းဆုံး ကစားသမား တစ်ယောက် ကို ဘယ်အသင်းက မလိုချင်ဘဲ ရှိပါ့မလဲ။ နေမာ ကို ခေါ်ယူဖို့ နည်းလမ်းက တစ်ခုတည်းပဲ ကျန်တော့တာပါ။ အဲဒါက ကစားသမား ကိုယ်တိုင် အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆို ပေးရမှာပါပဲ။ ပြီးရင်တော့ သူ့ကို တစ်နှစ် ယူရို သန်း 40-45 သန်း လောက် လစာ ပေးမယ် ဆိုရင် လုံလောက်သွားပါပြီ။ မက်ဆီ နဲ့ နေမာ ဟာ လာမယ့် ရာသီမှာ ဘာစီလိုနာ အတွက် လက်တွဲပြီး ကစားပေးနေတာကို မြင်တွေ့ခွင့် ရလာနိုင်ပါတယ်။”

“ကျွန်တော့်အနေနဲ့ သေချာပေါက် ပြောနိုင်တာ တစ်ခုက တော့ မက်ဆီ ဟာ အသင်းကနေ လုံး၀ ထွက်ခွာသွားချင်တဲ့ ဆန္ဒမရှိဘူး ဆိုတာပါပဲ။ မက်ဆီ ရဲ့ ကိုယ်စားလှယ်တွေ နဲ့လည်း စကားပြောပြီးပါပြီ။ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးစရာတွေ အများကြီးရှိပါသေးတယ်။

မက်ဆီက အသင်းမပြောင်းဘူးဆိုပေမယ့် သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ ပုံစံမျိုး တည်ဆောက်ပေးတာမျိုးကို မြင်ချင်နေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။ မက်ဆီကပဲ နေမာကို ဆွဲခေါ်နိုင်မလား၊ နေမာကပဲ မက်ဆီကို အသင်းပြောင်းလာအောင်လုပ်နိုင်မလား၊ ကိုယ်စားလှယ်ကြီးကပဲကြားကနေ ဒိုင်စားလုပ်သွားမလား စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီနဲ႔ ​ေနမာ အတူတြဲကစားႏိုင္ဖို႔ ကတိစကားပုံစံမ်ိဳး ​ေျပာလာတဲ့သူ

ဘာစီလိုနာနဲ႔ ​မက္ဆီတို႔ရဲ႕ ​ေပြလီတဲ့ ဇာတ္လမ္းဟာ အခုအခ်ိန္မွာ အသင္းရဲ႕ ​​ေ႐ြး​ေကာက္ခံ ကိုယ္စားလွယ္​​ေလာင္း​ေတြအတြက္ စည္း႐ုံး​ေျပာဆိုစရာ အ​ေၾကာင္းအရာ​ေကာင္းျဖစ္​ေနပါတယ္။ ဘာစီလိုနာ အသင္းရဲ႕ ေ႐ြးေကာက္ပြဲ နီးကပ္လာတာ နဲ႔ အမွ် ကိုယ္စားလွယ္ေလာင္းေတြ ဟာ ပုံစံအမ်ိဳးမ်ိဳး နဲ႔ အႏိုင္ရ​ေရး ဒို႔အ​ေရး ႀကိဳးစား​ေနၾကပါတယ္။ မက္ဆီနဲ႔ ​ေနမာ ကို ​ေရွ႕တန္းတင္ ဗန္းျပ မဲဆြယ္​ေနၾကပါတယ္။

ေ႐ြးေကာက္ပြဲ အႏိုင္ရဖို႔ ေရပန္း အစားဆုံး ကိုယ္စားလွယ္ေလာင္းေတြ ထဲက တစ္ဦး ျဖစ္တဲ့ ေဂ်ာ္ဒီ ဖာရီ ကေတာ့ လာမယ့္ ေဘာလုံးရာသီမွာ ဘာစီလိုနာ အသင္းအတြက္ မက္ဆီ နဲ႔ ေနမာ တို႔ အတူတူ တြဲၿပီး ကစားေပးေနတာေတာင္ ျမင္ေတြ႕ရႏိုင္တယ္ဆိုၿပီး ကတိစကားဆန္ဆန္ စကားမ်ိဳး​ေျပာထားပါတယ္။ ကိုယ္စားလွယ္​ေလာင္းဆိုတာ စကား႐ြန္း႐ြန္း​ေ၀​ေအာင္ ​ေျပာဆိုတတ္ရပါတယ္။ အဲဒီ​ေတာ့ ေနမာ ကို ျပန္လည္ ေခၚယူဖို႔ အတြက္ အဆက္အသြယ္ေတြေတာင္ လုပ္ထားၿပီးၿပီ ျဖစ္တဲ့ အေၾကာင္းကို လည္း ကိုယ္စားလွယ္​ေလာင္းႀကီးက ထုတ္​ေဖာ္​ေျပာဆိုထားပါတယ္။

“ေနမာ တစ္​ေယာက္ ႏူးကမ့္ ကို ျပန္လည္ ေရာက္ရွိ လာပါလိမ့္မယ္။ ဒါေပမယ့္ သူလုပ္​ေဆာင္​ေပးရမယ့္ အခ်က္​ေတြရွိပါတယ္။ ပထမဆုံး လုပ္ေဆာင္​ေပးရမွာက​ေတာ့ ​ေနမာ အ​ေနနဲ႔ အသင္း အေပၚ စြဲခ်က္တင္ထားတဲ့ အမႈ ကို ျပန္႐ုပ္သိမ္းရမွာ ျဖစ္သလို ၊ ေတာင္းပန္မႈလည္း လုပ္ေဆာင္ေပးရမွာပါ။ ဘယ္သူမဆို အမွားလုပ္တတ္ၾကပါတယ္။ ကြၽန္​ေတာ္တို႔ အားလုံးဟာ အမွားေတြ ကို လုပ္ေဆာင္ခဲ့ဖူးတဲ့သူေတြခ်ည္းပါပဲ။”

“ကြၽန္​ေတာ္တို႔ ဘက္က​ေတာ့ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြ နဲ႔ ေတြ႕ဆုံ ထားၿပီးၿပီ ျဖစ္သလို ၊ ဘာစီလိုနာဆီကို ျပန္လာႏိုင္ေခ်ေတြ ရွိတဲ့ အေၾကာင္းကိုလည္း ေဆြးေႏြးထားၿပီးပါၿပီ” လို႔ ကိုယ္စားလွယ္ႀကီး ေဂ်ာ္ဒီ ဖာရီ က​ေျပာဆိုပါတယ္။ ​ေတာ္​ေတာ္ပါး​ရည္နပ္ရည္ရွိတဲ့ ကိုယ္စားလွယ္ပါ။ ​ေနမာတစ္​ေယာက္ကို ဘာစီလိုနာဆီ ျပန္​ေခၚတဲ့ ကိစၥမွာ လိုက္​ေလ်ာ​ေပးရမယ့္ အခ်က္​ေတြ၊ ​ေတာင္းပန္ရမယ့္ ကိစၥ​ေတြထည့္​ေျပာထားတာ​ေၾကာင့္ အ​ေျခအ​ေနအမ်ိဳးမ်ိဳးအတြက္ လႊဲခ်စရာ အခ်က္​ေတြရွိထားပါတယ္။

ဆက္လက္ၿပီးေဂ်ာ္ဒီ ဖာရီက “ကမာၻေပၚက တတိယေျမာက္ အေကာင္းဆုံး ကစားသမား တစ္ေယာက္ ကို ဘယ္အသင္းက မလိုခ်င္ဘဲ ရွိပါ့မလဲ။ ေနမာ ကို ေခၚယူဖို႔ နည္းလမ္းက တစ္ခုတည္းပဲ က်န္ေတာ့တာပါ။ အဲဒါက ကစားသမား ကိုယ္တိုင္ အသင္းေျပာင္းခြင့္ ေပးဖို႔ ေတာင္းဆို ေပးရမွာပါပဲ။ ၿပီးရင္ေတာ့ သူ႔ကို တစ္ႏွစ္ ယူ႐ို သန္း 40-45 သန္း ေလာက္ လစာ ေပးမယ္ ဆိုရင္ လုံေလာက္သြားပါၿပီ။ မက္ဆီ နဲ႔ ေနမာ ဟာ လာမယ့္ ရာသီမွာ ဘာစီလိုနာ အတြက္ လက္တြဲၿပီး ကစားေပးေနတာကို ျမင္ေတြ႕ခြင့္ ရလာႏိုင္ပါတယ္။”

“ကြၽန္​ေတာ့္အ​ေနနဲ႔ ေသခ်ာေပါက္ ေျပာႏိုင္တာ တစ္ခုက ​ေတာ့ မက္ဆီ ဟာ အသင္းကေန လုံး၀ ထြက္ခြာသြားခ်င္တဲ့ ဆႏၵမရွိဘူး ဆိုတာပါပဲ။ မက္ဆီ ရဲ႕ ကိုယ္စားလွယ္ေတြ နဲ႔လည္း စကားေျပာၿပီးပါၿပီ။ ဒါေပမယ့္ ညႇိႏႈိင္း​ေဆြး​ေႏြးစရာ​ေတြ အမ်ားႀကီးရွိပါ​​ေသးတယ္။မက္ဆီက အသင္းမ​ေျပာင္းဘူးဆို​​ေပမယ့္ သူ႔အ​ေနနဲ႔ အသင္းကို ဆုဖလားေတြ စိန္ေခၚႏိုင္တဲ့ ပုံစံမ်ိဳး တည္ေဆာက္ေပးတာမ်ိဳးကို ျမင္ခ်င္ေနပါတယ္” လို႔ ေျပာဆိုသြားခဲ့ ပါတယ္။ မက္ဆီကပဲ ​ေနမာကို ဆြဲ​ေခၚႏိုင္မလား၊ ​ေနမာကပဲ မက္ဆီကို အသင္း​ေျပာင္းလာ​ေအာင္လုပ္ႏိုင္မလား၊ ကိုယ္စားလွယ္ႀကီးကပဲၾကားက​ေန ဒိုင္စားလုပ္သြားမလား ​ေစာင့္ၾကည့္ၾကရ​ေအာင္ပါ။