မက်ဆီမမွေးခင်က ဘောလုံးကစားခဲ့သူ ယိုကိုဟားမားအသင်းနဲ့ ၁နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျပန်ဘောလုံးသမားကြီး ကာဇူယိုရှီ မီအူရာဟာ ယိုကိုဟားမားအသင်းနဲ့ ပရိုကစားသမားဘ၀ ၃၆ရာသီမြောက်အဖြစ် ၁နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၆ခုနှစ်က စတင်ပွဲထွက်ခဲ့တဲ့ မီအူရာက လာမယ့် ၅၄နှစ်ပြည့်မွေးနေ့လွန်မြောက်တဲ့အချိန်ထိ ဘောလုံး ဆက်ကစားနေဦးမှာ ဖြစ်ပါတယ်။

အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မီအူရာက “ကျွန်တော်တို့ ယိုကိုဟားမားနဲ့ ၂၀၂၁ရာသီအထိ စာချုပ်သက်တမ်းတိုးခဲ့ပါပြီ။ မနှစ်က ရာသီတုန်းကတော့ ကိုရိုနာကပ်ရောဂါသစ်ကြောင့် ကမ္ဘာကြီးက ခက်ခဲတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ပြီး လူမျိုးစုံရဲ့ အားပေးမှုကြောင့် ဘောလုံးပွဲတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ကစားဦးမှာပါ”

“ကျွန်တော် ခံစားချက်တွေ ရှိနေတဲ့ထိ ဆက်ကစားနိုင်ပါတယ်။ ဒါက ကျွန်တော် မကစားလိုက်ရတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပေမဲ့ ဘောလုံးကစားချင်တဲ့ စိတ်တွေကတော့ တိုးပွားနေတုန်းပါပဲ။ ဒီနှစ်ရာသီမှာ ကျွန်တော် ပွဲတွေ ပိုကစားချင်ပြီး သူတို့အတွက် နိုင်ပွဲ ယူဆောင်ပေးချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စတင်ဘာလက မီအူရာဟာ ကာဝါဆာကီကို ၃-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ဂျေလိဂ်ရဲ့ သမိုင်းတစ်လျောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ယခင်တုန်းက စံချိန်ရှင်ကတော့ အသက် ၄၅နှစ် ၂လ၊ ၁ရက်နဲ့ ဝင်ကစားထားတဲ့ နာကာယာမာပဲ ဖြစ်ပါတယ်။ မီအူရာဟာ ပီအက်စ်ဂျီအသင်းထက် ပိုအသက်ကြီးပြီး ဂျာဂင် ကလော့ပ်၊ ဂတ်စ်ကွိုင်နီတို့နဲ့ ရွယ်တူပဲ ဖြစ်ပါတယ်။

ဒါကြောင့် မီအူရာဟာ ၁၉၈၀ခုနှစ်ကနေ စတင်ပြီး ဆယ်စုနှစ်၅ခုကြာ ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမား၁ဦးလည်း ဖြစ်ခဲ့ပါတယ်။

မီအူရာဟာ ကစားသမားဘဝတစ်လျောက် ဆန်းတို့စ်၊ ဂျီနိုအာ၊ ဒိုင်နမိုဇာဂရက်၊ ဆစ်ဒနီအက်ဖ်စီ၊ ပယ်မီရက်စ်၊ ဒီဂျာအူ၊ ကိုသီဘာအပါအဝင် ဂျပန်ကလပ်တွေမှာလည်း ကစားခဲ့သလို နိုင်ငံအသင်းအတွက် ၈၉ပွဲကစားကာ ၅၅ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီမေမြးခင္က ေဘာလံုးကစားခဲ့သူ ယိုကိုဟားမားအသင္းနဲ႔ ၁ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆုိ

ဂ်ပန္ေဘာလံုးသမားၾကီး ကာဇူယိုရွီ မီအူရာဟာ ယိုကုိဟားမားအသင္းနဲ႔ ပရိုကစားသမားဘ၀ ၃၆ရာသီေျမာက္အျဖစ္ ၁ႏွစ္ စာခ်ဳပ္သက္တမ္းတုိးခဲ့ပါတယ္။ ဒါေၾကာင့္ ၁၉၈၆ခုႏွစ္က စတင္ပဲြထြက္ခဲ့တဲ့ မီအူရာက လာမယ့္ ၅၄ႏွစ္ျပည့္ေမြးေန႔လြန္ေျမာက္တဲ့အခ်ိန္ထိ ေဘာလံုး ဆက္ကစားေနဦးမွာ ျဖစ္ပါတယ္။ အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျပီးေနာက္ မီအူရာက “ကြ်န္ေတာ္တို႔ ယိုကိုဟားမားနဲ႔ ၂၀၂၁ရာသီအထိ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါျပီ။ မႏွစ္က ရာသီတုန္းကေတာ့ ကိုရုိနာကပ္ေရာဂါသစ္ေၾကာင့္ ကမၻာၾကီးက ခက္ခဲတဲ့ အေျခအေနကို ဆုိက္ေရာက္ခဲ့ျပီး လူမ်ိဳးစံုရဲ႕ အားေပးမႈေၾကာင့္ ေဘာလံုးပဲြေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဆက္ကစားဦးမွာပါ”

“ကြ်န္ေတာ္ ခံစားခ်က္ေတြ ရွိေနတဲ့ထိ ဆက္ကစားႏိုင္ပါတယ္။ ဒါက ကြ်န္ေတာ္ မကစားလိုက္ရတဲ့ ရာသီတစ္ခု ျဖစ္ခဲ့ေပမဲ့ ေဘာလံုးကစားခ်င္တဲ့ စိတ္ေတြကေတာ့ တုိးပြားေနတုန္းပါပဲ။ ဒီႏွစ္ရာသီမွာ ကြ်န္ေတာ္ ပဲြေတြ ပုိကစားခ်င္ျပီး သူတို႔အတြက္ ႏုိင္ပဲြ ယူေဆာင္ေပးခ်င္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။ စတင္ဘာလက မီအူရာဟာ ကာ၀ါဆာကီကိုိ ၃-၂နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ပါ၀င္ကစားခဲ့ျပီး ေဂ်လိဂ္ရဲ႕ သမိုင္းတစ္ေလ်ာက္ အသက္အၾကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္း ၀င္ခဲ့ပါတယ္။ ယခင္တုန္းက စံခ်ိန္ရွင္ကေတာ့ အသက္ ၄၅ႏွစ္ ၂လ၊ ၁ရက္နဲ႔ ၀င္ကစားထားတဲ့ နာကာယာမာပဲ ျဖစ္ပါတယ္။

မီအူရာဟာ ပီအက္စ္ဂ်ီအသင္းထက္ ပုိအသက္ၾကီးျပီး ဂ်ာဂင္ ကေလာ့ပ္၊ ဂတ္စ္ကြိဳင္နီတို႔နဲ႔ ရြယ္တူပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ မီအူရာဟာ ၁၉၈၀ခုႏွစ္ကေန စတင္ျပီး ဆယ္စုႏွစ္၅ခုၾကာ ျပိဳင္ပဲြေတြ ပါ၀င္ယွဥ္ျပိဳင္တဲ့ ကစားသမား၁ဦးလည္း ျဖစ္ခဲ့ပါတယ္။ မီအူရာဟာ ကစားသမားဘ၀တစ္ေလ်ာက္ ဆန္းတို႔စ္၊ ဂ်ီႏိုအာ၊ ဒိုင္နမုိဇာဂရက္၊ ဆစ္ဒနီအက္ဖ္စီ၊ ပယ္မီရက္စ္၊ ဒီဂ်ာအူ၊ ကိုသီဘာအပါအ၀င္ ဂ်ပန္ကလပ္ေတြမွာလည္း ကစားခဲ့သလို ႏိုင္ငံအသင္းအတြက္ ၈၉ပဲြကစားကာ ၅၅ဂိုး သြင္းထားႏိုင္ခဲ့ပါတယ္။