မက်ဆီရဲ့စာချုပ်အသေးစိတ်အခြေအနေကို ဖော်ထုတ်ခဲ့တဲ့ El Mundo သတင်းဌာနကို တရားစွဲမယ့် ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီရဲ့စာချုပ်အသေးစိတ်အခြေအနေကို ဖော်ထုတ်ခဲ့တဲ့ El Mundo သတင်းဌာနကို တရားစွဲဆိုသွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ဘာစီလိုနာဟာ မက်ဆီတစ်ယောက် အခုနွေရာသီမှာ စာချုပ်အဆုံးသတ်မယ်ဆိုရင် ယူရို ၅၅၅ သန်းပေးချေရမယ်လို့ စာချုပ်ပါအချက်အလက်တွေအရ သိရပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၁၇ ခုနှစ်တုန်းက ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

အယ်လ်မန်ဒိုသတင်းဌာနကတော့ မက်ဆီရဲ့စာချုပ်အနေအထားဟာ လစာ ၊ ပုံရိပ်အသုံးပြုခ ၊ အခွန်စတာတွေနဲ့ပေါင်းလိုရင် ဘာစီလိုနာအနေနဲ့ ယူရို ၅၅၅.၂၃၇.၆၁၉ သန်းလောက်အထိ ပေးချေရမယ်လို့ ဖော်ပြခဲ့ပါတယ်။

စာချုပ်ပါအချက်အလက်တွေအရ မက်ဆီဟာ ဘာစီလိုာနမှာ တစ်ရာသီကိုယူရို ၁၃၈ သန်းအထိရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာမှာသစ္စာရှိကြေးအဖြစ် တစ်နှစ်ကို ပေါင် ၆၉ သန်းအထိ ရရှိမှာဖြစ်ပါတယ်။

အယ်လ်မန်ဒိုကတော့ မက်ဆီရဲ့စာချုပ်သက်တမ်းက ၆ လကျန်သေးပေမယ့် လက်ရှိစာချုပ်အခြေအနေအရ ပေါင် ၄၅၂ သန်းအထိ ရရှိထားပြီးဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၈ – ၁၉ ရာသီတုန်းက ဖီဖာအကောင်းဆုံးဆုရရှိခဲ့တာကြောင့် လက်ရှိစာချုပ်အရ ပေါင် ၆၁၆၁၇၂ သန်းအပိုရရှိဦးမှာဖြစ်ပါတယ်။

အာဂျင်တီးနားသားဟာ တကယ်လို့ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ရမယ်ဆိုရင် နောက်ထပ်ပေါင် ၃.၁ သန်းရရှိဦးမှာဖြစ်ပါတယ်။

နောက်ထပ်လည်း တကယ်လို့ ပွဲ ၆၀ % ကိုပါဝင်ကစားခွင့်ရမယ်ဆိုရင် ပေါက် ၁.၄ သန်းရရှိဦးမှာဖြစ်သလို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ၊ လာလီဂါဆုဖလား နဲ့ ကိုပါဒယ်ရေးဖလားတို့ရရှိရင်လည်း ငွေကြေးတွေထပ်မံရရှိဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာ နဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပြဿနာဖြစ်ပွားခဲ့သလို အသင်းကလည်း ကိုဗစ်ကြောင့် ကစားသမားတွေရဲ့လစာ ၇၀ % ကိုဖြတ်တောက်ခဲ့ရပါတယ်။

အားလုံးပေါင်းလိုက်မယ်ဆိုရင် မက်ဆီရဲ့ လစာဟာ ကစားသမားတစ်ဦးတည်းအတွက် ဈေးအကြီးဆုံးစာချုပ်ဖြစ်လာဖွယ်ရှိနေပါတယ်။ ဘာစီလိုနာဟာ ၂၀၁၉ – ၂၀ ဘဏ္ဍာရေးရှင်းတမ်းအရ အကြွေးဟာ ပေါင် ၁ ဘီလီယံအထိ ရှိနေပါတယ်။

ကတ္တလန်သတင်းဌာန El Periodico ကလည်း ဘာစီလိုနာဟာ ကစားသမားတွေရောင်းချရငွေကနေ ပေါင် ၈၉ သန်းလောက်အထိရရှိဖို့ မျှော်လင့်နေကြောင်း ဖော်ပြခဲ့ပါတယ်။

Zawgyi

မက္ဆီရဲ႕စာခ်ုပ္အေသးစိတ္အေျခအေနကို ေဖာ္ထုတ္ခဲ့တဲ့ El Mundo သတင္းဌာနကို တရားစြဲမယ့္ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴး မက္ဆီရဲ႕စာခ်ုပ္အေသးစိတ္အေျခအေနကို ေဖာ္ထုတ္ခဲ့တဲ့ El Mundo သတင္းဌာနကို တရားစြဲဆိုသြားမယ္လို႔ တရား၀င္ထုတ္ျပန္လိုက္ပါတယ္။ ဘာစီလိုနာဟာ မက္ဆီတစ္ေယာက္ အခုေႏြရာသီမွာ စာခ်ဳပ္အဆံုးသတ္မယ္ဆိုရင္ ယူရို ၅၅၅ သန္းေပးေခ်ရမယ္လို႔ စာခ်ုပ္ပါအခ်က္အလက္ေတြအရ သိရပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ျပီး အခုဇြန္လမွာ ကုန္ဆံုးမွာျဖစ္ပါတယ္။

အယ္လ္မန္ဒိုသတင္းဌာနကေတာ့ မက္ဆီရဲ႕စာခ်ဳပ္အေနအထားဟာ လစာ ၊ ပံုရိပ္အသံုးျပဳခ ၊ အခြန္စတာေတြနဲ႔ေပါင္းလိုရင္ ဘာစီလိုနာအေနနဲ႔ ယူရို ၅၅၅.၂၃၇.၆၁၉ သန္းေလာက္အထိ ေပးေခ်ရမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ စာခ်ဳပ္ပါအခ်က္အလက္ေတြအရ မက္ဆီဟာ ဘာစီလိုာနမွာ တစ္ရာသီကိုယူရို ၁၃၈ သန္းအထိရရွိမွာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီဟာ ဘာစီလိုနာမွာသစၥာရွိေၾကးအျဖစ္ တစ္ႏွစ္ကို ေပါင္ ၆၉ သန္းအထိ ရရွိမွာျဖစ္ပါတယ္။ အယ္လ္မန္ဒိုကေတာ့ မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းက ၆ လက်န္ေသးေပမယ့္ လက္ရွိစာခ်ုပ္အေျခအေနအရ ေပါင္ ၄၅၂ သန္းအထိ ရရွိထားျပီးျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၁၈ – ၁၉ ရာသီတုန္းက ဖီဖာအေကာင္းဆံုးဆုရရွိခဲ့တာေၾကာင့္ လက္ရွိစာခ်ဳပ္အရ ေပါင္ ၆၁၆၁၇၂ သန္းအပိုရရွိဦးမွာျဖစ္ပါတယ္။

အာဂ်င္တီးနားသားဟာ တကယ္လို႔ ဘာစီလိုနာအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ရမယ္ဆုိရင္ ေနာက္ထပ္ေပါင္ ၃.၁ သန္းရရွိဦးမွာျဖစ္ပါတယ္။ ေနာက္ထပ္လည္း တကယ္လို႔ ပြဲ ၆၀ % ကိုပါ၀င္ကစားခြင့္ရမယ္ဆိုရင္ ေပါက္ ၁.၄ သန္းရရွိဦးမွာျဖစ္သလို ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္ ၊ လာလီဂါဆုဖလား နဲ႔ ကိုပါဒယ္ေရးဖလားတုိ႔ရရွိရင္လည္း ေငြေၾကးေတြထပ္မံရရွိဦးမွာျဖစ္ပါတယ္။ ဘာစီလိုနာ နဲ႔ မက္ဆီဟာ ျပီးခဲ့တဲ့ရာသီက ျပႆနာျဖစ္ပြားခဲ့သလို အသင္းကလည္း ကိုဗစ္ေၾကာင့္ ကစားသမားေတြရဲ႕လစာ ၇၀ % ကိုျဖတ္ေတာက္ခဲ့ရပါတယ္။

အားလံုးေပါင္းလိုက္မယ္ဆုိရင္ မက္ဆီရဲ႕ လစာဟာ ကစားသမားတစ္ဦးတည္းအတြက္ ေစ်းအၾကီးဆံုးစာခ်ဳပ္ျဖစ္လာဖြယ္ရွိေနပါတယ္။ ဘာစီလိုနာဟာ ၂၀၁၉ – ၂၀ ဘ႑ာေရးရွင္းတမ္းအရ အေၾကြးဟာ ေပါင္ ၁ ဘီလီယံအထိ ရွိေနပါတယ္။ ကတၱလန္သတင္းဌာန El Periodico ကလည္း ဘာစီလိုနာဟာ ကစားသမားေတြေရာင္းခ်ရေငြကေန ေပါင္ ၈၉ သန္းေလာက္အထိရရွိဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။