မက်ဆီရဲ့ ခေတ် ကျရိပ်ရောက်လာပြီလား…? ပွဲ ၅၀၀ ပြည့်ကစားခဲ့ပေမယ့် ကမ္ဘာ့ အကောင်းဆုံး အသင်းမှာ ပါဝင်ခွင့်မရတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟွယ်ဆကာအသင်းနဲ့ ပွဲမှာ လာလီဂါပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲ ၅၀၀ ပြည့်တဲ့ စပိန်ပြင်ပပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီပွဲဟာ မက်ဆီအတွက် လာလီဂါပွဲ ၅၀၀ ပြည့်ဖြစ်သလို ဘာစီလိုနာကစားသမားဘဝ ပြိုင်ပွဲစုံပွဲ ၇၅၀ ပြည့်တဲ့ ပွဲလည်းဖြစ်ပါတယ်။

မက်ဆီဟာ လာလီဂါပြိုင်ပွဲတွင် ပွဲ ၅၀၀ ပြည့်ခဲ့တာကြောင့် ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အမှတ်ပေးပွဲအများဆုံး ကစားသမားစာရင်းတွင် ၅၀၅ ပွဲဖြင့် စံချိန် တင်ထားတဲ့ အသင်းခေါင်းဆောင်ဟောင်း ဇာဗီကိုလိုက်မီဖို့ ငါးပွဲသာ လိုပါတော့တယ်။

ပွဲအများဆုံး ထိပ်ဆုံး ကစားသမား ၁၀ယောက်မှာ စပိန်ကစားသမားများသာဖြစ်ပြီး မက်ဆီကတော့ စပိန်ပြင်ပပထမဆုံးကစားသမားဖြစ်ပါတယ်။ ဟွယ်ဆကာနဲ့ပွဲမှာ မက်ဆီဂိုးမသွင်းယူနိုင် ခဲ့ပေမယ့် ဒီယွန်းသွင်းယူတဲ့ အနိုင်ဂိုးကို တော့ ဖန်တီးပေးခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝတစ်လျှောက် ဂိုးဖန်တီးမှု အကြိမ် ၂၀၀ ပြည့်ထားပါပြီ။

ဒါပေမယ့် ရွှေဘောလုံးဆုလို့ လူသိများတဲ့ Ballon D’or Award ကို ပေးအပ်ချီးမြှင့်တဲ့ နာမည်ကြီး ပြင်သစ် သတင်းဌာန တစ်ခုဖြစ်တဲ့ L’Equipe သတင်းဌာနက ရွေးချယ်ခဲ့တဲ့ ၂၀၂၀ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းမှာတော့ မက်ဆီဟာ ရွေးချယ်မခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းနဲ့ ဆုဖလား အောင်မြင်မှု မရရှိခဲ့သလို ဘိုင်ယန် ကို ၈-၂ နဲ့ အရှက် တကွဲ ရှုံးနိမ့်ပြီး ချန်ပီယံ လိဂ် ကနေ ထွက်ခဲ့ ရမှုတွေ ဟာ မက်ဆီ အတွက် အမည်းစက် ထင်စေခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည် အနေနဲ့ ပြိုင်ပွဲစုံမှာတော့ သူဟာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

L’Equipe လို ဘောလုံးလောကရဲ့ အထင်ကရသတင်းဌာနတစ်ခုရဲ့ ရွေးချယ်မှုမှာ မက်ဆီ အရွေးမခံရပေမယ့် သူ့ရဲ့ပြိုင်ဘက် ရော်နယ်ဒိုက အဲဒီအကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ လီဝမ်ဒေါ့စကီး၊ နေမာ တို့တွေပါ ဒီအသင်းမှာပါဝင်ခဲ့ပေမယ့် သူ့အနေနဲ့ ရွေးချယ်ခံရမှုမှာမပါဝင်ခဲ့တာက အတော်ကိုခံရခက်စေမှာပါ။

ဒါကြောင့် မက်ဆီရဲ့ ပရိသတ်တွေကတော့ အဲဒီ ဖြစ်ရပ်အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ မက်ဆီဟာ ယခုရာသီ လာလီဂါ ပြိုင်ပွဲတွင် ခုနစ်ဂိုးသာ သွင်းယူထားနိုင်ပေမယ့် ၂၀၂၀ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ၁၉ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် လာလီဂါပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

၄-၄-၂ ကစားကွက် ကို အခြေပြုပြီး ရွေးချယ် ခဲ့တဲ့ L’Equipe ရဲ့ ၂၀၂၀ခုနှစ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာပါဝင်တဲ့ကစားသမားတွေက-
ဂိုးသမား – နူအာ

နောက်တန်း – အာနိုး ၊ ဗန်ဒိုက် ၊ ရာမိုစ့် ၊ အယ်ဖွန်ဆို ဒေဗီးစ်
ကွင်းလယ် – ဒီဘရိုင်းနား ၊ သီယာဂို အယ်ကန်ထရာ ၊ ကင်မစ်ချ် ၊ နေမာ
တိုက်စစ် – လီဝန်ဒေါ့စကီး ၊ ရိုနယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီရဲ႔ ေခတ္ က်ရိပ္ေရာက္လာၿပီလား…? ပြဲ ၅၀၀ ျပည့္ကစားခဲ့ေပမယ့္ ကမာၻ႔ အေကာင္းဆုံး အသင္းမွာ ပါဝင္ခြင့္မရတဲ့ မက္ဆီ

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဟြယ္ဆကာအသင္းနဲ႔ ပြဲမွာ လာလီဂါပြဲ ၅၀၀ ျပည့္ေျမာက္ခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပြဲ ၅၀၀ ျပည့္တဲ့ စပိန္ျပင္ပပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အဲဒီပြဲဟာ မက္ဆီအတြက္ လာလီဂါပြဲ ၅၀၀ ျပည့္ျဖစ္သလို ဘာစီလိုနာကစားသမားဘဝ ၿပိဳင္ပြဲစုံပြဲ ၇၅၀ ျပည့္တဲ့ ပြဲလည္းျဖစ္ပါတယ္။ မက္ဆီဟာ လာလီဂါၿပိဳင္ပြဲတြင္ ပြဲ ၅၀၀ ျပည့္ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းသမိုင္းတစ္ေလွ်ာက္ အမွတ္ေပးပြဲအမ်ားဆုံး ကစားသမားစာရင္းတြင္ ၅၀၅ ပြဲျဖင့္ စံခ်ိန္ တင္ထားတဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဇာဗီကိုလိုက္မီဖို႔ ငါးပြဲသာ လိုပါေတာ့တယ္။

ပြဲအမ်ားဆုံး ထိပ္ဆုံး ကစားသမား ၁၀ေယာက္မွာ စပိန္ကစားသမားမ်ားသာျဖစ္ၿပီး မက္ဆီကေတာ့ စပိန္ျပင္ပပထမဆုံးကစားသမားျဖစ္ပါတယ္။ ဟြယ္ဆကာနဲ႔ပြဲမွာ မက္ဆီဂိုးမသြင္းယူႏိုင္ ခဲ့ေပမယ့္ ဒီယြန္းသြင္းယူတဲ့ အႏိုင္ဂိုးကို ေတာ့ ဖန္တီးေပးခဲ့ပါတယ္။ မက္ဆီဟာ ဘာစီလိုနာကစားသမားဘဝတစ္ေလွ်ာက္ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀၀ ျပည့္ထားပါၿပီ။ ဒါေပမယ့္ ေ႐ႊေဘာလုံးဆုလို႔ လူသိမ်ားတဲ့ Ballon D’or Award ကို ေပးအပ္ခ်ီးျမႇင့္တဲ့ နာမည္ႀကီး ျပင္သစ္ သတင္းဌာန တစ္ခုျဖစ္တဲ့ L’Equipe သတင္းဌာနက ေ႐ြးခ်ယ္ခဲ့တဲ့ ၂၀၂၀ခုႏွစ္ရဲ႕ ကမာၻ႔အေကာင္းဆုံး အသင္းမွာေတာ့ မက္ဆီဟာ ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဘာစီလိုနာ အသင္းနဲ႔ ဆုဖလား ေအာင္ျမင္မႈ မရရွိခဲ့သလို ဘိုင္ယန္ ကို ၈-၂ နဲ႔ အရွက္ တကြဲ ရႈံးနိမ့္ၿပီး ခ်န္ပီယံ လိဂ္ ကေန ထြက္ခဲ့ ရမႈေတြ ဟာ မက္ဆီ အတြက္ အမည္းစက္ ထင္ေစခဲ့ ပါတယ္။ ဒါေပမယ့္ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ အေနနဲ႔ ၿပိဳင္ပြဲစုံမွာေတာ့ သူဟာ သြင္းဂိုး ၃၁ဂိုး အထိ သြင္းယူႏိုင္ခဲ့ပါတယ္။ L’Equipe လို ေဘာလုံးေလာကရဲ႕ အထင္ကရသတင္းဌာနတစ္ခုရဲ႕ ေ႐ြးခ်ယ္မႈမွာ မက္ဆီ အေ႐ြးမခံရေပမယ့္ သူ႔ရဲ႕ၿပိဳင္ဘက္ ေရာ္နယ္ဒိုက အဲဒီအေကာင္းဆုံး အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ လီဝမ္ေဒါ့စကီး၊ ေနမာ တို႔ေတြပါ ဒီအသင္းမွာပါဝင္ခဲ့ေပမယ့္ သူ႔အေနနဲ႔ ေ႐ြးခ်ယ္ခံရမႈမွာမပါဝင္ခဲ့တာက အေတာ္ကိုခံရခက္ေစမွာပါ။

ဒါေၾကာင့္ မက္ဆီရဲ႕ ပရိသတ္ေတြကေတာ့ အဲဒီ ျဖစ္ရပ္အတြက္ မေက်မနပ္ျဖစ္ေနၾကပါတယ္။ မက္ဆီဟာ ယခုရာသီ လာလီဂါ ၿပိဳင္ပြဲတြင္ ခုနစ္ဂိုးသာ သြင္းယူထားႏိုင္ေပမယ့္ ၂၀၂၀ ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္း ၁၉ ဂိုးသြင္းယူထားႏိုင္ခဲ့တာေၾကာင့္ လာလီဂါၿပိဳင္ပြဲရဲ႕ ဂိုးအမ်ားဆုံးသြင္းယူထားႏိုင္တဲ့ ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၄-၄-၂ ကစားကြက္ ကို အေျချပဳၿပီး ေ႐ြးခ်ယ္ ခဲ့တဲ့ L’Equipe ရဲ႕ ၂၀၂၀ခုႏွစ္ တစ္ႏွစ္တာ အေကာင္းဆုံး အသင္းမွာပါဝင္တဲ့ကစားသမားေတြက- ဂိုးသမား – ႏူအာ၊ ေနာက္တန္း – အာႏိုး ၊ ဗန္ဒိုက္ ၊ ရာမိုစ့္ ၊ အယ္ဖြန္ဆို ေဒဗီးစ္

ကြင္းလယ္ – ဒီဘ႐ိုင္းနား ၊ သီယာဂို အယ္ကန္ထရာ ၊ ကင္မစ္ခ်္ ၊ ေနမာ၊ တိုက္စစ္ – လီဝန္ေဒါ့စကီး ၊ ႐ိုနယ္ဒို