မက်ဆီသာ စာချုပ်သစ်တိုးရင် သူ့လစာအတွက် ပေါင် သန်း (၁၇၀) ထပ်သုံးဖို့ ကစားသမားတွေ ရောင်းရမယ့် ဘာစီလိုနာ

တကယ်လို့ တိုက်စစ်မှူး မက်ဆီသာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်တိုးပါက ဘာစီလိုနာအသင်းအနေနဲ့ သူ့ရဲ့ လစာကို ပေးချေဖို့အတွက် ပေါင် (၁၇၁) သန်း ထပ်သုံးဖို့ လိုမှာ ဖြစ်တယ်လို့ Dailymail က ဖော်ပြပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့ လက်ရှိ စာချုပ်က လာမယ့် အပတ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းအနေနဲ့ သူ့ကို စာချုပ်သစ် ထပ်တိုးရင် သူ့ရဲ့ လစာအတွက် ငွေကြေး ထပ်လိုမှာ ဖြစ်ပါတယ်။

RAC1 သတင်းကတော့ ဘာစီလိုနာအသင်းအနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို ဆက်ထိန်းဖို့အတွက် အသင်းရဲ့ လက်ရှိ ကစားသမားတွေ များစွာကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိရာသီ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာတော့ ကစားသမား အချို့ကိုလည်း ခေါ်ယူပြီးပြီ ဖြစ်ပြီး ဒီပေး၊ အဂွဲရို၊ ဂါစီယာ နဲ့ အီမာဆွန် စတဲ့ ကစားသမားတွေကို ခေါ်ယူပြီးသွားပြီပဲ ဖြစ်ပါတယ်။

Marca သတင်းကတော့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ မက်ဆီကို သူ့ရဲ့လစာ ပေးချေဖို့ လက်ရှိ အသင်းရဲ့ ငွေကြေးကနေ ပေါင်သန်း (၁၀၀) လျှော့ချတိုင်းမှာ ပေါင် သန်း (၅၀) ပဲ သုံးဖို့ သတိပေးတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ သုံးငွေတွေကို လျှော့ချရုံသာမက နည်းပြ ရော်နယ်ကိုးမန်းရဲ့ အစီအစဉ်မှာ မပါဝင်ကြတဲ့ ကစားသမားတွေ၊ အထူးသဖြင့် လစာမြင့်တဲ့ ကစားသမားတွေကို ရောင်းချဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Sky Sports က ဖော်ပြထားတာတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ လက်ရှိ ဘာစီလိုနာ စာချုပ်ကို ထပ်တိုးဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ကြိုတင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီလို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အကြွေးတွေလည်း များတာကြောင့် လက်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရက ကော်တင်ညို၊ ပါဂျာနစ်၊ အမ်တီတီ နဲ့ ဖာနန်ဒက်စ်တို့ကို ရောင်းချသွားဖွယ် ရှိတယ်လို့ သတင်း ထွက်နေပါတယ်။

Zawgyi

မက္ဆီ စာခ်ဳပ္သစ္တိုးရင္ လစာအတြက္ ေပါင္ သန္း (၁၇၀) သုံးဖို႔ ကစားသမားေတြ ေရာင္းရမယ့္ ဘာစီလိုနာ

တကယ္လို႔ တိုက္စစ္မႉး မက္ဆီသာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္တိုးပါက ဘာစီလိုနာအသင္းအေနနဲ႔ သူ႔ရဲ႕ လစာကို ေပးေခ်ဖို႔အတြက္ ေပါင္ (၁၇၁) သန္း ထပ္သုံးဖို႔ လိုမွာ ျဖစ္တယ္လို႔ Dailymail က ေဖာ္ျပပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္က လာမယ့္ အပတ္မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး ဘာစီလိုနာအသင္းအေနနဲ႔ သူ႔ကို စာခ်ဳပ္သစ္ ထပ္တိုးရင္ သူ႔ရဲ႕ လစာအတြက္ ေငြေၾကး ထပ္လိုမွာ ျဖစ္ပါတယ္။

RAC1 သတင္းကေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ အာဂ်င္တီးနား တိုက္စစ္မႉး မက္ဆီကို ဆက္ထိန္းဖို႔အတြက္ အသင္းရဲ႕ လက္ရွိ ကစားသမားေတြ မ်ားစြာကို မျဖစ္မေန ေရာင္းခ်ဖို႔ လိုအပ္မွာ ျဖစ္တယ္လို႔ ေဖာ္ျပသြားပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိရာသီ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာေတာ့ ကစားသမား အခ်ိဳ႕ကိုလည္း ေခၚယူၿပီးၿပီ ျဖစ္ၿပီး ဒီေပး၊ အဂြဲ႐ို၊ ဂါစီယာ နဲ႔ အီမာဆြန္ စတဲ့ ကစားသမားေတြကို ေခၚယူၿပီးသြားၿပီပဲ ျဖစ္ပါတယ္။

Marca သတင္းကေတာ့ ဘာစီလိုနာ ဥကၠဌ လာေပၚတာဟာ မက္ဆီကို သူ႔ရဲ႕လစာ ေပးေခ်ဖို႔ လက္ရွိ အသင္းရဲ႕ ေငြေၾကးကေန ေပါင္သန္း (၁၀၀) ေလွ်ာ့ခ်တိုင္းမွာ ေပါင္ သန္း (၅၀) ပဲ သုံးဖို႔ သတိေပးတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ သုံးေငြေတြကို ေလွ်ာ့ခ်႐ုံသာမက နည္းျပ ေရာ္နယ္ကိုးမန္းရဲ႕ အစီအစဥ္မွာ မပါဝင္ၾကတဲ့ ကစားသမားေတြ၊ အထူးသျဖင့္ လစာျမင့္တဲ့ ကစားသမားေတြကို ေရာင္းခ်ဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Sky Sports က ေဖာ္ျပထားတာေတာ့ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီဟာ သူ႔ရဲ႕ လက္ရွိ ဘာစီလိုနာ စာခ်ဳပ္ကို ထပ္တိုးဖို႔အတြက္ ဘာစီလိုနာအသင္းနဲ႔ ႀကိဳတင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားၿပီးၿပီလို႔ ေဖာ္ျပသြားတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ အေႂကြးေတြလည္း မ်ားတာေၾကာင့္ လက္တေလာ ထြက္ေပၚလာတဲ့ သတင္းေတြအရက ေကာ္တင္ညိဳ၊ ပါဂ်ာနစ္၊ အမ္တီတီ နဲ႔ ဖာနန္ဒက္စ္တို႔ကို ေရာင္းခ်သြားဖြယ္ ရွိတယ္လို႔ သတင္း ထြက္ေနပါတယ္။