မက်ဆီဟာယခုနှစ် Ballon d’Or ဆုနှင့်ပတ်သက်ပြီး သူ့အမြင်ကိုရိုးသားစွာဖွင့်ဟ

လီယွန်နယ်မက်ဆီဟာယခုနှစ် Ballon d’Or ဆုနှင့်ပတ်သက်ပြီး

သူ့အမြင်ကိုရိုးသားစွာဖွင့်ဟလာပြီးခုနှစ်ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ရန်

မမျှော်လ့်ကြောင်းနှင့်ရရှိလာပါကရူးချင်စရာကောင်းလာလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာနှင့်အတူလာလီဂါနှင့်

ချန်ပီယံလိဂ်တို့တွင်မအောင်မြင်ခဲ့သော်လည်းကိုပါဒယ်ရေးဖလားရရှိခဲ့တဲ့အပြင်

နွေရာသီတွင်အာဂျင်တီးနားကိုကိုပါအမေရိကဖလားရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သူဟာကိုပါအမေရိကဖလားပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုနှင့်

ဂိုးသွင်းဘုရင်ဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။အသက်၃၄နှစ်ရှိမက်ဆီဟာ

ကလပ်သစ်ပီအက်စ်ဂျီတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပေမယ့်

Ballon d’Or ဆုကိုဆွတ်ခူးရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

မက်ဆီက “ရိုးရိုးသားသားပြောရရင်ရမယ်လို့မထင်ပါဘူး။

ကျွန်တော့်အတွက်အကြီးကျယ်ဆုံးဆုကလက်ရွေးစင်အသင်းနဲ့အတူ

ရယူနိုင်ခဲ့ပြီးပါပြီ။ တိုက်ပွဲအလီလီဆင်နွဲပြီးတော့ရယူနိုင်ခဲ့ပါတယ်။

အားလုံးပေးဆပ်ပြီးရရှိလိုက်တဲ့အကောင်းဆုံးဆုပါ။တကယ်လို့

ရွှေဘောလုံးရလာခဲ့ရင်လည်းနောက်ထပ်ဆုတစ်ကြိမ်ထပ်ရတာပေါ့ဗျာ။

ခုနှစ်မြောက်ကရူးချင်စရာကောင်းလာပါမယ်။မဖြစ်လာရင်လည်း

မဖြစ်လာဘူးပေါ့ဗျာ။ကျွန်တော့်ရည်မှန်းချက်တွေပြည့်ပြီးပါပြီ။

ဖြစ်ပျက်ခဲ့တာတွေအပေါ်မှာအရမ်းပျော်ပါတယ်။နောက်ထပ်

ဘာပဲဖြစ်လာဖြစ်လာပေါ့”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာယခုနှစ် Ballon d’Or ဆုကိုရရှိရန်ရေပန်းအစားဆုံး

ကစားသမားများကိုရွေးချယ်သွားခဲ့ပါတယ်။မက်ဆီကနေမာ၊ဘက်ပေး၊

ရောဘတ်လီဝန်ဒေါ့စကီးနှင့်ဘန်ဇီးမားတို့ကိုဆုရရှိရန်ရေပန်းစားသူများအဖြစ်ရွေးချယ်ခဲ့ပါတယ်။

မက်ဆီက “ကျွန်တော့်အသင်းကနှစ်ယောက်ကိုတော့အလွယ်တကူပဲ

ရွေးချယ်သွားပါမယ်။နေမာနှင့်ကိုင်လီယန်ဘက်ပေးပါ။ပြီးတော့

ကြီးကျယ်တဲ့နှစ်တစ်နှစ်ပိုင်ခဲ့တဲ့ရောဘတ်လီဝန်ဒေါ့စကီးပါ။ပြီးတော့

ကာရမ်ဘန်ဇီးမားပါ။သူကအရမ်းကောင်းတယ်”လို့ပြောကြားသွားပါတယ်။

Ballon d’Or ဆုကို ၁၉၉၅ခုနှစ်တွင်စတင်ချီးမြှင့်တာဖြစ်ပြီးဂျာနယ်လစ်၊

လက်ရွေးစင်အသင်းနည်းပြနှင့်အသင်းခေါင်းဆောင်တို့ရဲ့မဲအဆုံးအဖြတ်ဖြင့်

ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ ယခုနှစ် Ballon d’Or ဆုပေးပွဲ

အခမ်းအနားကိုနိုဝင်ဘာလ၂၉ရက်နေ့မှာ Paris’ Theatre du Chatelet တွင်ချီးမြှင့်သွားပါမယ်။

zawgyi

မက္ဆီဟာယခုႏွစ္ Ballon d’Or ဆုႏွင့္ပတ္သက္ၿပီး သူ႔အျမင္ကို႐ိုးသားစြာဖြင့္ဟ

လီယြန္နယ္မက္ဆီဟာယခုႏွစ္ Ballon d’Or ဆုႏွင့္ပတ္သက္ၿပီး

သူ႔အျမင္ကို႐ိုးသားစြာဖြင့္ဟလာၿပီးခုႏွစ္ႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးႏိုင္ရန္

မေမွ်ာ္လ့္ေၾကာင္းႏွင့္ရရွိလာပါက႐ူးခ်င္စရာေကာင္းလာလိမ့္မယ္လို႔ေျပာၾကားလိုက္ပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘာစီလိုနာႏွင့္အတူလာလီဂါႏွင့္

ခ်န္ပီယံလိဂ္တို႔တြင္မေအာင္ျမင္ခဲ့ေသာ္လည္းကိုပါဒယ္ေရးဖလားရရွိခဲ့တဲ့အျပင္

ေႏြရာသီတြင္အာဂ်င္တီးနားကိုကိုပါအေမရိကဖလားရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္အေကာင္းဆုံးကစားသမားဆုႏွင့္

ဂိုးသြင္းဘုရင္ဆုတို႔ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။အသက္၃၄ႏွစ္ရွိမက္ဆီဟာ

ကလပ္သစ္ပီအက္စ္ဂ်ီတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရေပမယ့္

Ballon d’Or ဆုကိုဆြတ္ခူးရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

မက္ဆီက “႐ိုး႐ိုးသားသားေျပာရရင္ရမယ္လို႔မထင္ပါဘူး။

ကြၽန္ေတာ့္အတြက္အႀကီးက်ယ္ဆုံးဆုကလက္ေ႐ြးစင္အသင္းနဲ႔အတူ

ရယူႏိုင္ခဲ့ၿပီးပါၿပီ။ တိုက္ပြဲအလီလီဆင္ႏြဲၿပီးေတာ့ရယူႏိုင္ခဲ့ပါတယ္။

အားလုံးေပးဆပ္ၿပီးရရွိလိုက္တဲ့အေကာင္းဆုံးဆုပါ။တကယ္လို႔

ေ႐ႊေဘာလုံးရလာခဲ့ရင္လည္းေနာက္ထပ္ဆုတစ္ႀကိမ္ထပ္ရတာေပါ့ဗ်ာ။

ခုႏွစ္ေျမာက္က႐ူးခ်င္စရာေကာင္းလာပါမယ္။မျဖစ္လာရင္လည္း

မျဖစ္လာဘူးေပါ့ဗ်ာ။ကြၽန္ေတာ့္ရည္မွန္းခ်က္ေတြျပည့္ၿပီးပါၿပီ။

ျဖစ္ပ်က္ခဲ့တာေတြအေပၚမွာအရမ္းေပ်ာ္ပါတယ္။ေနာက္ထပ္

ဘာပဲျဖစ္လာျဖစ္လာေပါ့”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာယခုႏွစ္ Ballon d’Or ဆုကိုရရွိရန္ေရပန္းအစားဆုံး

ကစားသမားမ်ားကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။မက္ဆီကေနမာ၊ဘက္ေပး၊

ေရာဘတ္လီဝန္ေဒါ့စကီးႏွင့္ဘန္ဇီးမားတို႔ကိုဆုရရွိရန္ေရပန္းစားသူမ်ားအျဖစ္ေ႐ြးခ်ယ္ခဲ့ပါတယ္။

မက္ဆီက “ကြၽန္ေတာ့္အသင္းကႏွစ္ေယာက္ကိုေတာ့အလြယ္တကူပဲ

ေ႐ြးခ်ယ္သြားပါမယ္။ေနမာႏွင့္ကိုင္လီယန္ဘက္ေပးပါ။ၿပီးေတာ့

ႀကီးက်ယ္တဲ့ႏွစ္တစ္ႏွစ္ပိုင္ခဲ့တဲ့ေရာဘတ္လီဝန္ေဒါ့စကီးပါ။ၿပီးေတာ့

ကာရမ္ဘန္ဇီးမားပါ။သူကအရမ္းေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။

Ballon d’Or ဆုကို ၁၉၉၅ခုႏွစ္တြင္စတင္ခ်ီးျမႇင့္တာျဖစ္ၿပီးဂ်ာနယ္လစ္၊

လက္ေ႐ြးစင္အသင္းနည္းျပႏွင့္အသင္းေခါင္းေဆာင္တို႔ရဲ႕မဲအဆုံးအျဖတ္ျဖင့္

ေ႐ြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။ ယခုႏွစ္ Ballon d’Or ဆုေပးပြဲ

အခမ္းအနားကိုႏိုဝင္ဘာလ၂၉ရက္ေန႔မွာ Paris’ Theatre du Chatelet တြင္ခ်ီးျမႇင့္သြားပါမယ္။