
လီယွန်နယ်မက်ဆီဟာ ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကို
ဆွတ်ခူးသွားခဲ့ပြီဖြစ်ကြောင်းအတည်ပြုနိုင်ပြီဖြစ်ပါတယ်။ကာယကံရှင်
မက်ဆီကိုယ်တိုင်မှာလည်း Ballon d’Or ဆုကိုဆွတ်ခူးလိုက်နိုင်ပြီဖြစ်ကြောင်း
အသိပေးခြင်းခံထားရပြီးဖြစ်ကာအထူးစိတ်လှုပ်ရှားနေကြောင်းသိရပါတယ်။
RTP Sports ရဲ့ဖော်ပြချက်အရမက်ဆီဟာလာမယ့်နိုဝင်ဘာလ၂၉ရက်နေ့မှာပဲ
ရစ်မှာကျင်းပမယ့်ဆုပေးပွဲတွင် ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကို
လက်ခံရယူသွားမှာဖြစ်ကြောင်းသိရပါတယ်။
မက်ဆီဟာယခုနှစ် Ballon d’Or ဆုကိုဆွတ်ခူးနိုင်မှုနဲ့အတူ သူနဲ့အနီးစပ်ဆုံး
ပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုအား ဆု၂ကြိမ်အဖြစ်ဖြတ်ထားလာနိုင်ပါမယ်။
မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား Ballon d’Or ဆုအတွက်
ယှဉ်ပြိုင်မှုမှာဆယ်စုနှစ်တစ်ခုကျော်အတွင်းနောက်ဆုံးအကြိမ်လည်းဖြစ်လာဖို့ရှိပါတယ်။
မက်ဆီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလာလီဂါတွင်ဂိုး၃၀ဖြင့်ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး
ကိုပါဒယ်ရေးဖလားဆွတ်ခူးခဲ့တဲ့အပြင်နွေရာသီတွင်လည်း အာဂျင်တီးနားနှင့်အတူ
သူ့ရဲ့ပထမဆုံးနိုင်ငံတကာဆုဖလားအဖြစ် ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာကိုပါအမေရိကဖလားပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုနှင့်
ဂိုးသွင်းဘုရင်ဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာနွေရာသီတွင်ပီအက်စ်ဂျီသို့
ပြောင်းလာပြီးနောက်ပြင်သစ်လီဂူး၁တွင်အကောင်းဆုံးပုံစံရန်
ရုန်းကန်နေရပြီးဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမယ့်သူဟာချန်ပီယံလိဂ်မှာ
ပီအက်စ်ဂျီအတွက်၃ဂိုးသွင်းယူထားနိုင်ပါတယ်။
zawgyi
မက္ဆီဟာ ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုဆြတ္ခူးသြားခဲ့ၿပီျဖစ္
လီယြန္နယ္မက္ဆီဟာ ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကို
ဆြတ္ခူးသြားခဲ့ၿပီျဖစ္ေၾကာင္းအတည္ျပဳႏိုင္ၿပီျဖစ္ပါတယ္။ကာယကံရွင္
မက္ဆီကိုယ္တိုင္မွာလည္း Ballon d’Or ဆုကိုဆြတ္ခူးလိုက္ႏိုင္ၿပီျဖစ္ေၾကာင္း
အသိေပးျခင္းခံထားရၿပီးျဖစ္ကာအထူးစိတ္လႈပ္ရွားေနေၾကာင္းသိရပါတယ္။
RTP Sports ရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာလာမယ့္ႏိုဝင္ဘာလ၂၉ရက္ေန႔မွာပဲ
ရစ္မွာက်င္းပမယ့္ဆုေပးပြဲတြင္ ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကို
လက္ခံရယူသြားမွာျဖစ္ေၾကာင္းသိရပါတယ္။
မက္ဆီဟာယခုႏွစ္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္မႈနဲ႔အတူ သူနဲ႔အနီးစပ္ဆုံး
ၿပိဳင္ဘက္ခရစၥတီယာႏိုေရာ္နယ္ဒိုအား ဆု၂ႀကိမ္အျဖစ္ျဖတ္ထားလာႏိုင္ပါမယ္။
မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔အၾကား Ballon d’Or ဆုအတြက္
ယွဥ္ၿပိဳင္မႈမွာဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္းေနာက္ဆုံးအႀကိမ္လည္းျဖစ္လာဖို႔ရွိပါတယ္။
မက္ဆီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလာလီဂါတြင္ဂိုး၃၀ျဖင့္ဂိုးသြင္းဘုရင္ျဖစ္ခဲ့ၿပီး
ကိုပါဒယ္ေရးဖလားဆြတ္ခူးခဲ့တဲ့အျပင္ေႏြရာသီတြင္လည္း အာဂ်င္တီးနားႏွင့္အတူ
သူ႔ရဲ႕ပထမဆုံးႏိုင္ငံတကာဆုဖလားအျဖစ္ ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္အေကာင္းဆုံးကစားသမားဆုႏွင့္
ဂိုးသြင္းဘုရင္ဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာေႏြရာသီတြင္ပီအက္စ္ဂ်ီသို႔
ေျပာင္းလာၿပီးေနာက္ျပင္သစ္လီဂူး၁တြင္အေကာင္းဆုံးပုံစံရန္
႐ုန္းကန္ေနရၿပီးဂိုးသြင္းႏိုင္ျခင္းမရွိေသးပါဘူး။ဒါေပမယ့္သူဟာခ်န္ပီယံလိဂ္မွာ
ပီအက္စ္ဂ်ီအတြက္၃ဂိုးသြင္းယူထားႏိုင္ပါတယ္။