မက်ဆီ့ လောင်းရိပ်အောက်မှာ ပျောက်ကွယ်တော့မယ့် ခြေစွမ်းတစ်စုံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေအနေနဲ့ ခြေစွမ်းကောင်းရှိတိုင်းထုတ်ဖော်ပြသလို့မရပါဘူး။ အခွင့်အရေးရမှထုတ်ဖော်ပြသခွင့်ရကြတာပါ။ အခုလည်း မက်ဆီရှိနေတာကြောင့် အခြားကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းကောင်းကို မြင်တွေ့ဖို့ ခက်တယ်ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးပါမယ်။

ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ အာစင်ဝင်းဂါး ကတော့ ဘာစီလိုနာ အသင်းမှာ မက်ဆီရှိနေသရွေ့ ဂရစ်ဇ်မန်းရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ရမှာ မဟုတ်ကြောင်း သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ပါရမီရှင် ကစားသမားကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူရဲ့ ကစားဟန်က ဘယ်လိုမျိုးလဲ၊ ဘယ်နေရာမှာ ကစားရင်ပိုအံဝင်မလဲဆိုတာတွေက မသေချာသလို၊ သူ့ရဲ့အကောင်းဆုံး နေရာလို့ ထင်ရတဲ့ နေရာတွေမှာလည်း အခြားကစားသမားတွေက သူ့ထက်ပိုကောင်းအောင် စွမ်းဆောင်ပြနေကြပါတယ်။ ဂရစ်ဇ်မန်းကတော့ အခုအချိန်အထိ တစ်ခါတလေ အရန်ခုံကနေသာ အသင်းဖော်တွေကို အားပေးနေရပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၉ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂ဝသန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းထံ ရောက်ရှိလာတဲ့ အချိန်မှာ မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက် ညီလိမ့်မယ် လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန် နေခဲ့ရပါတယ်။

ထရင်ကာအို၊ အန်ဆုဖာတီ၊ ကော်တင်ဟိုတို့ ဝန်းရံထားတဲ့ မက်ဆီနဲ့ နည်းပြသစ် ကိုးမန်းရှိတဲ့အသင်းမှာ ဂရစ်ဇ်မန်းအတွက် အခွင့်အရေးတွေကနည်းပါးနေပါတယ်။ ဂရစ်ဇ်မန်းအတွက် ဘာကာအသင်းကုန်ကျခဲ့ရတဲ့ ကုန်ကျစရိတ်က မနည်းမနောပါ။ ဒါပေမယ့် တစ်နှစ်ကျော်ကြာလာပြီဖြစ်ပေမယ့် အားရစရာ အနေအထားကို မရောက်သေးပါဘူး။ ကော်တင်ဟိုလည်းရှေ့ပိုင်းတုန်းက အဲဒီလိုပါပဲ။ ဒါပေမယ့် အခုတော့ ကော်တင်ဟိုက နည်းပြ ရော်နယ်ကိုးမန်းလက်ထက်မှာ ခြေစွမ်းပြန်ပြလာနိုင်တာကြောင့် မက်ဆီနဲ့အတူ နေရာရလာနေပါတယ်။

ဂရစ်ဇ်မန်းနဲ့ပတ်သက်လို့ ဝင်းဂါးက “သူရဲ့ နေရာမှန်မှာ မကစားရတာက အချိန်ကြာလာနဲ့အမျှ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အစပိုင်းမှာတော့ သူက နေရာပြောင်း ကစားဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ရေရှည်မှာ မျှော်မှန်းထားတဲ့ အရာတွေ ဖြစ်မလာတဲ့ အခါမှာတော့ သူ ကစားနေရတဲ့ နေရာတွေဟာ သူ့ရဲ့ အရည်အချင်းကို ပြသနိုင်တဲ့ နေရာတွေ မဟုတ်ဘူးလို့ သူ ခံစားလာရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ စိတ်ဓာတ်ကျ လာပါတော့တယ်။ သူဟာ တိုက်စစ်ရဲ့ အလယ်ဗဟို နေရာမှာ ကစားသင့်တဲ့ ကစားသမား တစ်ဦးပါ။”

“ဂရစ်ဇ်မန်းရဲ့ ပေးပို့မှုတွေ၊ အဆုံးသတ်မှုတွေကတစ်ဖက်အသင်းကို ဒုက္ခရောက်စေနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီအသင်းမှာ ဆက်ရှိနေသမျှတော့ သူနေရာရဖို့၊ ခြေစွမ်းကောင်းပြနိုင်ဖို့ မလွယ်ပါဘူး”ဆိုပြီး ပြောဆိုထားပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်းထံ ရောက်ရှိပြီး ကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ၅၄ပွဲအထိ ပါဝင် ကစားပေးခဲ့ပေမယ့် သွင်းဂိုး ၁၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၄ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ့ ေလာင္းရိပ္ေအာက္မွာ ေပ်ာက္ကြယ္ေတာ့မယ့္ ေျခစြမ္းတစ္စံု

ေဘာလုံးသမားေတြအေနနဲ႔ ေျခစြမ္းေကာင္းရွိတိုင္းထုတ္ေဖာ္ျပသလို႔မရပါဘူး။ အခြင့္အေရးရမွထုတ္ေဖာ္ျပသခြင့္ရၾကတာပါ။ အခုလည္း မက္ဆီရွိေနတာေၾကာင့္ အျခားကစားသမားတစ္ေယာက္ရဲ႕ ေျခစြမ္းေကာင္းကို ျမင္ေတြ႕ဖို႔ ခက္တယ္ဆိုတဲ့ အေၾကာင္းကို တင္ဆက္ေပးပါမယ္။ ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္းျဖစ္တဲ့ အာဆင္နယ္ အသင္းရဲ႕ ဂႏၲဝင္ နည္းျပေဟာင္း တစ္ဦးျဖစ္တဲ့ အာစင္ဝင္းဂါး ကေတာ့ ဘာစီလိုနာ အသင္းမွာ မက္ဆီရွိေနသေ႐ြ႕ ဂရစ္ဇ္မန္းရဲ႕ အေကာင္းဆုံး ေျခစြမ္းကို ျမင္ေတြ႕ရမွာ မဟုတ္ေၾကာင္း သုံးသပ္ ေျပာဆိုလာခဲ့ပါတယ္။

ဂရစ္ဇ္မန္းဟာ ပါရမီရွင္ ကစားသမားေကာင္းတစ္ေယာက္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ သူရဲ႕ ကစားဟန္က ဘယ္လိုမ်ိဳးလဲ၊ ဘယ္ေနရာမွာ ကစားရင္ပိုအံဝင္မလဲဆိုတာေတြက မေသခ်ာသလို၊ သူ႔ရဲ႕အေကာင္းဆုံး ေနရာလို႔ ထင္ရတဲ့ ေနရာေတြမွာလည္း အျခားကစားသမားေတြက သူ႔ထက္ပိုေကာင္းေအာင္ စြမ္းေဆာင္ျပေနၾကပါတယ္။ ဂရစ္ဇ္မန္းကေတာ့ အခုအခ်ိန္အထိ တစ္ခါတေလ အရန္ခုံကေနသာ အသင္းေဖာ္ေတြကို အားေပးေနရပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဂရစ္ဇ္မန္းဟာ ၂၀၁၉ခုႏွစ္မွာ အက္သလက္တီကို မက္ဒရစ္အသင္း ကေန ဘာစီလိုနာ အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂ဝသန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းထံ ေရာက္ရွိလာတဲ့ အခ်ိန္မွာ မက္ဆီ ၊ ဆြာရက္ဇ္တို႔နဲ႔ အတြဲအဖက္ ညီလိမ့္မယ္ လို႔ ထင္ေၾကး ေပးခံခဲ့ရေပမယ့္ တကယ္တမ္းမွာေတာ့ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာ အသင္းမွာ သူ႔ရဲ႕ အေကာင္းဆုံး ေျခစြမ္းေတြ ျပသႏိုင္ဖို႔ ႐ုန္းကန္ ေနခဲ့ရပါတယ္။

ထရင္ကာအို၊ အန္ဆုဖာတီ၊ ေကာ္တင္ဟိုတို႔ ၀န္းရံထားတဲ့ မက္ဆီနဲ႔ နည္းျပသစ္ ကိုးမန္းရွိတဲ့အသင္းမွာ ဂရစ္ဇ္မန္းအတြက္ အခြင့္အ​ေရး​ေတြကနည္းပါး​ေနပါတယ္။ ဂရစ္ဇ္မန္းအတြက္ ဘာကာအသင္းကုန္က်ခဲ့ရတဲ့ ကုန္က်စရိတ္က မနည္းမေနာပါ။ ဒါေပမယ့္ တစ္ႏွစ္ေက်ာ္ၾကာလာၿပီျဖစ္​ေပမယ့္ အားရစရာ အ​ေနအထားကို မ​ေရာက္​ေသးပါဘူး။ ေကာ္တင္ဟိုလည္း​ေရွ႕ပိုင္းတုန္းက အဲဒီလိုပါပဲ။ ဒါ​ေပမယ့္ အခု​ေတာ့ ေကာ္တင္ဟိုက နည္းျပ ေရာ္နယ္ကိုးမန္းလက္ထက္မွာ ေျခစြမ္းျပန္ျပလာႏိုင္တာေၾကာင့္ မက္ဆီနဲ႔အတူ ေနရာရလာ​ေနပါတယ္။

ဂရစ္ဇ္မန္းနဲ႔ပတ္သက္လို႔ ဝင္းဂါးက “သူရဲ႕ ေနရာမွန္မွာ မကစားရတာက အခ်ိန္ၾကာလာနဲ႔အမွ် ရႈပ္ေထြးမႈေတြ ျဖစ္ေပၚေစပါတယ္။ အစပိုင္းမွာေတာ့ သူက ေနရာေျပာင္း ကစားဖို႔ သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္ ေရရွည္မွာ ေမွ်ာ္မွန္းထားတဲ့ အရာေတြ ျဖစ္မလာတဲ့ အခါမွာေတာ့ သူ ကစားေနရတဲ့ ေနရာေတြဟာ သူ႔ရဲ႕ အရည္အခ်င္းကို ျပသႏိုင္တဲ့ ေနရာေတြ မဟုတ္ဘူးလို႔ သူ ခံစားလာရပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ စိတ္ဓာတ္က် လာပါေတာ့တယ္။ သူဟာ တိုက္စစ္ရဲ႕ အလယ္ဗဟို ေနရာမွာ ကစားသင့္တဲ့ ကစားသမား တစ္ဦးပါ။”

“ဂရစ္ဇ္မန္းရဲ႕ ေပးပို႔မႈေတြ၊ အဆုံးသတ္မႈ​ေတြကတစ္ဖက္အသင္းကို ဒုကၡေရာက္ေစႏိုင္ပါတယ္။ ဒါေပမယ့္ မက္ဆီအသင္းမွာ ဆက္ရွိ​ေနသမွ်​ေတာ့ သူ​ေနရာရဖို႔၊ ​ေျခစြမ္း​ေကာင္းျပႏိုင္ဖို႔ မလြယ္ပါဘူး”ဆိုၿပီး ​ေျပာဆိုထားပါတယ္။ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာ အသင္းထံ ေရာက္ရွိၿပီး ကတည္းက အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၄ပြဲအထိ ပါဝင္ ကစားေပးခဲ့ေပမယ့္ သြင္းဂိုး ၁၅ဂိုးသာ သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း ၄ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။