မက်ဆီ ထွက်ခွာခွင့်ကစလိုက်တဲ့ ဘာစီလိုနာပြဿနာဟာ ဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ နုတ်ထွက်ခဲ့ပြီး အခုနောက်ဆုံး အသင်းဖျက်သိမ်းရဖို့အထိ ဖြစ်လာခဲ့တဲ့အခြေအနေမှာ တစ်ယောက်လျှော့ကစားခဲ့တဲ့ အလာဗတ်စ်လို အသင်းကိုတောင် အနိုင်မကစားနိုင်ခဲ့တဲ့အဖြစ်နဲ့ကြုံနေရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်သတ္တပတ်က အသင်းဥက္ကဋ္ဌအဖြစ်ကနေ ဘာတိုမြူ နုတ်ထွက်သွားခဲ့ တဲ့ကိစ္စအပြီး ဘာစီလိုနာရဲ့ပြဿနာရပ်တွေက မပြီးဆုံးနိုင်သေးဘဲ ကျန်ခဲ့ပါသေးတယ်။

ဒီနှစ်ဘောလုံးရာသီမစခင် မက်ဆီ အသင်းပြောင်းခွင့်တောင်းတဲ့ကိစ္စက နေ စလိုက်တဲ့ ဘာစီလိနာရဲ့ပြဿနာတွေဟာ အခုဆိုရင် ဥက္ကဋ္ဌဘာတိုမြူနဲ့ ဘုတ် အဖွဲ့တစ်ခုလုံး နုတ်ထွက်သွားအပြီးမှာ ကစားသမားတွေရဲ့လစာကို ၂၀ ရာခိုင်နှုန်းလျှော့ပေးမယ့်ကိစ္စ ထပ်ဖြစ်လာခဲ့ပါတယ်။

အခုနောက်ဆုံး အဆိုးဆုံးက တော့ ပေါင်သန်း ၁၇၀ ကျော် ပေးချေဖို့ရှိနေတဲ့ ကြီးမားတဲ့လုပ်အားခပြဿနာ ကြောင့် အသင်းဖျက်သိမ်းရမယ့်ကိစ္စရပ်အထိ ဖြစ်လာပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်း ကလည်း ဘာစီလိုနာရဲ့ တတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ပီကေးက ကစားသမားတွေဘက်ကနေ ရပ်တည်ခဲ့ပြီး လစာလျှော့ယူမယ့်ကိစ္စကို သဘော မတူဘူးလို့ ပြောကြားထားခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့မတ်လကနေ ဇွန်လအထိ ကိုဗစ်ကာလအဆိုးဆုံးဖြစ်နေတဲ့အချိန်အတွင်းမှာ ကစားသမားတွေ ရဲ့ လစာကို ၂၀ ရာခိုင်နှုန်းဖြတ်တောက်ထားဖို့ ပြင်ဆင်နေခဲ့တာပါ။

ဒါပေမယ့် အခု ချိန်မှာတော့ လာမယ့်တစ်ပတ်မှာ ကစားသမားတွေကိုယ်စားပြုရှေ့နေတွေနဲ့ အ သင်းတာဝန်ရှိသူတွေက ဒီလစာကိစ္စအပေါ် အပြီးသတ်အဖြေရှာရဖို့ ရှိနေပါတယ်။

တကယ်လို့ ဒီကိစ္စသာ ဇန်နဝါရီအထိ အပြီးမသတ်နိုင်ခဲ့ဘူးဆိုရင် ဘာစီလိုနာအသင်းကို ဖျက်သိမ်းရမယ့်အခြေအနေထိ ဖြစ်လာဖို့ရှိနေပါတယ်။

ဘာစီလို နာဟာ လစာပြဿနာကိုဖြေရှင်းဖို့ ကစားသမားတွေရောင်းချခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးရှင်းတမ်းထုတ်ပြန်ဖို့နဲ့ ၂၀၂၀-၂၁ ဘတ်ဂျက်နှစ်အတွက် အနိမ့်ဆုံးသတ် မှတ်ချက်ဟာ စိုးရိမ်အမှတ်အောက်မှာပဲရှိနေသေးတယ်လို့ မာကာ သတင်းစာက ဖော်ပြထားပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကစား သမားတွေကို လစာငွေအများအပြားပေးချေမှုတွေပြုလုပ်ခဲ့ရပြီး အသင်းရဲ့တစ်နှစ် စာကစားသမားလစာငွေပေးချေရမှုဟာ ယူရို ၁၉၆ သန်းအထိရှိနေပြီး မက်ဆီတစ် ဦးတည်းက တစ်ပတ်ကို ယူရို ၆၀၀၀၀၀ နီးပါးနဲ့ တစ်နှစ်တာ ယူရို ၂၈ သန်း အမြင့်ဆုံးရရှိထားသူဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ထုတ်ပြန်ချက်အရ ကလပ် အသင်းတွေဟာ ကိုဗစ်ပြဿနာရပ်ကြောင့် ကြွေးမြီနဲ့အတိုးတွေအပြင် ကစားသမားတွေရဲ့ စာချုပ်ပါအချက်အလက်တွေကြောင့် ပြဿနာတွေတက်နေပြီး အ သင်းဝင်ငွေနဲ့ ချမ်းသာကြွယ်ဝမှုမှာ ဘာစီလိုနာဟာ ကမ္ဘာ့အဆင့် ၂ နေရာမှာရှိနေ တယ်လို့ သိရပါတယ်။

အသင်းမှာငွေကြေးပိုင်းအခက်တွေ့နေချိန်မှာ ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာလည်း ကစားသမားတစ်ယောက်ထုတ်ခံရပြီး (၁၀)ယောက်ထဲနဲ့ကစားခဲ့ရတဲ့ အလာဗတ်စ် အသင်းကို အနိုင်မကစားနိုင်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါသေးတယ်။ ဒီရလဒ်ကြောင့် ထိပ်ဆုံးနေရာက ရီးရယ်လ် အသင်းနဲ့ (၈)မှတ်ကွာဟသွားခဲ့ပြီး အဆင့်(၁၂)နေရာကိုရောက်ရှိသွားခဲ့ပါတယ်။ ခြေစွမ်းပျောက်နေတဲ့ ဂရစ်ဇ်မန်း ကတော့ ဒီပွဲမှာ ဂိုးပေါက်ပြန်တွေ့ခဲ့ပေမယ့် အသင်းကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အလာဗတ်စ် အသင်းဂိုးသမား ပါချီကို ဟာ မက်ဆီရဲ့အပိုင်ကန်ချက်အပါအဝင် အခွင့်အရေး (၇)ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ဘာစီလိုနာ အသင်း နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အချက်တွေထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာတော့ အခြေအနေကောင်းလျက်ရှိနေပြီး အုပ်စု(၂)ပွဲကစားအပြီးမှာ ဖယ်ရန်ဗာရိုစ့်ကိုရော ဂျုဗင်တပ်စ်အသင်းကိုပါ အနိုင်ယူထားခဲ့ပြီး အုပ်စုဗိုလ်နေရာနဲ့ ဆက်လက်ရပ်တည်လျက် ရှိနေပါတယ်။ ဘာစီလိုနာ အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ် နဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲပြီးရင် လာလီဂါပွဲစဉ်အဖြစ် ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ ထြက္ခြာခြင့္ကစလိုက္တဲ့ ဘာစီလိုနာျပႆနာဟာ ဥကၠ႒နဲ႔ ဘုတ္အဖြဲ႕ ႏုတ္ထြက္ခဲ့ၿပီး အခုေနာက္ဆုံး အသင္းဖ်က္သိမ္းရဖို႔အထိ ျဖစ္လာခဲ့တဲ့အေျခအေနမွာ တစ္ေယာက္ေလွ်ာ့ကစားခဲ့တဲ့ အလာဗတ္စ္လို အသင္းကိုေတာင္ အႏိုင္မကစားႏိုင္ခဲ့တဲ့အျဖစ္နဲ႕ၾကံဳေနရ

ၿပီးခဲ့တဲ့ရက္သတၱပတ္က အသင္းဥကၠ႒အျဖစ္ကေန ဘာတိုျမဴ ႏုတ္ထြက္သြားခဲ့ တဲ့ကိစၥအၿပီး ဘာစီလိုနာရဲ႕ျပႆနာရပ္ေတြက မၿပီးဆုံးႏိုင္ေသးဘဲ က်န္ခဲ့ပါေသးတယ္။

ဒီႏွစ္ေဘာလုံးရာသီမစခင္ မက္ဆီ အသင္းေျပာင္းခြင့္ေတာင္းတဲ့ကိစၥက ေန စလိုက္တဲ့ ဘာစီလိနာရဲ႕ျပႆနာေတြဟာ အခုဆိုရင္ ဥကၠ႒ဘာတိုျမဴနဲ႔ ဘုတ္ အဖြဲ႕တစ္ခုလုံး ႏုတ္ထြက္သြားအၿပီးမွာ ကစားသမားေတြရဲ႕လစာကို ၂၀ ရာခိုင္ႏႈန္းေလွ်ာ့ေပးမယ့္ကိစၥ ထပ္ျဖစ္လာခဲ့ပါတယ္။

အခုေနာက္ဆုံး အဆိုးဆုံးက ေတာ့ ေပါင္သန္း ၁၇၀ ေက်ာ္ ေပးေခ်ဖို႔ရွိေနတဲ့ ႀကီးမားတဲ့လုပ္အားချပႆနာ ေၾကာင့္ အသင္းဖ်က္သိမ္းရမယ့္ကိစၥရပ္အထိ ျဖစ္လာပါၿပီ။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္း ကလည္း ဘာစီလိုနာရဲ႕ တတိယအသင္းေခါင္းေဆာင္ျဖစ္တဲ့ ပီေကးက ကစားသမားေတြဘက္ကေန ရပ္တည္ခဲ့ၿပီး လစာေလွ်ာ့ယူမယ့္ကိစၥကို သေဘာ မတူဘူးလို႔ ေျပာၾကားထားခဲ့ပါတယ္။

ဘာစီလိုနာအေနနဲ႔ ၿပီးခဲ့တဲ့မတ္လကေန ဇြန္လအထိ ကိုဗစ္ကာလအဆိုးဆုံးျဖစ္ေနတဲ့အခ်ိန္အတြင္းမွာ ကစားသမားေတြ ရဲ႕ လစာကို ၂၀ ရာခိုင္ႏႈန္းျဖတ္ေတာက္ထားဖို႔ ျပင္ဆင္ေနခဲ့တာပါ။

ဒါေပမယ့္ အခု ခ်ိန္မွာေတာ့ လာမယ့္တစ္ပတ္မွာ ကစားသမားေတြကိုယ္စားျပဳေရွ႕ေနေတြနဲ႔ အ သင္းတာဝန္ရွိသူေတြက ဒီလစာကိစၥအေပၚ အၿပီးသတ္အေျဖရွာရဖို႔ ရွိေနပါတယ္။

တကယ္လို႔ ဒီကိစၥသာ ဇန္နဝါရီအထိ အၿပီးမသတ္ႏိုင္ခဲ့ဘူးဆိုရင္ ဘာစီ လိုနာအသင္းကို ဖ်က္သိမ္းရမယ့္အေျခအေနထိ ျဖစ္လာဖို႔ရွိေနပါတယ္။

ဘာစီလို နာဟာ လစာျပႆနာကိုေျဖရွင္းဖို႔ ကစားသမားေတြေရာင္းခ်ခဲ့ၿပီး ၂၀၁၉-၂၀ ဘ႑ာေရးရွင္းတမ္းထုတ္ျပန္ဖို႔နဲ႔ ၂၀၂၀-၂၁ ဘတ္ဂ်က္ႏွစ္အတြက္ အနိမ့္ဆုံးသတ္ မွတ္ခ်က္ဟာ စိုးရိမ္အမွတ္ေအာက္မွာပဲရွိေနေသးတယ္လို႔ မာကာ သတင္းစာက ေဖာ္ျပထားပါတယ္။

ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ႏွစ္ေတြထဲမွာ ကစား သမားေတြကို လစာေငြအမ်ားအျပားေပးေခ်မႈေတြျပဳလုပ္ခဲ့ရၿပီး အသင္းရဲ႕တစ္ႏွစ္ စာကစားသမားလစာေငြေပးေခ်ရမႈဟာ ယူ႐ို ၁၉၆ သန္းအထိရွိေနၿပီး မက္ဆီတစ္ ဦးတည္းက တစ္ပတ္ကို ယူ႐ို ၆၀၀၀၀၀ နီးပါးနဲ႔ တစ္ႏွစ္တာ ယူ႐ို ၂၈ သန္း အျမင့္ဆုံးရရွိထားသူျဖစ္ပါတယ္။

Forbes မဂၢဇင္းရဲ႕ထုတ္ျပန္ခ်က္အရ ကလပ္ အသင္းေတြဟာ ကိုဗစ္ျပႆနာရပ္ေၾကာင့္ ေႂကြးၿမီနဲ႔အတိုးေတြအျပင္ ကစားသမားေတြရဲ႕ စာခ်ဳပ္ပါအခ်က္အလက္ေတြေၾကာင့္ ျပႆနာေတြတက္ေနၿပီး အ သင္းဝင္ေငြနဲ႔ ခ်မ္းသာႂကြယ္ဝမႈမွာ ဘာစီလိုနာဟာ ကမာၻ႔အဆင့္ ၂ ေနရာမွာရွိေန တယ္လို႔ သိရပါတယ္။

အသင္းမွာေငြေၾကးပိုင္းအခက္ေတြ႕ေနခ်ိန္မွာ ဘာစီလိုနာ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ လာလီဂါ ပြဲစဥ္မွာလည္း ကစားသမားတစ္ေယာက္ထုတ္ခံရၿပီး (၁၀)ေယာက္ထဲနဲ႔ကစားခဲ့ရတဲ့ အလာဗတ္စ္ အသင္းကို အႏိုင္မကစားႏိုင္ခဲ့ပဲ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါေသးတယ္။ ဒီရလဒ္ေၾကာင့္ ထိပ္ဆုံးေနရာက ရီးရယ္လ္ အသင္းနဲ႔ (၈)မွတ္ကြာဟသြားခဲ့ၿပီး အဆင့္(၁၂)ေနရာကိုေရာက္ရွိသြားခဲ့ပါတယ္။ ေျခစြမ္းေပ်ာက္ေနတဲ့ ဂရစ္ဇ္မန္း ကေတာ့ ဒီပြဲမွာ ဂိုးေပါက္ျပန္ေတြ႕ခဲ့ေပမယ့္ အသင္းကို ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။

အလာဗတ္စ္ အသင္းဂိုးသမား ပါခ်ီကို ဟာ မက္ဆီရဲ႕အပိုင္ကန္ခ်က္အပါအဝင္ အခြင့္အေရး (၇)ႀကိမ္ကို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္လည္း ဘာစီလိုနာ အသင္း ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တဲ့ အခ်က္ေတြထဲက တစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္မွာေတာ့ အေျခအေနေကာင္းလ်က္ရွိေနၿပီး အုပ္စု(၂)ပြဲကစားအၿပီးမွာ ဖယ္ရန္ဗာ႐ိုစ့္ကိုေရာ ဂ်ဳဗင္တပ္စ္အသင္းကိုပါ အႏိုင္ယူထားခဲ့ၿပီး အုပ္စုဗိုလ္ေနရာနဲ႔ ဆက္လက္ရပ္တည္လ်က္ ရွိေနပါတယ္။ ဘာစီလိုနာ အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဒိုင္နမိုကိဗ္ နဲ႔ ကစားရမွာ ျဖစ္ၿပီး ဒီပြဲၿပီးရင္ လာလီဂါပြဲစဥ္အျဖစ္ ဘက္တစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။