မက်ဆီ.. နေမာ.. ဘာပေတို့ကို ကျော်လွန်၍…

ယမန်နေ့ညက အီတီဟတ်ကွင်းမှာကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ

မန်စီးတီးက ပီအက်စ်ဂျီကို ၂-၁နဲ့အနိုင်ရပြီး အုပ်စု(A)ပထမနေရာနဲ့

၁၆သင်းအဆင့်တက်နိုင် ခဲ့ပါတယ်။ ပွဲအပြီးမှာ ထုံးစံအတိုင်း

နှစ်ဖက်ကစားသမားတွေ ပွေ့ဖက်လက်ဆွဲနှုတ်ဆက်နေတုန်း

မန်စီးတီးအသင်းဝတ်စုံအပြည့်အစုံအပြင် အပေါ်က ဂျာကင်အနက်

ထပ်ဝတ်ထားတဲ့ချစ်စဖွယ်ကလေးငယ်တစ်ဦးကွင်းထဲဝင်လာခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပီတို့

၃ ဦးစလုံး ကွင်းထဲမှာတစ်ပြိုင်နက်ရှိနေပြီး တစ်ဦးဦးဆီကနေ

ဂျာစီလက်ဆောင်တောင်းခွင့်ရဖို့ဆိုတာ အင်္ဂလန်က ကလေးငယ်တစ်ဦးအတွက်

ကြုံတောင့်ကြုံခဲအခွင့်အရေးလို့ဆိုနိုင်ပါတယ်။ ဒါကြောင့် အဲဒီကလေးငယ်ကိုလည်း

မက်ဆီ၊ နေမာ၊ အမ်ဘာပီတို့ထဲက သူအနှစ်သက်ဆုံး တစ်ဦးဦးဆီကိုသွားပြီး

ဂျာစီလက်ဆောင်တောင်းမယ်လို့ပဲ အတော်များများကထင်ကြမှာပါ။

တကယ်တမ်းမှာတော့ ကလေးငယ်ဟာ မန်စီးတီးတောင်ပံကစားသမား

ဘာနာဒို ဆေးလ်ဗားဆီသာတန်းသွားပြီး ဂျာစီလက်ဆောင်တောင်းခဲ့ပါတယ်။

ဆေးလ်ဗားဟာ သူ့နားရောက်လာတဲ့ကလေးငယ်ရဲ့ဆံပင်ကိုသပ်ပြီးထွက်သွားမလို့

လုပ်နေတုန်း ကလေးငယ်က ဆေးလ်ဗားရဲ့ဂျာစီကိုလက်ညှိုးထိုးပြပြီး

သူ့ ကိုပေးနိုင်မလားလို့တောင်းဆိုခဲ့တာပါ။ ဆေးလ်ဗားကလည်း ဂျာစီအင်္ကျီကို

မဆိုင်းမတွချွတ်ပြီး ကလေးငယ်ကိုပေးခဲ့ပါတယ်။


ကလေးငယ်ဟာ ဂျာစီရအပြီးမှာ လက် နဲ့မြှောက်ကိုင်ပြီး ပွဲကြည့်စင်ပေါ်ရှိနေပုံရတဲ့

သူ့မိဘတွေထံ ဝမ်းသာအားရဝှေ့ ယမ်းပြခဲ့ပါတယ်။ ဆေးလ်ဗားဟာ

ပီအက်စ်ဂျီရဲ့ MNM တိုက်စစ်ရဲ ၃ဖော်ထက် သာလွန်တဲ့ခြေစွမ်းပြသနိုင်ခဲ့ပြီး

ဘောလုံးပေးပို့မှု ၄၇ကြိမ်စလုံးကို လုံးဝအမှားအယွင်းမရှိ မှန်ကန်တိကျစွာ

ပေးပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျီဆုသွင်းခဲ့တဲ့အနိုင် ဂိုးကိုလည်း

ဖန်တီးနိုင်ခဲ့တာမို့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို

ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Zawgyi

မက္ဆီ.. ေနမာ.. ဘာေပတို႔ကို ေက်ာ္လြန္၍…

ယမန္ေန႔ညက အီတီဟတ္ကြင္းမွာကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ

မန္စီးတီးက ပီအက္စ္ဂ်ီကို ၂-၁နဲ႔အႏိုင္ရၿပီး အုပ္စု(A)ပထမေနရာနဲ႔

၁၆သင္းအဆင့္တက္ႏိုင္ ခဲ့ပါတယ္။ ပြဲအၿပီးမွာ ထုံးစံအတိုင္း

ႏွစ္ဖက္ကစားသမားေတြ ေပြ႕ဖက္လက္ဆြဲႏႈတ္ဆက္ေနတုန္း

မန္စီးတီးအသင္းဝတ္စုံအျပည့္အစုံအျပင္ အေပၚက ဂ်ာကင္အနက္

ထပ္ဝတ္ထားတဲ့ခ်စ္စဖြယ္ကေလးငယ္တစ္ဦးကြင္းထဲဝင္လာခဲ့ပါတယ္။

 

 

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားေတြျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ အမ္ဘာပီတို႔

၃ ဦးစလုံး ကြင္းထဲမွာတစ္ၿပိဳင္နက္ရွိေနၿပီး တစ္ဦးဦးဆီကေန

ဂ်ာစီလက္ေဆာင္ေတာင္းခြင့္ရဖို႔ဆိုတာ အဂၤလန္က ကေလးငယ္တစ္ဦးအတြက္

ႀကဳံေတာင့္ႀကဳံခဲအခြင့္အေရးလို႔ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီကေလးငယ္ကိုလည္း

မက္ဆီ၊ ေနမာ၊ အမ္ဘာပီတို႔ထဲက သူအႏွစ္သက္ဆုံး တစ္ဦးဦးဆီကိုသြားၿပီး

ဂ်ာစီလက္ေဆာင္ေတာင္းမယ္လို႔ပဲ အေတာ္မ်ားမ်ားကထင္ၾကမွာပါ။

တကယ္တမ္းမွာေတာ့ ကေလးငယ္ဟာ မန္စီးတီးေတာင္ပံကစားသမား

ဘာနာဒို ေဆးလ္ဗားဆီသာတန္းသြားၿပီး ဂ်ာစီလက္ေဆာင္ေတာင္းခဲ့ပါတယ္။

ေဆးလ္ဗားဟာ သူ႔နားေရာက္လာတဲ့ကေလးငယ္ရဲ႕ဆံပင္ကိုသပ္ၿပီးထြက္သြားမလို႔

လုပ္ေနတုန္း ကေလးငယ္က ေဆးလ္ဗားရဲ႕ဂ်ာစီကိုလက္ညႇိဳးထိုးျပၿပီး

သူ႔ ကိုေပးႏိုင္မလားလို႔ေတာင္းဆိုခဲ့တာပါ။ ေဆးလ္ဗားကလည္း ဂ်ာစီအက်ႌကို

မဆိုင္းမတြခြၽတ္ၿပီး ကေလးငယ္ကိုေပးခဲ့ပါတယ္။

ကေလးငယ္ဟာ ဂ်ာစီရအၿပီးမွာ လက္ နဲ႔ေျမႇာက္ကိုင္ၿပီး ပြဲၾကည့္စင္ေပၚရွိေနပုံရတဲ့

သူ႔မိဘေတြထံ ဝမ္းသာအားရေဝွ႔ ယမ္းျပခဲ့ပါတယ္။ ေဆးလ္ဗားဟာ

ပီအက္စ္ဂ်ီရဲ႕ MNM တိုက္စစ္ရဲ ၃ေဖာ္ထက္ သာလြန္တဲ့ေျခစြမ္းျပသႏိုင္ခဲ့ၿပီး

ေဘာလုံးေပးပို႔မႈ ၄၇ႀကိမ္စလုံးကို လုံးဝအမွားအယြင္းမရွိ မွန္ကန္တိက်စြာ

ေပးပို႔ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ီဆုသြင္းခဲ့တဲ့အႏိုင္ ဂိုးကိုလည္း

ဖန္တီးႏိုင္ခဲ့တာမို႔ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို

ထိုက္ထိုက္တန္တန္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။