မက်ဆီ နဲ့ ရော်နယ်ဒိုကို ကျော်ပြီး ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး အဖြစ် ရပ်တည်နေတဲ့ လီဝန်ဒေါ့စကီး

Sportskeeda သတင်းက လက်ရှိ ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး အမျိုးသား ဘောလုံး ကစားသမား (၅) ဦးကို အစဉ်လိုက် ရွေးချယ်ပေးတဲ့ အချိန်မှာ တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ထိပ်ဆုံးကနေ ဦးဆောင်လျက် ဖြစ်ပါတယ်။

Sportskeeda ရဲ့ လက်ရှိ ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး အမျိုးသား ဘောလုံး ကစားသမား (၅) ဦးကတော့ (၁) လီဝန်ဒေါ့စကီး၊ (၂) ဟာလန်း၊ (၃) မက်ဆီ၊ (၄) ရော်နယ်ဒို နဲ့ (၅) ဟယ်ရီကိန်း စတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

Sportskeeda ရဲ့ ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး ရွေးချယ်မှုမှာတော့ ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို နဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ကို ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီမှာ စီးရီးအေပွဲစဉ် (၃၃) ပွဲ ကစားရာမှာ (၂၉) ဂိုး သွင်းယူခဲ့တဲ့ အတွက်ကြောင့် စီးရီးအေ ရွှေဖိနပ်ဆု ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၄၄) ပွဲမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၆) ဂိုး သွင်းခဲ့ပါတယ်။

တစ်ဖက်က ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၇) ပွဲ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၈) ဂိုး နဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီးကတော့ ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ရာသီက ပြိုင်ပွဲစုံ ပွဲစဉ် (၄၀) ပွဲ ကစားခဲ့ရာမှာ ကစားတဲ့ ပွဲစဉ် အရေအတွက်ကို ကျော်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၄၈) ဂိုးအထိတောင် သွင်းခဲ့ပါတယ်။

တိုက်စစ်မှူး လီဝန်ဒေါ့စကီးကတော့ ပြီးခဲ့တဲ့ (၂) ရာသီဆက်တိုက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းကြောင့် လက်ရှိ ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံးနီးပါးကို စိုးမိုးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက်အရွယ်ကြောင့် ခြေစွမ်းက အရင်ကနဲ့ မတူတော့ဘဲ ကျဆင်းလာလျက်ပါ။

Zawgyi

မက္ဆီ နဲ႔ ေရာ္နယ္ဒိုကို ေက်ာ္ၿပီး ကမာၻ႔ အဆုံးသတ္ အေကာင္းဆုံး အျဖစ္ ရပ္တည္ေနတဲ့ လီဝန္ေဒါ့စကီး

Sportskeeda သတင္းက လက္ရွိ ကမာၻ႔ အဆုံးသတ္ အေကာင္းဆုံး အမ်ိဳးသား ေဘာလုံး ကစားသမား (၅) ဦးကို အစဥ္လိုက္ ေ႐ြးခ်ယ္ေပးတဲ့ အခ်ိန္မွာ တိုက္စစ္မႉး လီဝန္ေဒါ့စကီးက ထိပ္ဆုံးကေန ဦးေဆာင္လ်က္ ျဖစ္ပါတယ္။

Sportskeeda ရဲ႕ လက္ရွိ ကမာၻ႔ အဆုံးသတ္ အေကာင္းဆုံး အမ်ိဳးသား ေဘာလုံး ကစားသမား (၅) ဦးကေတာ့ (၁) လီဝန္ေဒါ့စကီး၊ (၂) ဟာလန္း၊ (၃) မက္ဆီ၊ (၄) ေရာ္နယ္ဒို နဲ႔ (၅) ဟယ္ရီကိန္း စတဲ့ ကစားသမားေတြ ျဖစ္ၾကပါတယ္။

Sportskeeda ရဲ႕ ကမာၻ႔ အဆုံးသတ္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈမွာေတာ့ ဘိုင္ယန္ တိုက္စစ္မႉး လီဝန္ေဒါ့စကီးက ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒို နဲ႔ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီတို႔ကို ေက်ာ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ရာသီမွာ စီးရီးေအပြဲစဥ္ (၃၃) ပြဲ ကစားရာမွာ (၂၉) ဂိုး သြင္းယူခဲ့တဲ့ အတြက္ေၾကာင့္ စီးရီးေအ ေ႐ႊဖိနပ္ဆု ရရွိခဲ့ၿပီး ၿပိဳင္ပြဲစုံ ပြဲစဥ္ (၄၄) ပြဲမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး (၃၆) ဂိုး သြင္းခဲ့ပါတယ္။

တစ္ဖက္က ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီကေတာ့ ၿပီးခဲ့တဲ့ ရာသီက ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲစဥ္ (၄၇) ပြဲ ကစားခဲ့ရာမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး (၃၈) ဂိုး နဲ႔ ၿပိဳင္ပြဲစုံ ဂိုးဖန္တီးမႈ (၁၄) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ေနာက္ၿပီး ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါ့စကီးကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၀-၂၁) ရာသီက ၿပိဳင္ပြဲစုံ ပြဲစဥ္ (၄၀) ပြဲ ကစားခဲ့ရာမွာ ကစားတဲ့ ပြဲစဥ္ အေရအတြက္ကို ေက်ာ္ၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး (၄၈) ဂိုးအထိေတာင္ သြင္းခဲ့ပါတယ္။

တိုက္စစ္မႉး လီဝန္ေဒါ့စကီးကေတာ့ ၿပီးခဲ့တဲ့ (၂) ရာသီဆက္တိုက္ ေျခစြမ္းေကာင္းေတြကို ျပသထားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေျခစြမ္းေကာင္းေၾကာင့္ လက္ရွိ ကမာၻ႔ အဆုံးသတ္ အေကာင္းဆုံး ကစားသမား အျဖစ္ ရပ္တည္ခဲ့ပါတယ္။

မက္ဆီ နဲ႔ ေရာ္နယ္ဒိုတို႔ ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုလုံးနီးပါးကို စိုးမိုးခဲ့ၾကတဲ့ ကစားသမားေတြ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အသက္အ႐ြယ္ေၾကာင့္ ေျခစြမ္းက အရင္ကနဲ႔ မတူေတာ့ဘဲ က်ဆင္းလာလ်က္ပါ။