မက်ဆီ နှင့် ရော်နယ်ဒိုတို့ထက် ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းပိုင်ဆိုင်ထားတဲ့ ဆွန်ယောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီ နှင့် ရောဘတ် လီဝမ်ဒေါစကီးတို့ထက် တော့တင်ဟမ်အသင်းတိုက်စစ်မှူး ဆွန်ယောင်မင်က အချက်အလက်တွေအရ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး ဂိုးသွင်းသူအဖြစ် ရှိနေကြောင်း သိရပါတယ်။

( ၂၀၁၆ ) ခုနှစ်က စတင်ပြီး လက်ရှိအချိန်ထိ မှတ်တမ်းတွေအရ ဂိုးရရှိနိုင်ခြေ ( xG – expected goals ) နဲ့ တိုင်းတာရာမှာ ဆွန်ယောင်မင်က အခြားသော တိုက်စစ်မှူးတွေထက် ပိုမိုသာလွန်နေတာ ဖြစ်ပါတယ်။

ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ ဆွန်ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ယခုလို အဆင့် ( ၁ ) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ understat နှင့် Independent တဲ့ရဲ့ မှတ်တမ်းတွေအရ ဆွန်ယောင်မင်ဟာ ၂၀၁၆ ၊ သြဂုတ်လကတည်းက လက်ရှိအချိန်ထိ ( ၆၁ ) ဂိုး သွင်းယူထားပြီး သူ့ရဲ့ မျှော်မှန်း ဂိုးရှိနိုင်ခြေ ( xG ) ထက် ၄၄ – ရာခိုင်နှုန်း ပိုများနေတာ တွေ့ရပါတယ်။

အသင်းဖော် ဟယ်ရီကိန်းက သူ့ရဲ့ xG ထက် ( ၂၁.၃၃ ) ရာခိုင်နှုန်း ပိုကောင်းမွန်တဲ့ အဆုံးသတ်မှုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး တတိယနေရာမှာတော့ လီယွန်နယ်မက်ဆီက သူရဲ့ xG ထက် ( ၂၁.၃၁ ) ရာခိုင်နှုန်း ပိုများတဲ့ သွင်းဂိုးတွေ ရယူထားနိုင်ပါတယ်။

ရော်နယ်ဒိုကတော့ မျှော်မှန်း ဂိုးရနိုင်ခြေ ( xG ) နဲ့ တန်းတူအနေအထား နီးပါးမှာ ရောက်ရှိနေပြီး လီဝမ်ဒေါစကီး ၊ နေမာ ၊ အူဘာမီယန်း ၊ နှင့် အဂွဲရိုးတို့ကတော့ မျှော်မှန်းဂိုးရနိုင်ခြေ ( xG ) အောက် လျော့နည်းလျက်ရှိပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခရစၥတီယာႏို ေရာ္နယ္ဒို ၊ လီယြန္နယ္ မက္ဆီ ႏွင့္ ေရာဘတ္ လီဝမ္ေဒါစကီးတို႔ထက္ ေတာ့တင္ဟမ္အသင္းတိုက္စစ္မႉး ဆြန္ေယာင္မင္က အခ်က္အလက္ေတြအရ ဥေရာပရဲ႕ ေၾကာက္စရာအေကာင္းဆုံး ဂိုးသြင္းသူအျဖစ္ ရွိေနေၾကာင္း သိရပါတယ္။ ( ၂၀၁၆ ) ခုႏွစ္က စတင္ၿပီး လက္ရွိအခ်ိန္ထိ မွတ္တမ္းေတြအရ ဂိုးရရွိႏိုင္ေျခ ( xG – expected goals ) နဲ႔ တိုင္းတာရာမွာ ဆြန္ေယာင္မင္က အျခားေသာ တိုက္စစ္မႉးေတြထက္ ပိုမိုသာလြန္ေနတာ ျဖစ္ပါတယ္။ ရရွိလာတဲ့ အခြင့္အေရးေတြကို အေကာင္းဆုံး အသုံးခ်ႏိုင္တဲ့ ဆြန္ရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္မႈေၾကာင့္ ယခုလို အဆင့္ ( ၁ ) ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

understat ႏွင့္ Independent တဲ့ရဲ႕ မွတ္တမ္းေတြအရ ဆြန္ေယာင္မင္ဟာ ၂၀၁၆ ၊ ၾသဂုတ္လကတည္းက လက္ရွိအခ်ိန္ထိ ( ၆၁ ) ဂိုး သြင္းယူထားၿပီး သူ႔ရဲ႕ ေမွ်ာ္မွန္း ဂိုးရွိႏိုင္ေျခ ( xG ) ထက္ ၄၄ – ရာခိုင္ႏႈန္း ပိုမ်ားေနတာ ေတြ႕ရပါတယ္။ အသင္းေဖာ္ ဟယ္ရီကိန္းက သူ႔ရဲ႕ xG ထက္ ( ၂၁.၃၃ ) ရာခိုင္ႏႈန္း ပိုေကာင္းမြန္တဲ့ အဆုံးသတ္မႈနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး တတိယေနရာမွာေတာ့ လီယြန္နယ္မက္ဆီက သူရဲ႕ xG ထက္ ( ၂၁.၃၁ ) ရာခိုင္ႏႈန္း ပိုမ်ားတဲ့ သြင္းဂိုးေတြ ရယူထားႏိုင္ပါတယ္။

ေရာ္နယ္ဒိုကေတာ့ ေမွ်ာ္မွန္း ဂိုးရႏိုင္ေျခ ( xG ) နဲ႔ တန္းတူအေနအထား နီးပါးမွာ ေရာက္ရွိေနၿပီး လီဝမ္ေဒါစကီး ၊ ေနမာ ၊ အူဘာမီယန္း ၊ ႏွင့္ အဂြဲ႐ိုးတို႔ကေတာ့ ေမွ်ာ္မွန္းဂိုးရႏိုင္ေျခ ( xG ) ေအာက္ ေလ်ာ့နည္းလ်က္ရွိပါတယ္။ Source : Daily Mail