မက်ဆီ ပါခြင်း၊ မပါခြင်းနဲ့ မဆိုင်တော့တဲ့ ပီအက်စ်ဂျီရဲ့ အနိုင် အရှုံး

မိုနာကိုနဲ့ ပွဲမှာ မက်ဆီ ဖျားနာနေတာကြောင့် မပါဝင်ခဲ့ပေမယ့်

အမ်ဘာပေ၊ နေမာတို့ နှစ်ယောက်ပါဝင်ခဲ့ပြီး

ကျန်တဲ့ နေရာတွေမှာလည်း လူစုံခဲ့ပါတယ်။

ဒွန်နာရမ်မာ၊ ဟာကီမီ၊ မာကွင်ဟိုစ်၊ ကင်မ်ပမ်ဘီ၊ နူနိုမန်ဒက်စ်၊

ဒန်နီလို၊ ပါရီဒက်စ်၊ ဗာရက်တီ၊ ဝိုင်နယ်လ်ဒမ်းတို့ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ ဘဲဥ မကွဲပါဘူး။

မိုနာကိုအတွက် ဂိုးတွေကို ဘင်ယက်ဒါက ပင်နယ်တီတစ်လုံးအပါအဝင်

နှစ်ဂိုးနဲ့ ဗော်လန်းတို့က သွင်းယူသွားခဲ့တာကြောင့်

မိုနာကိုတို့ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီဂိုးတွေမှာ ပီအက်စ်ဂျီနောက်ခံလူတွေရဲ့ အာရုံစူးစိုက်မှုနဲ့

လူကပ်ကစားပုံ ညံ့ဖျင်းမှုတွေက သိသာမြင်သာခဲ့ပါတယ်။

အခုဆိုရင် ပိုချက်တီနိုရဲ့အသင်းဟာ သူတို့နောက်ဆုံးကစားခဲ့တဲ့

ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ပွဲတောင်ရှုံးခဲ့ပြီဖြစ်ပါတယ်။

ရှုံးပွဲတွေ့ပေမဲ့ ပီအက်စ်ဂျီတို့ဟာ ၂၉ ပွဲကနေ ၆၅ မှတ်ရထားပြီး

ဇယားထိပ်မှာ ၁၅ မှတ်နဲ့ဦးဆောင်နေဆဲဖြစ်ပါတယ်။

မိုနာကိုတို့ကတော့ ၄၄ မှတ်နဲ့ အဆင့် ၇ ကိုတက်လာပါတယ်။

ပီအက်စ်ဂျီတို့အတွက် အခြေမပျက်ပေမဲ့ ချန်ပီယံလိဂ်ကနေ

လတ်တလောလေးကမှထွက်လာရတဲ့အခြေအနေနဲ့အတူ

မှန်ဘီလူးနဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရတဲ့ ပိုချက်တီနိုအတွက်ကတော့

ဖိအားတွေ ပိုတိုးသထက်တိုးလာနေပါတယ်။

zawgyi

မက္ဆီ ပါျခင္း၊ မပါျခင္းနဲ႔ မဆိုင္ေတာ့တဲ့ ပီအက္စ္ဂ်ီရဲ႕ အႏိုင္ အရႈံး

မိုနာကိုနဲ႔ ပြဲမွာ မက္ဆီ ဖ်ားနာေနတာေၾကာင့္ မပါဝင္ခဲ့ေပမယ့္

အမ္ဘာေပ၊ ေနမာတို႔ ႏွစ္ေယာက္ပါဝင္ခဲ့ၿပီး

က်န္တဲ့ ေနရာေတြမွာလည္း လူစုံခဲ့ပါတယ္။

ဒြန္နာရမ္မာ၊ ဟာကီမီ၊ မာကြင္ဟိုစ္၊ ကင္မ္ပမ္ဘီ၊ ႏူႏိုမန္ဒက္စ္၊

ဒန္နီလို၊ ပါရီဒက္စ္၊ ဗာရက္တီ၊ ဝိုင္နယ္လ္ဒမ္းတို႔ ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီ ဘဲဥ မကြဲပါဘူး။

မိုနာကိုအတြက္ ဂိုးေတြကို ဘင္ယက္ဒါက ပင္နယ္တီတစ္လုံးအပါအဝင္

ႏွစ္ဂိုးနဲ႔ ေဗာ္လန္းတို႔က သြင္းယူသြားခဲ့တာေၾကာင့္

မိုနာကိုတို႔ သုံးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီဂိုးေတြမွာ ပီအက္စ္ဂ်ီေနာက္ခံလူေတြရဲ႕ အာ႐ုံစူးစိုက္မႈနဲ႔

လူကပ္ကစားပုံ ညံ့ဖ်င္းမႈေတြက သိသာျမင္သာခဲ့ပါတယ္။

အခုဆိုရင္ ပိုခ်က္တီႏိုရဲ႕အသင္းဟာ သူတို႔ေနာက္ဆုံးကစားခဲ့တဲ့

ၿပိဳင္ပြဲစုံ ၆ ပြဲမွာ ၄ ပြဲေတာင္ရႈံးခဲ့ၿပီျဖစ္ပါတယ္။

ရႈံးပြဲေတြ႕ေပမဲ့ ပီအက္စ္ဂ်ီတို႔ဟာ ၂၉ ပြဲကေန ၆၅ မွတ္ရထားၿပီး

ဇယားထိပ္မွာ ၁၅ မွတ္နဲ႔ဦးေဆာင္ေနဆဲျဖစ္ပါတယ္။

မိုနာကိုတို႔ကေတာ့ ၄၄ မွတ္နဲ႔ အဆင့္ ၇ ကိုတက္လာပါတယ္။

ပီအက္စ္ဂ်ီတို႔အတြက္ အေျခမပ်က္ေပမဲ့ ခ်န္ပီယံလိဂ္ကေန

လတ္တေလာေလးကမွထြက္လာရတဲ့အေျခအေနနဲ႔အတူ

မွန္ဘီလူးနဲ႔ မ်က္စိေဒါက္ေထာက္ၾကည့္ခံေနရတဲ့ ပိုခ်က္တီႏိုအတြက္ကေတာ့

ဖိအားေတြ ပိုတိုးသထက္တိုးလာေနပါတယ္။