မက်ဆီ ဘယ်တော့မှ ချိုးဖျက်နိုင်မှာ မဟုတ်တဲ့ စီရော်နယ်လ်ဒိုရဲ့ စံချိန်(၅)ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဆိုတာက လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား(၂)ဦးဖြစ်ပြီး သူတို့နှစ်ဦးထဲက ဘယ်သူပိုကောင်းလဲဆိုတာ အဖြေရှာလို့ မရမယ့်ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။ အသက်(၃၅)နှစ်နဲ့ အသက်(၃၃)နှစ်အရွယ်ရောက်လာပြီဖြစ်ပေမယ့် ဒီကစားသမားနှစ်ဦးဟာ စံချိန်တွေ တစ်ခုပြီးတစ်ခုရယူနေပြီး လက်ရှိဘောလုံးလောကကို လွှမ်းမိုးထားနေဆဲပါပဲ။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကလည်း နောက်လူတွေ လိုက်မီဖို့ခက်တဲ့ စံချိန်တွေ၊ တစ်ဦးချင်းမှတ်တမ်းကောင်းတွေကို အပြိုင်အဆိုင် ရယူနေကြဆဲဖြစ်ပါတယ်။

အခုဖော်ပြချင်တာက မက်ဆီ ဘယ်တော့မှ ချိုးဖျက်နိုင်မှာ မဟုတ်တဲ့ စီရော်နယ်လ်ဒိုရဲ့ စံချိန်တွေအကြောင်းပဲဖြစ်ပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင် . . .

(၆)ရာသီဆက် ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တဲ့ မှတ်တမ်း

စီရော်နယ်လ်ဒိုဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်ပေမယ့် ဂိုးသွင်းကောင်းတဲ့ World Class Goalscorer တစ်ဦးဖြစ်ပြီး ယူနိုက်တက်၊ ရီးယဲလ်နဲ့ အခု ဂျူဗင်တပ်စ်အသင်းတွေမှာ မယုံနိုင်လောက်အောင် ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူပြခဲ့တယ်။ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း ရာသီတိုင်းမှာ အနည်းဆုံးဂိုး(၄၀)သွင်းယူခဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။ ၂၀၁၀-၁၁ ရာသီကနေ ၂၀၁၅-၁၆ ရာသီအထိ သူဟာ (၆)ရာသီဆက် ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့ပြီး ၂၀၁၄-၁၅ ရာသီမှာ (၆၁)ဂိုးအထိ သွင်းခဲ့ပါတယ်။ မက်ဆီကတော့ ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တာ (၃)ရာသီဆက်သာရှိပြီး ၂၀၁၀-၁၁ ကနေ ၂၀၁၂-၁၃ ရာသီအထိ သွင်းခဲ့တာပါ။ အခုအချိန်မှာ မက်ဆီဟာ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကို မီဖို့က မဖြစ်နိုင်တော့ပါဘူး။

Stats in Detail 2010-11: 53 goals , 2011-12: 60 goals,  2012-13: 55 goals,  2013-14: 51 goals, 2014-15: 61 goals, 2015-16: 51 goals

ချန်ပီယံလိဂ်မှာ (၆)ရာသီဆက် သွင်းဂိုးအများဆုံး မှတ်တမ်း

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက စီရော်နယ်လ်ဒိုရဲ့ အကြိုက်ဆုံးပြိုင်ပွဲလို့တောင် ပြောရမှာပါ။ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ရရှိခဲ့ပြီး ၂၀၁၂-၁၃ ရာသီက စလို့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၆)ရာသီဆက် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၃-၁၄ ရာသီမှာ (၁၇)ဂိုးအထိ သွင်းခဲ့ပြီး တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ မက်ဆီအနေနဲ့ ၂၀၀၈-၀၉ ကနေ ၂၀၁၁-၁၂ အထိ (၄)ရာသီဆက်သာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဆက်တိုက် ရယူခဲ့တဲ့ စံချိန်

၁၉၉၂ က စလို့ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာက ရီးယဲလ်တစ်သင်းတည်းရှိပြီး (၃)နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ ဒီလိုဗိုလ်စွဲခဲ့တဲ့နေရာမှာ အဓိကအကျဆုံးကစားသမားကတော့ စီရော်နယ်လ်ဒိုက လွဲပြီး တခြားဘယ်သူမှ မရှိပါဘူး။ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီတွေမှာ ဗိုလ်စွဲခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ စံချိန်ကို မက်ဆီ အမီလိုက်နိုင်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ပါဘူး။ မတူညီတဲ့လိဂ်ပြိုင်ပွဲ (၃)ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မှတ်တမ်း ဒီစံချိန်ကလည်း မက်ဆီအတွက်တော့ ဘယ်လိုမှ လိုက်မီစရာ မရှိတော့ဘူးလို့ပဲ ပြောရမှာပါ။ စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈၊ ၂၀၀၈-၀၉ ၊ ရီးယဲလ်အသင်းနဲ့ ၂၀၁၁-၁၂၊ ၂၀၁၆-၁၇၊ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ရာသီတွေမှာ အမှတ်ပေးဖလား ရယူခဲ့ပြီး မတူညီတဲ့လိဂ်ပြိုင်ပွဲ(၃)ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားတာပါ။

မတူညီတဲ့ ကလပ်(၂)သင်းနဲ့ တစ်ဦးချင်းအဓိကဆုတွေ ရခဲ့တဲ့မှတ်တမ်း

ကစားသမားဘ၀ (၁၅)နှစ်ကျော်ကာလအတွင်း စီရော်နယ်လ်ဒို မရဖူးတဲ့ တစ်ဦးချင်းအဓိက ဆုတွေဆိုတာက မရှိတော့ပါဘူး။ သူက ကလပ်အသင်းတစ်သင်းတည်းနဲ့သာမဟုတ်ဘဲ (၂)သင်းနဲ့ ရယူခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝမှာ Ballon d’Or ၊ FIFA အကောင်းဆုံး ဘောလုံးသမား၊ ဥရောပလိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး (ESM)ဆု ၊ FIFA ပွတ်ရှ်ကပ်စ် ဆုတွေ ရရှိခဲ့ပါတယ်။ ရီးယဲလ်အသင်းမှာလည်း Ballon d’Or ဆု (၃)ကြိမ်၊ FIFA The Best ဆု (၂)ကြိမ်၊ ESM ဆု (၃)ကြိမ်အထိ ရရှိခဲ့ပါတယ်။ ဒီစံချိန်မှတ်တမ်းကလည်း မက်ဆီအတွက်တော့ စိတ်ကူးယဉ်ရုံအဆင့်ပဲရှိပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ဆိုတာက လက္ရွိ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကစားသမား(၂)ဦးျဖစ္ၿပီး သူတို႔ႏွစ္ဦးထဲက ဘယ္သူပိုေကာင္းလဲဆိုတာ အေျဖရွာလို႔ မရမယ့္ပုစာၦတစ္ပုဒ္ျဖစ္ေနပါတယ္။ အသက္(၃၅)ႏွစ္နဲ႔ အသက္(၃၃)ႏွစ္အ႐ြယ္ေရာက္လာၿပီျဖစ္ေပမယ့္ ဒီကစားသမားႏွစ္ဦးဟာ စံခ်ိန္ေတြ တစ္ခုၿပီးတစ္ခုရယူေနၿပီး လက္ရွိေဘာလုံးေလာကကို လႊမ္းမိုးထားေနဆဲပါပဲ။ စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ကလည္း ေနာက္လူေတြ လိုက္မီဖို႔ခက္တဲ့ စံခ်ိန္ေတြ၊ တစ္ဦးခ်င္းမွတ္တမ္းေကာင္းေတြကို အၿပိဳင္အဆိုင္ ရယူေနၾကဆဲျဖစ္ပါတယ္။

အခုေဖာ္ျပခ်င္တာက မက္ဆီ ဘယ္ေတာ့မွ ခ်ိဳးဖ်က္ႏိုင္မွာ မဟုတ္တဲ့ စီေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ေတြအေၾကာင္းပဲျဖစ္ပါတယ္။ အဲဒါေတြက ဘာေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္ . . .

(၆)ရာသီဆက္ ဂိုး(၅၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ မွတ္တမ္း

စီေရာ္နယ္လ္ဒိုဟာ တိုက္စစ္မႉးစစ္စစ္ မဟုတ္ေပမယ့္ ဂိုးသြင္းေကာင္းတဲ့ World Class Goalscorer တစ္ဦးျဖစ္ၿပီး ယူႏိုက္တက္၊ ရီးယဲလ္နဲ႔ အခု ဂ်ဴဗင္တပ္စ္အသင္းေတြမွာ မယုံႏိုင္ေလာက္ေအာင္ ဂိုးေတြ တဒိုင္းဒိုင္းသြင္းယူျပခဲ့တယ္။ ရီးယဲလ္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း ရာသီတိုင္းမွာ အနည္းဆုံးဂိုး(၄၀)သြင္းယူခဲ့တာက မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ၂၀၁၀-၁၁ ရာသီကေန ၂၀၁၅-၁၆ ရာသီအထိ သူဟာ (၆)ရာသီဆက္ ဂိုး(၅၀)နဲ႔အထက္ သြင္းယူခဲ့ၿပီး ၂၀၁၄-၁၅ ရာသီမွာ (၆၁)ဂိုးအထိ သြင္းခဲ့ပါတယ္။ မက္ဆီကေတာ့ ဂိုး(၅၀)နဲ႔အထက္ သြင္းယူခဲ့တာ (၃)ရာသီဆက္သာရွိၿပီး ၂၀၁၀-၁၁ ကေန ၂၀၁၂-၁၃ ရာသီအထိ သြင္းခဲ့တာပါ။ အခုအခ်ိန္မွာ မက္ဆီဟာ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တာေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္ကို မီဖို႔က မျဖစ္ႏိုင္ေတာ့ပါဘူး။

Stats in Detail 2010-11: 53 goals , 2011-12: 60 goals,  2012-13: 55 goals,  2013-14: 51 goals, 2014-15: 61 goals, 2015-16: 51 goals

ခ်န္ပီယံလိဂ္မွာ (၆)ရာသီဆက္ သြင္းဂိုးအမ်ားဆုံး မွတ္တမ္း

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆိုတာက စီေရာ္နယ္လ္ဒိုရဲ႕ အႀကိဳက္ဆုံးၿပိဳင္ပြဲလို႔ေတာင္ ေျပာရမွာပါ။ ခ်န္ပီယံလိဂ္ဖလားကို (၅)ႀကိမ္အထိ ရရွိခဲ့ၿပီး ၂၀၁၂-၁၃ ရာသီက စလို႔ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ (၆)ရာသီဆက္ ရပ္တည္ခဲ့ပါတယ္။ ၂၀၁၃-၁၄ ရာသီမွာ (၁၇)ဂိုးအထိ သြင္းခဲ့ၿပီး တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကိုလည္း ပိုင္ဆိုင္ခဲ့တယ္။ မက္ဆီအေနနဲ႔ ၂၀၀၈-၀၉ ကေန ၂၀၁၁-၁၂ အထိ (၄)ရာသီဆက္သာ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့တာပါ။

ခ်န္ပီယံလိဂ္ဖလားကို (၃)ႀကိမ္ဆက္တိုက္ ရယူခဲ့တဲ့ စံခ်ိန္

၁၉၉၂ က စလို႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအျဖစ္ အမည္ေျပာင္းလဲခဲ့ၿပီးေနာက္ပိုင္း လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့တာက ရီးယဲလ္တစ္သင္းတည္းရွိၿပီး (၃)ႏွစ္ဆက္တိုက္ ဗိုလ္စြဲခဲ့ပါတယ္။ ဒီလိုဗိုလ္စြဲခဲ့တဲ့ေနရာမွာ အဓိကအက်ဆုံးကစားသမားကေတာ့ စီေရာ္နယ္လ္ဒိုက လြဲၿပီး တျခားဘယ္သူမွ မရွိပါဘူး။ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ရာသီေတြမွာ ဗိုလ္စြဲခဲ့ၿပီး စီေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို မက္ဆီ အမီလိုက္ႏိုင္ဖို႔ဆိုတာက လုံးဝမျဖစ္ႏိုင္ေတာ့ပါဘူး။ မတူညီတဲ့လိဂ္ၿပိဳင္ပြဲ (၃)ခုမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ မွတ္တမ္း ဒီစံခ်ိန္ကလည္း မက္ဆီအတြက္ေတာ့ ဘယ္လိုမွ လိုက္မီစရာ မရွိေတာ့ဘူးလို႔ပဲ ေျပာရမွာပါ။ စီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈၊ ၂၀၀၈-၀၉ ၊ ရီးယဲလ္အသင္းနဲ႔ ၂၀၁၁-၁၂၊ ၂၀၁၆-၁၇၊ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ရာသီေတြမွာ အမွတ္ေပးဖလား ရယူခဲ့ၿပီး မတူညီတဲ့လိဂ္ၿပိဳင္ပြဲ(၃)ခုမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္ထားတာပါ။

မတူညီတဲ့ ကလပ္(၂)သင္းနဲ႔ တစ္ဦးခ်င္းအဓိကဆုေတြ ရခဲ့တဲ့မွတ္တမ္း

ကစားသမားဘ၀ (၁၅)ႏွစ္ေက်ာ္ကာလအတြင္း စီေရာ္နယ္လ္ဒို မရဖူးတဲ့ တစ္ဦးခ်င္းအဓိက ဆုေတြဆိုတာက မရွိေတာ့ပါဘူး။ သူက ကလပ္အသင္းတစ္သင္းတည္းနဲ႔သာမဟုတ္ဘဲ (၂)သင္းနဲ႔ ရယူခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘဝမွာ Ballon d’Or ၊ FIFA အေကာင္းဆုံး ေဘာလုံးသမား၊ ဥေရာပလိဂ္ၿပိဳင္ပြဲသြင္းဂိုးအမ်ားဆုံး (ESM)ဆု ၊ FIFA ပြတ္ရွ္ကပ္စ္ ဆုေတြ ရရွိခဲ့ပါတယ္။ ရီးယဲလ္အသင္းမွာလည္း Ballon d’Or ဆု (၃)ႀကိမ္၊ FIFA The Best ဆု (၂)ႀကိမ္၊ ESM ဆု (၃)ႀကိမ္အထိ ရရွိခဲ့ပါတယ္။ ဒီစံခ်ိန္မွတ္တမ္းကလည္း မက္ဆီအတြက္ေတာ့ စိတ္ကူးယဥ္႐ုံအဆင့္ပဲရွိပါလိမ့္မယ္။