” မက်ဆီ … မက်ဆီ” ဆိုတဲ့အော်ဟစ်သံတွေဟာ ဒိုလေးကို စိတ်အနှောက်အယှက် ဖြစ်စေဖို့ပဲ ရည်ညွှန်းခဲ့တာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မျက်မှောက်ခေတ်ဘောလုံးကမ္ဘာမှာ စီရော်နယ်ဒို ၊ မက်ဆီဆိုတာက ကမ္ဘာ့အကောင်းဆုံးကစား သ မားတွေဖြစ်တယ်ဆိုတာကို အထူးတလည် ပြောနေစရာတောင် လိုလိမ့်မယ်လို့ မထင်ပါဘူး။ ရီးရဲလ်မှာ စီရော်နယ်ဒိုကစားနေစဉ် လာလီဂါရပ် ဝန်းအတွင်း ဒီကစားသမား ၂ ဦးရဲ့ ဆုံတွေ့မှုကာ လဟာ သူတို့ ၂ ဦးအကြားပြိုင်ဆိုင်မှုအမြင့်ဆုံးအချိန်တစ်ခုဖြစ်သလို သူတို့ ၂ ဦးအပေါ် နှိုင်းယှဉ်မှုအမြင့်ဆုံးကာလတစ်ခုလည်း ဖြစ်ခဲ့တာပါ။

အဲ့ဒီနောက် ၂၀၁၈ မှာ ဂျူဗင်တပ်ဆီကို စီရော်နယ်ဒိုတစ်ယောက် ပြောင်းရွှေ့ရောက်ရှိသွားခဲ့ချိန်မှာတော့ ဒီကစားသမား ၂ ဦးအပေါ်သက်ဆိုင်ရာပရိသတ်တွေရဲ့ နှိုင်းယှဉ်မှုအရှိန်တွေ လျော့ကျသွားစေခဲ့ပါတယ်။ ဒီနေရာမှာအဓိကပြောလိုတာက ဒိုလေးပါဝင်ကစားနေတဲ့ပွဲအချိုမှာ ကွင်းအတွင်းမှာရှိတဲ့ ပြိုင်ဘက်အသင်း ပရိသတ်တွေဆီက မက်ဆီ….မက်ဆီ ဆိုတဲ့ အော်ဟစ်သံမျိုးတွေ ရှိခဲ့တာဘာကြောင့်လဲဆိုတဲ့အကြောင်း ပြောချင်တာပါပဲ။

စစ်တမ်းတွေနဲ့ သုံးသပ်မှုတွေရဲ့ အဆိုအရက တော့ ဒါဟာ မက်ဆီရဲ့ အရည်အသွေးကိုတမ်းတတဲ့ သဘောမျိုးမဟုတ်ဘဲ ကွင်းထဲမှာရှိနေတဲ့ စီရော်နယ်ဒိုကို ကျွဲမြီးတိုပြီး စိတ်အနှောက်အယှက်ဖြစ်စေဖို့နဲ့ စွမ်းဆောင်ရည်ပိုင်းထိခိုက်မှုတွေဖြစ်စေဖို့ အဓိက ရည်ရွယ်ခြင်းဆိုတာပဲ ဖြစ်ပါတယ်။

ယူရို ၂၀၁၂ ခြေစစ်ပွဲစဉ်တွေဖြစ်တဲ့ ဘော့စနီးယား၊ ဒိန်းမတ်တို့နဲ့ပွဲ ယူရို ၂၀၁၆ နဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေဖြစ်တဲ့ အဲလ်ဘေးနီးယား၊လူဇင်ဘတ် တို့နဲ့ပွဲတွေမှာ ပေါ်တူဂီမှာပါဝင်ကစားနေတဲ့ ဒိုလေးကို ပြိုင်ဘက်ပရိသတ်တွေက မက်ဆီရဲ့အမည်ကိုအော်ဟစ်ရေရွတ်ပြီး နှောက်ယှက်ခဲ့ကြတာပါ။

ရီးရဲလ်ကစားသမားဘဝ ဖီဖာကလပ်ကမ္ဘာ့ဖလားပွဲစဉ် အဲလ်ဂျာဇီးယားနဲ့ပွဲအပြင် လက်ရှိဂျူဗင်တပ် ကစားသမားဘဝမှာလည်း လာဇီယိုအသင်းပရိသတ်တွေဆီက မက်ဆီဆိုတဲ့နာမည်နဲ့ အော် ဟစ်နှောက်ယှက်တာမျိုး ကြုံခဲ့တာပါပဲ။

ဒီလိုအနေအထားမျိုးတွေမှာ စီရော်နယ်ဒိုကတော့ သွင်းဂိုးသွင်းယူပြီးချိန်နဲ့တိုက်ဆိုင်ခဲ့ရင် နှုတ်ဆိတ်နေဖို့အပြင် အသံတွေနားထောင်တဲ့ ဟန်အမူအယာမျိုးနဲ့ တုံ့ပြန်တတ်တာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

” မက္ဆီ … မက္ဆီ” ဆိုတဲ့ေအာ္ဟစ္သံေတြဟာ ဒိုေလးကို စိတ္အေႏွာက္အယွက္ ျဖစ္ေစဖို႔ပဲ ရည္ၫႊန္းခဲ့တာလား

မ်က္ေမွာက္ေခတ္ေဘာလုံးကမာၻမွာ စီေရာ္နယ္ဒို ၊ မက္ဆီဆိုတာက ကမာၻ႔အေကာင္းဆုံးကစား သ မားေတြျဖစ္တယ္ဆိုတာကို အထူးတလည္ ေျပာေနစရာေတာင္ လိုလိမ့္မယ္လို႔ မထင္ပါဘူး။ ရီးရဲလ္မွာ စီေရာ္နယ္ဒိုကစားေနစဥ္ လာလီဂါရပ္ ဝန္းအတြင္း ဒီကစားသမား ၂ ဦးရဲ႕ ဆုံေတြ႕မႈကာ လဟာ သူတို႔ ၂ ဦးအၾကားၿပိဳင္ဆိုင္မႈအျမင့္ဆုံးအခ်ိန္တစ္ခုျဖစ္သလို သူတို႔ ၂ ဦးအေပၚ ႏႈိင္းယွဥ္မႈအျမင့္ဆုံးကာလတစ္ခုလည္း ျဖစ္ခဲ့တာပါ။

အဲ့ဒီေနာက္ ၂၀၁၈ မွာ ဂ်ဴဗင္တပ္ဆီကို စီေရာ္နယ္ဒိုတစ္ေယာက္ ေျပာင္းေ႐ႊ႕ေရာက္ရွိသြားခဲ့ခ်ိန္မွာေတာ့ ဒီကစားသမား ၂ ဦးအေပၚသက္ဆိုင္ရာပရိသတ္ေတြရဲ႕ ႏႈိင္းယွဥ္မႈအရွိန္ေတြ ေလ်ာ့က်သြားေစခဲ့ပါတယ္။ ဒီေနရာမွာအဓိကေျပာလိုတာက ဒိုေလးပါဝင္ကစားေနတဲ့ပြဲအခ်ိဳမွာ ကြင္းအတြင္းမွာရွိတဲ့ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြဆီက မက္ဆီ….မက္ဆီ ဆိိုတဲ့ ေအာ္ဟစ္သံမ်ိဳးေတြ ရွိခဲ့တာဘာေၾကာင့္လဲဆိုတဲ့အေၾကာင္း ေျပာခ်င္တာပါပဲ။

စစ္တမ္းေတြနဲ႔ သုံးသပ္မႈေတြရဲ႕ အဆိုအရက ေတာ့ ဒါဟာ မက္ဆီရဲ႕ အရည္အေသြးကိုတမ္းတတဲ့ သေဘာမ်ိဳးမဟုတ္ဘဲ ကြင္းထဲမွာရွိေနတဲ့ စီေရာ္နယ္ဒိုကို ကြၽဲၿမီးတိုၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေစဖို႔နဲ႔ စြမ္းေဆာင္ရည္ပိုင္းထိခိုက္မႈေတြျဖစ္ေစဖို႔ အဓိက ရည္႐ြယ္ျခင္းဆိုတာပဲ ျဖစ္ပါတယ္။

ယူ႐ို ၂၀၁၂ ေျခစစ္ပြဲစဥ္ေတြျဖစ္တဲ့ ေဘာ့စနီးယား၊ ဒိန္းမတ္တို႔နဲ႔ပြဲ ယူ႐ို ၂၀၁၆ နဲ႔ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြျဖစ္တဲ့ အဲလ္ေဘးနီးယား၊လူဇင္ဘတ္ တို႔နဲ႔ပြဲေတြမွာ ေပၚတူဂီမွာပါဝင္ကစားေနတဲ့ ဒိုေလးကို ၿပိဳင္ဘက္ပရိသတ္ေတြက မက္ဆီရဲ႕အမည္ကိုေအာ္ဟစ္ေရ႐ြတ္ၿပီး ေႏွာက္ယွက္ခဲ့ၾကတာပါ။ ရီးရဲလ္ကစားသမားဘဝ ဖီဖာကလပ္ကမာၻ႔ဖလားပြဲစဥ္ အဲလ္ဂ်ာဇီးယားနဲ႔ပြဲအျပင္ လက္ရွိဂ်ဴဗင္တပ္ ကစားသမားဘဝမွာလည္း လာဇီယိုအသင္းပရိသတ္ေတြဆီက မက္ဆီဆိုတဲ့နာမည္နဲ႔ ေအာ္ ဟစ္ေႏွာက္ယွက္တာမ်ိဳး ႀကဳံခဲ့တာပါပဲ။

ဒီလိုအေနအထားမ်ိဳးေတြမွာ စီေရာ္နယ္ဒိုကေတာ့ သြင္းဂိုးသြင္းယူၿပီးခ်ိန္နဲ႔တိုက္ဆိုင္ခဲ့ရင္ ႏႈတ္ဆိတ္ေနဖို႔အျပင္ အသံေတြနားေထာင္တဲ့ ဟန္အမူအယာမ်ိဳးနဲ႔ တုံ႔ျပန္တတ္တာပဲ ျဖစ္ပါတယ္။