မက်ဆီ အသင်းက ထွက်သွားရင်လည်း နောက်၄နှစ်လောက်ထိ ကြီးမားတဲ့ အပိုဆုကြေး ပေးရဦးမယ့် ဘာစီလိုနာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေ မက်ဆီသာ အခုနွေရာသီမှာ ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖြစ်ပါက စာချုပ်ပါအချက်အလက်အရ တစ်ပတ်လုပ်ခပေါင် ၁၇၀၀၀၀ နဲ့၂၀၂၅ အထိ ကျန်ရှိတဲ့ ၄ နှစ်စာကို ပေးချေရဖွယ်ရှိနေတယ်လိ့ု သိရပါတယ်။
မက်ဆီဟာ ဘာစီလိုနာနဲ့ ပြဿနာဖြစ်ပွားခဲ့တာကြောင့် နွေရာသီတုန်းက ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ဘာစီလိုနာက တားမြစ်ခဲ့တာကြောင့် အသင်းမှာပဲဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
မက်ဆီရဲ့အနာဂတ်က ဘာစီလိုနာမှာဆက်ရှိဖို့ မသေချာသေးဘဲ အခုနွေရာသီမှာ ထွက်ခွာဖွယ်ရှိနေပြီး မာကာသတင်းဌာနကတော့ ဘာစီလိုနာဟာ စာချုပ်ပါအချက်အလက်ကြောင့် မက်ဆီထွက်ခွာဖြစ်ပါက ဘောနပ်စ်အဖြစ် ပေးချေရဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
သတင်းတွေအရ မက်ဆီဟာ ဘာစီလိုနာထံကနေ ၂၀၂၀ – ၂၁ ရာသီအကုန်မှာ ပေါင် ၃၄.၇ သန်းအထိ ရရှိမယ်လို့ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ဘောနပ်စ်အဖြစ် ပေါင် ၆၉.၄ သန်းလည်းရရှိမှာဖြစ်ပြီး အဆိုပါဘောနပ်စ်ကိုတော့ ဘာစီလိုနာက ၂၀၂၅ အထိ ၄ နှစ်အရစ်ကျအဖြစ် ပေးချေရမှာဖြစ်ပါတယ်။ မက်ဆီကိုတော့ မန်စီးတီး နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နွေရာသီမှာ အရခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။
အဆိုပါဘောနပ်စ်ကြောင့် ဘာစီလိုနာဟာ ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ပြီး လက်ရှိအချိန်မှာလည်း အကြွေးက ယူရို ၁ ဘီလီယံအထိ တင်ရှိနေတာဖြစ်ပါတယ်။
လာလီဂါကလပ်ဘက်ကတော့ ၂၀၁၉ – ၂၀ ရာသီအတွင်း သူတို့ဟာ ပေါင် ၁ ဘီလီယံလောက်အထိ ဝင်ဖွယ်ရှိခဲ့ပေမယ့် ကိုဗစ်ကြောင့်် အခြေအနေဆိုးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
စီးတီး နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပေမယ့် အာဂျင်တီးနားသားကတော့ ဘာစီလိုနာကနေ ရာသီကုန်မှသာ ထွက်ခွာဖွယ်ရှိနေပါတယ်။
“ကျွန်တော့်အနာဂတ်က မသေချာသေးပါဘူး။ ရာသီကုန်အထိ စောင့်ဆိုင်းသွားမှာပါ။ ဆက်နေမလား ထွက်ခွာမလားဆိုတာ မသိသေးပေမယ့် အကောင်းဆုံးအဖြေတစ်ခု ချမှတ်သွားမှာပါ”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက်ဆီ အသင်းက ထွက်သွားရင်လည်း နောက်၎နှစ်လောက်ထိ ကြီးမားတဲ့ အပိုဆုကြေး ပေးရဦးမယ့် ဘာစီလိုနာ