မက်ဆီ အသင်းက မထွက်အောင် ဘယ်သူကတားမှာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကလပ်အသင်းတွေမှာလည်း ကပ်ရောဂါကြောင့် ဝင်ငွေထိခိုက်ရတဲ့ အထဲ၊ ထိပ်တန်းကစားသမားတွေ မထွက်ဖို့လည်း ထိန်းနေရပါတယ်။ မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ကတ်တလန်ကလပ် က သူ့ကို ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေရပါတယ်။ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားပေးနေတဲ့ လူငယ်ကစားသမားပက်ဒရီဟာ မက်ဆီကို အသင်းကမထွက်သွားစေဖို့ အတွက် ဖမ်းချုပ်နိုင်စွမ်းရှိသူဖြစ်လာလိမ့်မယ်လို့ စပိန်သတင်းစာတွေ က ဖော်ပြလာပါတယ်။ ပက်ဒရီဟာ ဘာစီလိုနာမှာ အခုနှစ်ထဲမှာ ထူးထူးခြားခြားခြေစွမ်းပြနေသူဖြစ်ပြီးနည်းပြ ကိုးမန်းရဲ့ ယုံကြည်မှုကို ရရှိလာခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရာသီအစပိုင်းက ရလဒ်တွေဆိုးရွားခဲ့ပေမယ့် အခုနောက်ပိုင်း ပုံစံကောင်းပြန်ရနေပြီး နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲလုံးအနိုင်ရခဲ့ပါတယ်။မက်ဆီ ကတော့ အဲဒီ(၃)ပွဲမှာ (၂)ပွဲပါဝင်ခဲ့ပြီး (၄)ဂိုးထိ သွင်းယူပေးထား ပါတယ်။မက်ဆီ သွင်းဂိုးတွေ ပြန်လည်ရရှိလာတဲ့ အပိုင်းမှာ ကွင်းလယ်ကစားသမား ပက်ဒရီ ရဲ့တွဲဖက်မှုကလည်း အရေးပါပါတယ်။

ပက်ဒရီဟာ ၂၀၁၉ ခုနှစ်အတွင်းကမှ လာ့ပါးမက်စ်အသင်းကနေ ဘာစီလိုနာကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး နည်းပြကိုးမန်းလက်ထက်မှာ ပွဲထွက်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ၁၈ ပွဲအထိ ကစားပေးထားပြီး ၂ဂိုးသွင်းကာ ၂ဂိုးဖန်တီးပေးထားပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီအပြီးကတည်းက အသင်းကထွက်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာက အကြောင်းအမျိုးမျိုးနဲ့ ဟန့်တားခဲ့တာပါ။ မက်ဆီဟာ သူနဲ့အတူတွဲဖက်ကစားခဲ့တဲ့ အင်နီယေစတာ၊ ဇာဗီ၊ နေမာတို့ မရှိတော့ပေမယ့် အသင်းမှာဆက်လက်ရှိနေခဲ့တာဖြစ်ပေမယ့် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆွာရက်ဇ် အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့ချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်သွားပါတယ်။

ပက်ဒရီဟာ ဘီလ်ဘာအို ကို အနိုင်ရတဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ဂိုးသွင်းယူနိုင်ခဲ့သလို မက်‌ဆီ ဂိုးသွင်းနိုင်အောင် လည်း အကွက်မြင်မြင်နဲ့ ဖန်တီးပေးခဲ့လို့ ချီးကျူးမှုတွေခံခဲ့ရပါတယ်။ ပက်ဒရီတစ်ယောက် မက်ဆီကို အထောက်အပံ့ကောင်းတွေဆက်လက်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi


