မက်ဆီ GOAT ဆိုတဲ့တွစ်ကို အကောင်းဆုံးလက်စားချေသွားတဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ဟာ အောက်တိုဘာလအတွင်း ဘာစီလိုနာအသင်းက Lionel Messi GOAT တွစ်(Tweet)နဲ့အတူ သူတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် အချိန်ဖြုန်းမနေဘဲ ဘာစီလိုနာကို ပြန်လည် Troll သွားပါတယ်။

ဘာစီလိုနာအသင်းဟာ အောက်တိုဘာလအတွင်း တူရင်မှာ အိမ်ရှင်ဂျူဗင်တပ်စ်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ အသင်းခေါင်းဆောင် မက်ဆီကလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးခံစားနေရလို့ မပါဝင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကတော့ အဲဒီပွဲအပြီးမှာ အသင်းရဲ့တရားဝင်တွစ်တာအကောင့်ကနေ ဂျူဗင်တပ်စ်ကို လှောင်ပြောင်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ”ခင်ဗျား(ဂျူဗင်တပ်စ်)တို့ရဲ့ကွင်းမှာ GOAT ကို ခင်ဗျားတို့ မြင်တွေ့ခွင့်ရခဲ့လို့ ပျော်ရွှင်မိပါတယ်”ဆိုတဲ့စာသားနဲ့အတူ ဂျူဗင်တပ်စ်အသင်းကို မန်းရှင်းခေါ်ကာ မက်ဆီရဲ့ဓာတ်ပုံနဲ့ တွစ်တာမှာ တင်ခဲ့တာပါ။

ဂျူဗင်တပ်စ်ကလည်း အရိုးရှင်းဆုံးစာနဲ့ပဲ Reply ပြန်ခဲ့ပြီး ”ခင်ဗျား အဘိဓာန်မှားကြည့်တာဖြစ်ဖို့များပါတယ်။ နူးကမ့်မှာ ကျွန်တော်တို့ ခင်ဗျားအတွက် အမှန်တရားယူဆောင်လာပေးမယ်”လို့ ရေးသားခဲ့ပါတယ်။

ယမန်နေ့ညက ဂျူဗင်တပ်စ်အသင်း ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ စီရော်နယ်ဒိုက ပင်နယ်တီကနေ ၂ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်လည်း ဘာစီလိုနာကို ထိပ်တိုက်တွေ့ဆုံမှုအရ ကျော်ဖြတ်ကာ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းက တွစ်တာကနေ အောက်တိုဘာလအတွင်း သူတို့ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ ဘာစီလိုနာအသင်း ပြန်အမှတ်ရစေဖို့ ပို့စ်တင်ရင်း ဘာစီလိုနာကို ပြန်လည် Troll သွားပါတယ်။

‘ကျွန်တော်တို့ ကိုယ့်စကား ကိုယ်တည်ပါတယ်နော်။ ကျွန်တော်တို့ GOAT ဆိုတဲ့အမှန်တရားယူဆောင်လာခဲ့ပါပြီ”ဆိုတဲ့ စာသားနဲ့အတူ စီရော်နယ်ဒို အောင်ပွဲခံနေတဲ့ဓာတ်ပုံ တင်ခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း အသင်းလိုက်အောင်ပွဲခံနေတဲ့ဓာတ်ပုံနဲ့အတူ အဲဒီပွဲအကြောင်း Followers ၈၉.၇ သန်းအထိရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်မှာ ပို့စ်တင် ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
မက္ဆီ GOAT ဆုိတဲ့တြစ္ကို အေကာင္းဆုံးလက္စားေခ်သြားတဲ့ ဂ်ဴဗင္တပ္စ္

စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္ဟာ ေအာက္တိုဘာလအတြင္း ဘာစီလုိနာအသင္းက Lionel Messi GOAT တြစ္(Tweet)နဲ႔အတူ သူတုိ႔ကို တိုက္ခုိက္ခဲ့ၿပီးေနာက္ အခ်ိန္ျဖဳန္းမေနဘဲ ဘာစီလုိနာကို ျပန္လည္ Troll သြားပါတယ္။

ဘာစီလိုနာအသင္းဟာ ေအာက္တိုဘာလအတြင္း တူရင္မွာ အိမ္ရွင္ဂ်ဴဗင္တပ္စ္ကို ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့ရာမွာ အသင္းေခါင္းေဆာင္ မက္ဆီကလည္း ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

အဲဒီတုန္းက ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ ကို႐ိုနာဗုိင္းရပ္စ္ပိုးခံစားေနရလုိ႔ မပါ၀င္ႏိုင္ခဲ့ေပမယ့္ ဘာစီလုိနာကေတာ့ အဲဒီပဲြအၿပီးမွာ အသင္းရဲ႕တရား၀င္တြစ္တာအေကာင့္ကေန ဂ်ဴဗင္တပ္စ္ကို ေလွာင္ေျပာင္သြားခဲ့ပါတယ္။

ဘာစီလုိနာအသင္းက ”ခင္ဗ်ား(ဂ်ဴဗင္တပ္စ္)တုိ႔ရဲ႕ကြင္းမွာ GOAT ကို ခင္ဗ်ားတို႔ ျမင္ေတြ႕ခြင့္ရခဲ့လုိ႔ ေပ်ာ္ရႊင္မိပါတယ္”ဆုိတဲ့စာသားနဲ႔အတူ ဂ်ဴဗင္တပ္စ္အသင္းကို မန္းရွင္းေခၚကာ မက္ဆီရဲ႕ဓာတ္ပုံနဲ႔ တြစ္တာမွာ တင္ခဲ့တာပါ။

ဂ်ဴဗင္တပ္စ္ကလည္း အ႐ိုးရွင္းဆုံးစာနဲ႔ပဲ Reply ျပန္ခဲ့ၿပီး ”ခင္ဗ်ား အဘိဓာန္မွားၾကည့္တာျဖစ္ဖုိ႔မ်ားပါတယ္။ နူးကမ့္မွာ ကၽြန္ေတာ္တုိ႔ ခင္ဗ်ားအတြက္ အမွန္တရားယူေဆာင္လာေပးမယ္”လုိ႔ ေရးသားခဲ့ပါတယ္။

ယမန္ေန႔ညက ဂ်ဴဗင္တပ္စ္အသင္း ၀-၃ ဂိုးနဲ႔အႏိုင္ရခဲ့ရာမွာ စီေရာ္နယ္ဒိုက ပင္နယ္တီကေန ၂ဂိုးသြင္းယူခဲ့ၿပီး ဂ်ဴဗင္တပ္စ္လည္း ဘာစီလုိနာကို ထိပ္တုိက္ေတြ႕ဆုံမႈအရ ေက်ာ္ျဖတ္ကာ အုပ္စုပထမအျဖစ္ ေနာက္တစ္ဆင့္တက္ႏုိင္ခဲ့ပါတယ္။ အဲဒီပြဲအၿပီးမွာ ဂ်ဴဗင္တပ္စ္အသင္းက တြစ္တာကေန ေအာက္တုိဘာလအတြင္း သူတုိ႔ရဲ႕မွတ္ခ်က္နဲ႔ပတ္သက္လုိ႔ ဘာစီလုိနာအသင္း ျပန္အမွတ္ရေစဖုိ႔ ပို႔စ္တင္ရင္း ဘာစီလုိနာကို ျပန္လည္ Troll သြားပါတယ္။

‘ကၽြန္ေတာ္တုိ႔ ကုိယ့္စကား ကုိယ္တည္ပါတယ္ေနာ္။ ကၽြန္ေတာ္တုိ႔ GOAT ဆုိတဲ့အမွန္တရားယူေဆာင္လာခဲ့ပါၿပီ”ဆုိတဲ့ စာသားနဲ႔အတူ စီေရာ္နယ္ဒို ေအာင္ပြဲခံေနတဲ့ဓာတ္ပုံ တင္ခဲ့ပါတယ္။
စီေရာ္နယ္ဒိုကလည္း အသင္းလုိက္ေအာင္ပြဲခံေနတဲ့ဓာတ္ပုံနဲ႔အတူ အဲဒီပြဲအေၾကာင္း Followers ၈၉.၇ သန္းအထိရွိတဲ့ သူ႕ရဲ႕တြစ္တာအေကာင့္မွာ ပုိ႔စ္တင္ ေရးသားခဲ့ပါတယ္။