မက်ဒရစ်ဒါဘီမှာ ဂိုးပြတ်နိုင်ပြီး ဖိအားများနေတဲ့ နည်းပြဇီဒန်းအတွက် ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ဖြစ်စေခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာဒါဘီက ဂိုးမရှိသရေပွဲနဲ့ ပြီးဆုံးခဲ့ပေမယ့် လာလီဂါက မက်ဒရစ်ဒါဘီ မှာတော့ လက်ရှိချန်ပီယံရီးရဲလ်က အက်သလက်တီကိုကို ၂-၀ နဲ့ အနိုင်ယူသွားခဲ့ ပါတယ်။ တောက်လျှောက်ဖိအားတွေခံနေရတဲ့ ရီးရဲလ်နည်းပြဇီဒန်းအတွက်က တော့ ပြီးပြည့်စုံတဲ့ရက်သတ္တပတ်ဖြစ်ခဲ့ပြီး ဆီဗီလာကို အဝေးကွင်းမှာ ၁-ဝ၊ ချန်ပီယံလိဂ်မှာ ဂလက်ဘတ်ကို ၂-၀ နဲ့ အနိုင်ယူနိုင်ခဲ့တဲ့အပြင် အခု ဒါဘီပွဲမှာ လည်း ၂ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အတော်လေးဖိအားလျော့သွားပါပြီ။

ရီးရဲလ်ဟာ ဒီရာသီမှာ မထင်မှတ်တဲ့ရလဒ်ဆိုးတွေကြုံနေခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ တန်းတက်ကာဒစ်ဇ်နဲ့ အလာဗက်စ်လိုအသင်းမျိုးတွေကိုတောင် ရှုံးခဲ့ပါသေးတယ်။ မီဒီယာတွေကလည်း အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ဇီဒန်းရဲ့အနာဂတ်ကို ပွဲကျပ် ၄ ပွဲ နဲ့ ဆုံးဖြတ်မယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ပြီး အခုတော့ ဒီသတင်း တွေကို ဇီဒန်းတစ်ယောက် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပါ။

မက်ဒရစ်ဒါဘီမှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ ကာစီမီရိုဟာ ရီးရဲလ်အတွက် မိုဒရစ်၊ တိုနီခရူးစ်တို့လို ကစားသမားတွေလောက် ပွဲထွက်ကစားခွင့်နဲ့ ပွဲများများကစားခွင့်မရထားပေမယ့်

အခုချိန်ထိ အသင်းအတွက် ၂၆ ဂိုး သွင်းယူပေးထားပြီး တိုနီခရူးစ်(၁၉ ဂိုး)နဲ့ မိုဒရစ်(၂၄ ဂိုး) တို့ထက် ပိုပြီးဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

နောက်ခံလူ ကာဗာဂျယ် ရဲ့ ဗော်လီဆွဲကန်သွင်းတဲ့ ဒုတိယဂိုးကလည်း အတော်လေးလှပခဲ့ပြီး ဒါပေမဲ့ မှတ်တမ်းတွေမှာတော့ တီကိုဂိုးသမား အော့ဘလက်ခ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဆွာရက်ဇ်နဲ့ ဂျာအိုဖီးလစ်တို့လည်း ဘာမှမလုပ်နိုင်ခဲ့ဘဲ တီကိုဟာ ရီးရဲလ်ကိုမယှဉ်နိုင်ခဲ့ပါဘူး။

ဂလက်ဘတ်နဲ့ပွဲအပြီး မှာ ရီးရဲလ်နည်းပြ ဇီဒန်းပြောခဲ့သလို ဒီပုံစံအတိုင်း ဆက်ကစားနိုင်ခဲ့ရင် ဘယ် အသင်းကမှ ရီးရဲလ်ကိုနာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့အတိုင်း ကစားပြခဲ့တာပါ။ ၃ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ နိုင်ပွဲဆက်နေတဲ့ ရီးရဲလ်ဟာ အခု ဆိုရင် တီကိုနဲ့ ၃ မှတ်ပဲ ကွာပါတော့တယ်။

ဒါပေမဲ့ တီကိုက လက်ရှိအချိန်မှာ ရီး ရဲလ်ထက် တစ်ပွဲလျော့ကစားထားတာကြောင့် ရီးရဲလ်အနေနဲ့လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဆိုရင် ဒီထက်ပိုပြီး လုပ်ပြရဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဒရစ္ဒါဘီမွာ ဂိုးျပတ္ႏိုင္ၿပီး ဖိအားမ်ားေနတဲ့ နည္းျပဇီဒန္းအတြက္ ၿပီးျပည့္စံုတဲ့ ရက္သတၱပတ္ျဖစ္ေစခဲ့

မန္ခ်က္စတာဒါဘီက ဂိုးမရွိသေရပြဲနဲ႔ ၿပီးဆံုးခဲ့ေပမယ့္ လာလီဂါက မက္ဒရစ္ဒါဘီ မွာေတာ့ လက္ရွိခ်န္ပီယံရီးရဲလ္က အက္သလက္တီကိုကို ၂-၀ နဲ႔ အႏိုင္ယူသြားခဲ့ ပါတယ္။ ေတာက္ေလွ်ာက္ဖိအားေတြခံေနရတဲ့ ရီးရဲလ္နည္းျပဇီဒန္းအတြက္က ေတာ့ ၿပီးျပည့္စံုတဲ့ရက္သတၱပတ္ျဖစ္ခဲ့ၿပီး ဆီဗီလာကို အေ၀းကြင္းမွာ ၁-၀၊ ခ်န္ပီယံလိဂ္မွာ ဂလက္ဘတ္ကို ၂-၀ နဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့အျပင္ အခု ဒါဘီပြဲမွာ လည္း ၂ ဂိုးျပတ္ အႏိုင္ရခဲ့တာေၾကာင့္ အေတာ္ေလးဖိအားေလ်ာ့သြားပါၿပီ။

ရီးရဲလ္ဟာ ဒီရာသီမွာ မထင္မွတ္တဲ့ရလဒ္ဆိုးေတြႀကံဳေနခဲ့တာျဖစ္ၿပီး အိမ္ကြင္းမွာ တန္းတက္ကာဒစ္ဇ္နဲ႔ အလာဗက္စ္လိုအသင္းမ်ဳိးေတြကိုေတာင္ ရႈံးခဲ့ပါေသးတယ္။ မီဒီယာေတြကလည္း အသင္းဥကၠ႒ ပီရက္ဇ္က ဇီဒန္းရဲ႕အနာဂတ္ကို ပြဲက်ပ္ ၄ ပြဲ နဲ႔ ဆံုးျဖတ္မယ့္သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ေဖာ္ျပခဲ့ၿပီး အခုေတာ့ ဒီသတင္း ေတြကို ဇီဒန္းတစ္ေယာက္ အေကာင္းဆံုးတုံ႔ျပန္ႏိုင္ခဲ့တာပါ။ မက္ဒရစ္ဒါဘီမွာ အဖြင့္ဂိုးသြင္းခဲ့တဲ့ ကာစီမီရိုဟာ ရီးရဲလ္အတြက္ မုိဒရစ္၊ တိုနီခရူးစ္တုိ႔လို ကစားသမားေတြေလာက္ ပြဲထြက္ကစားခြင့္နဲ႔ ပြဲမ်ားမ်ားကစားခြင့္မရထားေပမယ့္ အခုခ်ိန္ထိ အသင္းအတြက္ ၂၆ ဂိုး သြင္းယူေပးထားၿပီး တုိနီခရူးစ္(၁၉ ဂိုး)နဲ႔ မုိဒရစ္(၂၄ ဂိုး) တုိ႔ထက္ ပိုၿပီးဂိုးသြင္းထားႏိုင္ခဲ့ပါတယ္။

ေနာက္ခံလူ ကာဗာဂ်ယ္ ရဲ႕ ေဗာ္လီဆြဲကန္သြင္းတဲ့ ဒုတိယဂိုးကလည္း အေတာ္ေလးလွပခဲ့ၿပီး ဒါေပမ့ဲ မွတ္တမ္းေတြမွာေတာ့ တီကိုဂိုးသမား ေအာ့ဘလက္ခ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ ဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ ဆြာရက္ဇ္နဲ႔ ဂ်ာအိုဖီးလစ္တို႔လည္း ဘာမွမလုပ္ႏိုင္ခဲ့ဘဲ တီကိုဟာ ရီးရဲလ္ကိုမယွဥ္ႏိုင္ခဲ့ပါဘူး။ ဂလက္ဘတ္နဲ႔ပြဲအၿပီး မွာ ရီးရဲလ္နည္းျပ ဇီဒန္းေျပာခဲ့သလို ဒီပံုစံအတိုင္း ဆက္ကစားႏိုင္ခဲ့ရင္ ဘယ္ အသင္းကမွ ရီးရဲလ္ကိုနာက်င္ေအာင္ လုပ္ႏိုင္မွာမဟုတ္ဘူးဆိုတဲ့အတိုင္း ကစားျပခဲ့တာပါ။ ၃ ပြဲဆက္တိုက္ ေပးဂိုးမရွိဘဲ ႏိုင္ပြဲဆက္ေနတဲ့ ရီးရဲလ္ဟာ အခု ဆုိရင္ တီကိုနဲ႔ ၃ မွတ္ပဲ ကြာပါေတာ့တယ္။ ဒါေပမဲ့ တီကိုက လက္ရွိအခ်ိန္မွာ ရီး ရဲလ္ထက္ တစ္ပြဲေလ်ာ့ကစားထားတာေၾကာင့္ ရီးရဲလ္အေနနဲ႕လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔ ဆိုရင္ ဒီထက္ပိုၿပီး လုပ္ျပရဦးမွာပါ။