မက်ဒရစ်မြို့ကဓားပြတွေလို့ တွစ်တာပေါ်ကနေ ရီးရဲလ်ကို ဝေဖန်လိုက်တဲ့ ဗလင်စီယာ

ဗလင်စီယာအသင်းဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ

၄-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့တွစ်တာပေါ်ကနေ ရီးရဲလ်ကိုဝေဖန်သွားခဲ့ပါတယ်။

ဒီပွဲမှာမိနစ် ၄၀ အထိရီးရဲလ်က ခက်ခက်ခဲခဲကစားခဲ့ရပေမယ့်

အလက်ဇန်ဒရိုက ရီးရဲလ်က ကက်စ်မဲရိုးကိုဖျက်ထုတ်ပုံပြင်းထန်တယ်ဆိုပြီး

ပင်နယ်တီပေးခဲ့ရလို့ ရီးရဲလ်နိုင်ဖို့လမ်းစဖြစ်ခဲ့ပါတယ်။

ဒီပင်နယ်တီကို ဘင်ဇီမာက ကန်သွင်းယူနိုင်ခဲ့လို့ ရီးရဲလ်ဦးဆောင်ဂိုးရသွားပါတယ်။

ဒီဂိုးဟာ ဘင်ဇီမာအတွက်ရီးရဲလ်နဲ့ဂိုး ၃၀၀ မြောက်လည်းဖြစ်ခဲ့တာပါ။

ရုပ်သံအနှေးပြကွက်တွေမှာတော့ ဗလင်စီယာနောက်ခံလူ

အလက်ဇန်ဒရိုဟာ ကက်စ်မဲရိုးကို အနည်းငယ်လောက်သာထိခဲ့တာကို

တွေ့ခဲ့ရပေမယ့် VAR ကတော့ဒါဟာပင်နယ်တီဖြစ်တယ်ဆိုတာ

အချက်ပေးခဲ့လို့ ရီးရဲလ်ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အတွက်တော့ အခုပင်နယ်တီဟာလာလီဂါမှာ ၁၃ လအတွင်း

၃ ကြိမ်မြောက်ရရှိခြင်းလည်းဖြစ်ပါတယ်။

ဘင်ဇီမာဟာ ရီးရဲလ်အတွက်နောက်ဆုံးအနိုင်ဂိုးကိုလည်း သွင်းယူခဲ့ပြီး

ကျန်တဲ့ဂိုးတွေကိုတော့ ဗင်နီစီးယက်စ် ကသွင်းယူခဲ့ပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာဗလင်စီယာအသင်းက

သူတို့ရဲ့တွစ်တာအကောင့်ကနေပြီးတော့ ရီးရဲလ်ကို မက်ဒရစ်မြို့က

ဓားပြတွေလို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။

သူတို့အကောင့်မှာရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Money Heist ကိုတက်ဂ်တွဲပြီး

”မက်ဒရစ်မြို့က ဓားပြတွေ တစ်ခုခုကိုထပ်ကာတလဲလဲ

စရပြန်ပြီ” လို့ဖော်ပြသွားခဲ့ပါတယ်။

ဒီပို့စ်ကိုမြင်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ပီကေး ကလည်း

သူ့အကျင့်အတိုင်း ရီးရဲလ်ဆိုရင်ဆော်သာဆော် ဆိုတဲ့အသိနဲ့

ဗလင်စီယာဘက်ကရှိတဲ့ပို့စ်တစ်ခုကိုတင်ခဲ့ပြန်ပါတယ်။

ပီကေး က” သိပ်အကျယ်ကြီးမပြောကြနဲ့ဟ။ တော်ကြော

ဒဏ်ရိုက်ခံနေရလိမ့်မယ်” လို့ ခပ်ရွဲ့ရွဲ့ပြောသွားပါတယ်။

ပီကေးဟာ၂၀၂၁ ဖောဖော်ဝါရီလအတွင်းကလည်း

ရီးရဲလ်ဟာ ၈၅ ရာခိုင်နှုန်းသောဒိုင်လူကြီးတွေရဲ့မျက်နှာသာပေး ခြင်းကို

ခံနေရတယ်လို့ဆိုခဲ့ပါသေးတယ်။

အဲဒီတုန်းက သူ့ကိုစပိန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းမှုတွေပြုလုပ်ခဲ့လို့

၁၂ ပွဲပယ်ခံရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် စွဲချက်တောင်အတင်မခံခဲ့ရပါဘူး။

အခုနိုင်ပွဲကြောင့် ရီးရဲလ်ဟာ လာလီဂါအမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့

ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယနေရာက ဆီဗီလာက

သူတို့ရဲ့လက်ကျန် ၂ ပွဲကိုနိုင်ခဲ့ရင် ရီးရဲလ်အမှတ်တူညီသွားမှာဖြစ်ပါတယ်။

zawgyi

မက္ဒရစ္ၿမိဳ႕ကဓားျပေတြလို႔ တြစ္တာေပၚကေန ရီးရဲလ္ကို ေဝဖန္လိုက္တဲ့ ဗလင္စီယာ

ဗလင္စီယာအသင္းဟာ မေန႔ညက ရီးရဲလ္မက္ဒရစ္ကို အေဝးကြင္းမွာ

၄-၁ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ သူတို႔ရဲ႕တြစ္တာေပၚကေန ရီးရဲလ္ကိုေဝဖန္သြားခဲ့ပါတယ္။

ဒီပြဲမွာမိနစ္ ၄၀ အထိရီးရဲလ္က ခက္ခက္ခဲခဲကစားခဲ့ရေပမယ့္

အလက္ဇန္ဒ႐ိုက ရီးရဲလ္က ကက္စ္မဲ႐ိုးကိုဖ်က္ထုတ္ပုံျပင္းထန္တယ္ဆိုၿပီး

ပင္နယ္တီေပးခဲ့ရလို႔ ရီးရဲလ္ႏိုင္ဖို႔လမ္းစျဖစ္ခဲ့ပါတယ္။

ဒီပင္နယ္တီကို ဘင္ဇီမာက ကန္သြင္းယူႏိုင္ခဲ့လို႔ ရီးရဲလ္ဦးေဆာင္ဂိုးရသြားပါတယ္။

ဒီဂိုးဟာ ဘင္ဇီမာအတြက္ရီးရဲလ္နဲ႔ဂိုး ၃၀၀ ေျမာက္လည္းျဖစ္ခဲ့တာပါ။

႐ုပ္သံအေႏွးျပကြက္ေတြမွာေတာ့ ဗလင္စီယာေနာက္ခံလူ

အလက္ဇန္ဒ႐ိုဟာ ကက္စ္မဲ႐ိုးကို အနည္းငယ္ေလာက္သာထိခဲ့တာကို

ေတြ႕ခဲ့ရေပမယ့္ VAR ကေတာ့ဒါဟာပင္နယ္တီျဖစ္တယ္ဆိုတာ

အခ်က္ေပးခဲ့လို႔ ရီးရဲလ္ပင္နယ္တီရရွိခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္အတြက္ေတာ့ အခုပင္နယ္တီဟာလာလီဂါမွာ ၁၃ လအတြင္း

၃ ႀကိမ္ေျမာက္ရရွိျခင္းလည္းျဖစ္ပါတယ္။

ဘင္ဇီမာဟာ ရီးရဲလ္အတြက္ေနာက္ဆုံးအႏိုင္ဂိုးကိုလည္း သြင္းယူခဲ့ၿပီး

က်န္တဲ့ဂိုးေတြကိုေတာ့ ဗင္နီစီးယက္စ္ ကသြင္းယူခဲ့ပါတယ္။

ဒါေၾကာင့္လည္း ပြဲအၿပီးမွာဗလင္စီယာအသင္းက

သူတို႔ရဲ႕တြစ္တာအေကာင့္ကေနၿပီးေတာ့ ရီးရဲလ္ကို မက္ဒရစ္ၿမိဳ႕က

ဓားျပေတြလို႔ ေဝဖန္လိုက္တာျဖစ္ပါတယ္။

သူတို႔အေကာင့္မွာ႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့ Money Heist ကိုတက္ဂ္တြဲၿပီး

”မက္ဒရစ္ၿမိဳ႕က ဓားျပေတြ တစ္ခုခုကိုထပ္ကာတလဲလဲ

စရျပန္ၿပီ” လို႔ေဖာ္ျပသြားခဲ့ပါတယ္။

ဒီပို႔စ္ကိုျမင္ခဲ့တဲ့ ဘာစီလိုနာေနာက္ခံလူ ပီေကး ကလည္း

သူ႔အက်င့္အတိုင္း ရီးရဲလ္ဆိုရင္ေဆာ္သာေဆာ္ ဆိုတဲ့အသိနဲ႔

ဗလင္စီယာဘက္ကရွိတဲ့ပို႔စ္တစ္ခုကိုတင္ခဲ့ျပန္ပါတယ္။

ပီေကး က” သိပ္အက်ယ္ႀကီးမေျပာၾကနဲ႔ဟ။ ေတာ္ေၾကာ

ဒဏ္႐ိုက္ခံေနရလိမ့္မယ္” လို႔ ခပ္႐ြဲ႕႐ြဲ႕ေျပာသြားပါတယ္။

ပီေကးဟာ၂၀၂၁ ေဖာေဖာ္ဝါရီလအတြင္းကလည္း

ရီးရဲလ္ဟာ ၈၅ ရာခိုင္ႏႈန္းေသာဒိုင္လူႀကီးေတြရဲ႕မ်က္ႏွာသာေပး ျခင္းကို

ခံေနရတယ္လို႔ဆိုခဲ့ပါေသးတယ္။

အဲဒီတုန္းက သူ႔ကိုစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က စုံစမ္းမႈေတြျပဳလုပ္ခဲ့လို႔

၁၂ ပြဲပယ္ခံရႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ စြဲခ်က္ေတာင္အတင္မခံခဲ့ရပါဘူး။

အခုႏိုင္ပြဲေၾကာင့္ ရီးရဲလ္ဟာ လာလီဂါအမွတ္ေပးဇယားကို ၈ မွတ္အသာနဲ႔

ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယေနရာက ဆီဗီလာက

သူတို႔ရဲ႕လက္က်န္ ၂ ပြဲကိုႏိုင္ခဲ့ရင္ ရီးရဲလ္အမွတ္တူညီသြားမွာျဖစ္ပါတယ္။