မတ်တီကက်ရှ်ဟာ ပိုလန်လက်ရွေးစင်အသင်းသီချင်းသီဆိုရန် လေ့လာမှုများပြုလုပ်ထားပြီးဖြစ်ကြောင်း သိရ

မတ်တီကက်ရှ်ဟာ YouTube ဗီဒီယိုများကြည့်ရှုကာပိုလန်လက်ရွေးစင်အသင်း

သီချင်းသီဆိုရန်လေ့လာမှုများပြုလုပ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။

ဆလောက်ဖွားဗီလာစတားဟာပြီးခဲ့တဲ့လတုန်းကပိုလန်လက်ရွေးစင်အသင်းအတွက်

ကစားနိုင်ရန်အတွက်ပိုလန်နိုင်ငံသားပတ်စ်ပို့ရယူခဲ့သူလည်းဖြစ်ပါတယ်။

သူဟာလက်ရွေးစင်အသင်းတွင်ကစားခွင့်ရရှိလိုမှုနဲ့အတူမိခင်ဖြစ်သူရဲ့ပိုလန်အတွက်

ကစားရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အသက်၂၄နှစ်ရှိအင်္ဂလန်လူငယ်

လက်ရွေးစင်ဟောင်းဟာအန်ဒိုရာ၊ဟန်ဂေရီတို့နှင့်ရင်ဆိုင်ကစားရမယ့်

ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်ပိုလန်အသင်းမှာရွေးချယ်ခံထားရပါတယ်။

ပိုလန်အသင်းမီဒီယာတာဝန်ခံဂျာကူးကွီယက်ကော်စကီးက “မတ်တီဟာ

ပိုလန်အသင်းသီချင်းကိုသိထားပြီးပါပြီ။စနေနေ့တုန်းကသူဆိုထားတဲ့

အမြည်းကိုပို့လာပါတယ်။သိပ်အဆိုးကြီးမဟုတ်ပါဘူး။ဖုန်းနဲ့သီဆိုထားတာဆိုပေမယ့်

မဆိုးပါဘူး။ပြီးတော့သူကပိုလန်စကားတစ်ခါမှမပြောဖူးတဲ့သူလေ။

လန်ဒန်မှာကတည်းကသူ့ကိုလက်ရွေးစင်သီချင်းသီဆိုနည်းသင်ဖို့ပြောခဲ့တာပါ။

ပွဲထွက်လူစာရင်းမှာပါလာရင်ကင်မရာတွေကရိုက်ကြမယ်။ဒီတော့သူ့အနေနဲ့

သီဆိုတတ်ဖို့လိုပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

မတ္တီကက္ရွ္ဟာ ပိုလန္လက္ေ႐ြးစင္အသင္းသီခ်င္းသီဆိုရန္ ေလ့လာမႈမ်ားျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရ

မတ္တီကက္ရွ္ဟာ YouTube ဗီဒီယိုမ်ားၾကည့္ရႈကာပိုလန္လက္ေ႐ြးစင္အသင္

းသီခ်င္းသီဆိုရန္ေလ့လာမႈမ်ားျပဳလုပ္ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ဆေလာက္ဖြားဗီလာစတားဟာၿပီးခဲ့တဲ့လတုန္းကပိုလန္လက္ေ႐ြးစင္အသင္းအတြက္

ကစားႏိုင္ရန္အတြက္ပိုလန္ႏိုင္ငံသားပတ္စ္ပို႔ရယူခဲ့သူလည္းျဖစ္ပါတယ္။သူဟာ

လက္ေ႐ြးစင္အသင္းတြင္ကစားခြင့္ရရွိလိုမႈနဲ႔အတူမိခင္ျဖစ္သူရဲ႕ပိုလန္အတြက္

ကစားရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။အသက္၂၄ႏွစ္ရွိအဂၤလန္လူငယ္

လက္ေ႐ြးစင္ေဟာင္းဟာအန္ဒိုရာ၊ဟန္ေဂရီတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္

ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ပိုလန္အသင္းမွာေ႐ြးခ်ယ္ခံထားရပါတယ္။

ပိုလန္အသင္းမီဒီယာတာဝန္ခံဂ်ာကူးကြီယက္ေကာ္စကီးက “မတ္တီဟာ

ပိုလန္အသင္းသီခ်င္းကိုသိထားၿပီးပါၿပီ။စေနေန႔တုန္းကသူဆိုထားတဲ့

အျမည္းကိုပို႔လာပါတယ္။သိပ္အဆိုးႀကီးမဟုတ္ပါဘူး။ဖုန္းနဲ႔သီဆိုထားတာဆိုေပမယ့္

မဆိုးပါဘူး။ၿပီးေတာ့သူကပိုလန္စကားတစ္ခါမွမေျပာဖူးတဲ့သူေလ။

လန္ဒန္မွာကတည္းကသူ႔ကိုလက္ေ႐ြးစင္သီခ်င္းသီဆိုနည္းသင္ဖို႔ေျပာခဲ့တာပါ။

ပြဲထြက္လူစာရင္းမွာပါလာရင္ကင္မရာေတြက႐ိုက္ၾကမယ္။ဒီေတာ့သူ႔အေနနဲ႔

သီဆိုတတ္ဖို႔လိုပါတယ္”လို႔ေျပာၾကားသြားပါတယ္။