မန်ချက်စတာဒါဘီပွဲအအပေါ် ဝေဖန်မှုအသီးသီးကို တုံ့ပြန်လာတဲ့ ဆိုးလ်ရှား နဲ့ ဂွါဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှား နဲ့ ဂွါဒီယိုလာတို့ကတော့ ၁၈၃ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲအပြီးမှာ သူတို့ ၂ သင်းဟာ ယခင်ကလောက် ပြိုင်ဆိုင်မှုမပြင်းထန်ခဲ့ဘူးလို့ ပြောကြားခဲ့ကြပါတယ်။

မတ်လတုန်းက အိုးထရက်ဖို့ဒ်မှာတွေ့ဆုံခဲ့စဉ် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပေမယ့် စနေနေ့ကပွဲမှာတော့ ပရိသတ်မပါတာကြောင့် ပွဲကအေးစက်ခဲ့ပါတယ်။

နည်းပြ ၂ ဦးစလုံးဟာ ဒီရာသီမှာရလဒ်ကောင်းတွေရဖို့ အသီးသီးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးသတင်းထောက်တွေရဲ့မေးမြန်းမှုမှာတော့ စီးတီးနည်းပြက ပရိသတ်မပါတာကြောင့် ပွဲကပြိုင်ဆိုင်မှုမပြင်းထန်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

“ပွဲက ကြည့်ရှုတဲ့ပရိသတ်မပါတာကြောင့် ပြိုင်ဆိုင်မှုမပြင်းထန်ခဲ့ပါဘူး။ ဒါပေမဲ့ ကစားသမားတွေရဲ့အားထုတ်မှုကိုတော့ မြင်ခဲ့ရပါတယ်။ အဲ့တာကအဓိကအချက်ပါ။ ကျွန်တော်တို့အနိုင်ရချင်ခဲ့တာပါ။ ဒါပေမဲ့ ဒီရလဒ်က အဆင်ပြေပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားတယ်ဆိုတာကို မမေ့သင့်ပါဘူး။

ယူနိုက်တက်က ခက်ခဲတဲ့ပြိုင်ဘက်ပါ။ သူတို့တိုက်စစ်ကလည်း ထက်မြက်ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းဖို့အခွင့်အရေးတွေမရခဲ့ပါဘူး။ သရေတစ်မှတ်ရတဲ့အတွက်တော့ ကျေနပ်မိပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားကလည်း စီးတီးဟာ ယခင်အိုးထရက်ဖို့ဒ်ကိုလာပြိုင်တုန်းကထက် ပိုပြီးလေးစားမှုရှိလာတယ်လို့ ယုံကြည်နေပါတယ်။ “ပြိုင်ဆိုင်မှုက ကွင်းထဲမှာလို့ ထင်ပါတယ်။ အချက်အလက်တွေကို မသိပေမယ့် ပရိသတ်တွေပါရင်တော့ ပိုကောင်းတဲ့ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။

ဖျက်ထုတ်မှုတွေအနည်းငယ်တော့ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ၂ ဖက်အသင်းက တစ်ဦးနဲ့တစ်ဦးလေးစားမှုအပြည့်နဲ့ ကစားသွားတယ်လို့ ထင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ခ်က္စတာဒါဘီပြဲအအေပၚ ေဝဖန္မႈအသီးသီးကို တုံ႔ျပန္လာတဲ့ ဆိုးလ္ရွား နဲ႔ ဂြါဒီယိုလာ

ဆိုးလ္ရွား နဲ႔ ဂြါဒီယိုလာတို႔ကေတာ့ ၁၈၃ ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီပြဲအၿပီးမွာ သူတို႔ ၂ သင္းဟာ ယခင္ကေလာက္ ၿပိဳင္ဆိုင္မႈမျပင္းထန္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ၾကပါတယ္။ မတ္လတုန္းက အိုးထရက္ဖို႔ဒ္မွာေတြ႕ဆုံခဲ့စဥ္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ေပမယ့္ စေနေန႔ကပြဲမွာေတာ့ ပရိသတ္မပါတာေၾကာင့္ ပြဲကေအးစက္ခဲ့ပါတယ္။

နည္းျပ ၂ ဦးစလုံးဟာ ဒီရာသီမွာရလဒ္ေကာင္းေတြရဖို႔ အသီးသီး႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ပြဲအၿပီးသတင္းေထာက္ေတြရဲ႕ေမးျမန္းမႈမွာေတာ့ စီးတီးနည္းျပက ပရိသတ္မပါတာေၾကာင့္ ပြဲကၿပိဳင္ဆိုင္မႈမျပင္းထန္ခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။ “ပြဲက ၾကည့္ရႈတဲ့ပရိသတ္မပါတာေၾကာင့္ ၿပိဳင္ဆိုင္မႈမျပင္းထန္ခဲ့ပါဘူး။ ဒါေပမဲ့ ကစားသမားေတြရဲ႕အားထုတ္မႈကိုေတာ့ ျမင္ခဲ့ရပါတယ္။ အဲ့တာကအဓိကအခ်က္ပါ။ ကြၽန္ေတာ္တို႔အႏိုင္ရခ်င္ခဲ့တာပါ။ ဒါေပမဲ့ ဒီရလဒ္က အဆင္ေျပပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ကစားတယ္ဆိုတာကို မေမ့သင့္ပါဘူး။

ယူႏိုက္တက္က ခက္ခဲတဲ့ၿပိဳင္ဘက္ပါ။ သူတို႔တိုက္စစ္ကလည္း ထက္ျမက္ပါတယ္။ ကြၽန္ေတာ္တို႔ ဂိုးသြင္းဖို႔အခြင့္အေရးေတြမရခဲ့ပါဘူး။ သေရတစ္မွတ္ရတဲ့အတြက္ေတာ့ ေက်နပ္မိပါတယ္”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။ ဆိုးလ္ရွားကလည္း စီးတီးဟာ ယခင္အိုးထရက္ဖို႔ဒ္ကိုလာၿပိဳင္တုန္းကထက္ ပိုၿပီးေလးစားမႈရွိလာတယ္လို႔ ယုံၾကည္ေနပါတယ္။ “ၿပိဳင္ဆိုင္မႈက ကြင္းထဲမွာလို႔ ထင္ပါတယ္။ အခ်က္အလက္ေတြကို မသိေပမယ့္ ပရိသတ္ေတြပါရင္ေတာ့ ပိုေကာင္းတဲ့ပြဲတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဖ်က္ထုတ္မႈေတြအနည္းငယ္ေတာ့ရွိခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ၂ ဖက္အသင္းက တစ္ဦးနဲ႔တစ္ဦးေလးစားမႈအျပည့္နဲ႔ ကစားသြားတယ္လို႔ ထင္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။