
မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ လိဒ်စ်အသင်းက အင်္ဂလန်လက်ရွေးစင်
ကွင်းလယ်လူကယ်လ်ဗင်ဖိလစ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး မြို့ခံပြိုင်ဘက်
မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးပမ်းသွားဖို့ရှိနေပါပြီ။ အသက်(၂၅)နှစ်
အရွယ်ရှိပြီဖြစ်သူ ကယ်လ်ဗင်ဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီက လိဒ်စ်အသင်း
ပရီးမီးယားလိဂ်တန်းပြန်တက်ခွင့်ရရှိအောင် အဓိကနေရာကပါဝင်ကူညီပေးခဲ့ပြီး
ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ယူရို-၂၀၂ဝပြိုင်ပွဲဝင်
အင်္ဂလန်အသင်းအတွက်ရွေးချယ်ခံခဲ့ရသလို အခုအချိန်မှာလည်း
အင်္ဂလန်အသင်းရဲ့အဓိက,ကွင်းလယ်လူတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ဝါရင့်ကွင်းလယ်လူဖာနန်ဒင်ဟိုဟာ
အခုရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေတာကြောင့် ဂွါဒီယိုလာက
Holding Midfield နေရာမှာကစားဖို့အတွက် ကစားသမားသစ်တစ်ဦးခေါ်ယူ
လိုနေတာဖြစ်ပြီး ကယ်လ်ဗစ်ဖိလစ်ကို ပစ်မှတ်ထားနေတာပါ။
ဒါပေမဲ့ ကယ်လ်ဗင်ဖိလစ်ကို မန်ချက်စတာနှစ်သင်းအပြင် စပါးအသင်းကလည်း
စိတ်ဝင်စားနေတဲ့အတွက် (၃)သင်းအပြိုင်ကြိုးပမ်းရဖို့ရှိနေပြီး ယူနိုက်တက်
အသင်းဟာ လာမယ့်ဇန်နဝါရီကျရင် ကယ်လ်ဗင်ဖိလစ်အတွက်
ပေါင်(၅၉)သန်းနဲ့စတင်ကမ်းလှမ်းသွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။
zawgyi
မန္ခ်က္စတာႏွစ္သင္းအျပင္ စပါးအသင္းကလည္းစိတ္ဝင္စားေနတဲ့ ကယ္လ္ဗင္ဖိလစ္
မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာ လိဒ္စ္အသင္းက အဂၤလန္လက္ေ႐ြးစင္
ကြင္းလယ္လူကယ္လ္ဗင္ဖိလစ္ကို ေခၚယူဖို႔ မ်က္စိက်ေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္
မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ ႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။ အသက္(၂၅)ႏွစ္
အ႐ြယ္ရွိၿပီျဖစ္သူ ကယ္လ္ဗင္ဖိလစ္ဟာ ၿပီးခဲ့တဲ့ရာသီက လိဒ္စ္အသင္း
ပရီးမီးယားလိဂ္တန္းျပန္တက္ခြင့္ရရွိေအာင္ အဓိကေနရာကပါဝင္ကူညီေပးခဲ့ၿပီး
ကလပ္အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့အတြက္ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဝင္
အဂၤလန္အသင္းအတြက္ေ႐ြးခ်ယ္ခံခဲ့ရသလို အခုအခ်ိန္မွာလည္း
အဂၤလန္အသင္းရဲ႕အဓိက,ကြင္းလယ္လူတစ္ဦးအျဖစ္ ပါဝင္ကစားခြင့္
ရရွိေနတာျဖစ္ပါတယ္။ မန္စီးတီးအသင္းရဲ႕ ဝါရင့္ကြင္းလယ္လူဖာနန္ဒင္ဟိုဟာ
အခုရာသီကုန္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနတာေၾကာင့္ ဂြါဒီယိုလာက
Holding Midfield ေနရာမွာကစားဖို႔အတြက္ ကစားသမားသစ္တစ္ဦးေခၚယူ
လိုေနတာျဖစ္ၿပီး ကယ္လ္ဗစ္ဖိလစ္ကို ပစ္မွတ္ထားေနတာပါ။
ဒါေပမဲ့ ကယ္လ္ဗင္ဖိလစ္ကို မန္ခ်က္စတာႏွစ္သင္းအျပင္ စပါးအသင္းကလည္း
စိတ္ဝင္စားေနတဲ့အတြက္ (၃)သင္းအၿပိဳင္ႀကိဳးပမ္းရဖို႔ရွိေနၿပီး ယူႏိုက္တက္
အသင္းဟာ လာမယ့္ဇန္နဝါရီက်ရင္ ကယ္လ္ဗင္ဖိလစ္အတြက္
ေပါင္(၅၉)သန္းနဲ႔စတင္ကမ္းလွမ္းသြားဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။