မန်ချက်စတာမြို့မှာ ကွင်းလယ်ဘုရင်ကဘယ်သူလဲ…?ဖာနန်ဒက်…လား၊ဒီဘရိုင်းနား…လား၊ ဘယ်သူပိုကောင်းလဲ ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာမြို့ရဲ့အသင်း နှစ်သင်းဟာ ဥရောပ ဘောလုံး လောကမှာ အကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်နေခဲ့တာဟာ နှစ်အတော်ကြာခဲ့ပါပြီ။ ယူနိုက်တက်အသင်းကတော့ ဖာဂူဆန်နောက်ပိုင်း နည်းပြ(၄)ဆက်မြောက်ရောက်တော့မှသာ အသင်းကို အရင်လို အခြေအနေဆီပြန်ရောက်နိုင်ဖို့ လမ်းစတွေ့ခဲ့ရတာပါ။

အထူးသဖြင့် ဘရူနိုဖာနန်ဒက် အသင်းကို ရောက်လာတဲ့အချိန်ကမှ ကောင်းမွန်တဲ့ ကွင်းလယ်ဖန်တီးမှုတွေကို ပြန်လည်မြင်တွေ့ခဲ့ရတာပါ။ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ရှိနေပေမယ့် အသင်းနဲ့ အံဝင်မှုမရှိသလို နည်းပြတွေနဲ့ အဆင်မပြေဖြစ်ပြီး လုပ်အားနှုန်းကျဆင်းနေခဲ့တာကြောင့် ယူနိုက်တက်ကွင်းလယ်ဟာ အသက်မဲ့ နေခဲ့တာအတော်ကြာခဲ့ပါပြီ။

ဒီအချိန်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးကတော့ ဝုဗ်ဘတ်ကနေ ကီဗင် ဒီဘရိုင်းနားကို ခေါ်ယူပြီး သူတို့ အသင်းရဲ့ ကွင်းလယ်မှာ အသင်းနဲ့ချိတ်ဆက်ဖန်တီးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒီဘရိုင်းဟာလည်း ချယ်လ်ဆီးအသင်းမှာမအောင်မြင်ခဲ့ပေမယ့် မန်စီးတီးအသင်းမှာတော့ သူ့ရဲ့ ကစားရတဲ့နေရာမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ပရီမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ခဲ့ပါတယ်။ ဒီညမှာတော့ သူတို့နှစ်ယောက်ရဲ့ ကွင်းလယ် ပြိုင်ဆိုင်မှုနဲ့ ဖန်တီးနိုင်မှုတွေကို ထပ်မံတွေ့မြင်ရတော့မှာပါ။

ဘရူနိုဖာနန်ဒက် နှင့် ကီဗင် ဒီဘရိုင်းနားတို့ဟာ မန်ချက်စတာ ယူနိုက်တက် နှင့် မန်ချက်စတာ စီးတီးအသင်းတွေရဲ့ အဓိက ကြယ်ပွင့် ကစားသမားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူက အသင်းကို ပိုပြီးအကျိုးပြုနိုင်သလဲ? ဇန်နဝါရီ ( ၁ ) ၊ ၂၀၂၀ ကတည်းက လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် မှတ်တမ်းတွေကို ကြည့်ပြီး ဒီကစားသမား နှစ်ဦးအနက် ဘယ်သူက အသင်းအတွက် ပိုအရေးကြီးလဲဆိုတာ တင်ပြသွားမှာ ဖြစ်ပါတယ်။

ဂိုး ပါဝင်ပတ်သက်မှု… ဖာနန်ဒက်က ၂၀၂၀ နွေရာသီ အပြောင်းအရွေ့မှာ ယူနိုက်တက်ကို ရောက်လာပြီး ဖေဖော်ဝါရီ ( ၁ ) ရက်နေ့ ၊ ဝုဗ်နဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ စတင်ပွဲထွက်ခွင့်ရခဲ့တယ်။ တခြားကစားသမားတွေထက် တစ်လ နောက်ကျပေမယ့် ပေါ်တူဂီကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ ( ၂၀၂၀ ) နှစ် အစပိုင်းကနေ လက်ရှိအချိန်ထိ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမား ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဂိုးပါဝင် ပတ်သက်မှု ( ၃၃ ) ကြိမ်ထိရှိပြီး ဒုတိယနေရာမှာရှိတဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ထက် ( ၂ ) ကြိမ် ပိုများပါတယ်။ ကီဗင် ဒီဘရိုင်းနားက ( ၂၅ ) ကြိမ်နဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

သွင်းဂိုး… ဖာနန်ဒက်က ပရီးမီးဟားလိဂ်ကို ရောက်ရှိလာချိန်ကစပြီး လက်ရှိအချိန်ထိ ( ၁၉ ) ဂိုး သွင်းယူထားပြီး ပင်နယ်တီး သွင်းဂိုး ( ၉ ) ဂိုး ပါဝင်ပါတယ်။ ( ၂၃ ) ဂိုး သွင်းယူထားတဲ့ ဆာလက်တစ်ဦးတည်းကသာ ဘရူနိုထက် ပိုများနေတာ ဖြစ်ပါတယ်။ ဒီဘရိုင်းနားအနေနဲ့ စုစုပေါင်း ( ၉ ) ဂိုး သွင်းယူထားပြီး ပင်နယ်တီကနေ ( ၄ ) ဂိုး သွင်းယူထားပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမားက ဒီရာသီမှာ ပြိုင်ပွဲစုံ ( ၁၅ ) ဂိုး သွင်းယူထားပြီး ဒီဘရိုင်းနားကတော့ ( ၃ ) ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

ကွင်းလယ် ဖန်တီးမှု…ပြီးခဲ့တဲ့နှစ်အတွင်း ဒီဘရိုင်းနားက ပရီးမီးယားလိဂ်မှာ king of assist ဖြစ်ခဲ့တယ်။ မန်စီးတီး playmaker က အသင်းဖော်တွေအတွက် ( ၁၆ )ဂိုး ဖန်တီးပေးခဲ့ပြီး ဘရူနိုထက် ( ၂ ) ဂိုး ပိုများတာ တွေ့ရတယ်။ သူတို့ ( ၂ ) ဦးကလွဲပြီး ၂၀၂၀ ၊ ဇန်နဝါရီ ( ၁ ) ရက်နေ့က စလို့ ပရီးမီးယားလိဂ်မှာ ဂဏန်း ( ၂ ) လုံးထိ ဖန်တီးမှုပြုလုပ်နိုင်သူအနေနဲ့ ဟာရီကိန်း တစ်ဦးတည်းသာ ရှိပြီး ( ၁၁ ) ဂိုး ဖန်တီးပေးထားပါတယ်။

အသက် ( ၂၉ ) နှစ်အရွယ် ဒီဘရိုင်းနားက ဒီရာသီမှာ ( ၈ ) ဂိုး ဖန်တီးပေးထားပြီး ဖာနန်ဒက်စ်က ( ၇ ) ဂိုး ဖန်းတီးပေးထားကာ ဂိုးဖန်တီးပေးမှု သတ်မှတ်ချက်မှာ ဟယ်ရီကိန်းရဲ့ နောက် ဒုတိယ နှင့်တတိယနေရာမှာ ရပ်တည်လျက် ရှိပါတယ်။

အသင်းအပေါ် သက်ရောက်မှု … ပြီးခဲ့တဲ့ ရာသီမှာ ဆိုးရှားရဲ့ အသင်းက ဖာနန်ဒက် မပါတဲ့ ပွဲစဉ်အနိုင်ရရှိမှုနှုန်းက ( ၃၇.၅ ) ရာခိုင်နှုန်းထိ ရှိပြီး ဘရူနို ပွဲထွက်ပါဝင်ခွင့်ရတဲ့ ပွဲစဉ်တွေမှာ ( ၆၄.၃ )ရာခိုင်နှုန်း အနိုင်ရထားပါတယ်။ ပေါ်တူဂီ play maker ပါဝင်ပါက ယူနိုက်တင်အနေနဲ့ သွင်းဂိုးတွေ ပိုရပြီး ပေးဂိုးနည်းကာ ရမှတ်ပို သိမ်းပိုက်နိုင်လေ့ရှိတယ်။

ဒါပေမယ့် ကီဗင် ဒီဘရိုင်းနားကလည်း အလားတူ သက်ရောက်မှုမျိုးရှိနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ( ၂ ) ရာသီအတွင်း ဒီဘရိုင်းနားအနေနဲ့ ပွဲထွက်လူစားရင်းကနေ ( ၈ ) ကြိမ် ချန်လှပ်ခြင်း ခံခဲ့ရတယ်။ ဒီဘရိုင်းနား ပါဝင်တဲ့ ပွဲစဉ်တွေမှာ စီးတီးရဲ့ အနိုငိရရှိမှုက ( ၇၀ ) ရာခိုင်နှုန်းထိ ရှိပေမယ့် ဒီဘရိုင်းနား မပါဝင်ပါက အနိုင်ရရှိမှုက ( ၃၇.၅ ) ရာခိုင်နှုန်းထိ ကျဆင်းသွားတာ တွေ့ရတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ခ်က္စတာျမိဳ႕မွာ ကြင္းလယ္ဘုရင္ကဘယ္သူလဲ…?ဖာနန္ဒက္…လား၊ဒီဘ႐ိုင္းနား…လား၊ ဘယ္သူပိုေကာင္းလဲ ?

မန္ခ်က္စတာျမိဳ႕ရဲ႕အသင္း ႏွစ္သင္းဟာ ဥေရာပ ေဘာလံုး ေလာကမွာ အေကာင္းဆံုးအသင္းေတြထဲမွာ ပါဝင္ေနခဲ့တာဟာ ႏွစ္အေတာ္ၾကာခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းကေတာ့ ဖာဂူဆန္ေနာက္ပိုင္း နည္းျပ(၄)ဆက္ေျမာက္ေရာက္ေတာ့မွသာ အသင္းကို အရင္လို အေျခအေနဆီျပန္ေရာက္ႏိုင္ဖို႕ လမ္းစေတြ႕ခဲ့ရတာပါ။ အထူးသျဖင့္ ဘ႐ူႏိုဖာနန္ဒက္ အသင္းကို ေရာက္လာတဲ့အခ်ိန္ကမွ ေကာင္းမြန္တဲ့ ကြင္းလယ္ဖန္တီးမႈေတြကို ျပန္လည္ျမင္ေတြ႕ခဲ့ရတာပါ။ ကမၻာ့အဆင့္ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာ ရွိေနေပမယ့္ အသင္းနဲ႔ အံဝင္မႈမရွိသလို နည္းျပေတြနဲ႔ အဆင္မေျပျဖစ္ၿပီး လုပ္အားႏႈန္းက်ဆင္းေနခဲ့တာေၾကာင့္ ယူႏိုက္တက္ကြင္းလယ္ဟာ အသက္မဲ့ ေနခဲ့တာအေတာ္ၾကာခဲ့ပါၿပီ။ ဒီအခ်ိန္မွာ ျမိဳ႕ခံျပိဳင္ဘက္မန္စီးတီးကေတာ့ ဝုဗ္ဘတ္ကေန ကီဗင္ ဒီဘ႐ိုင္းနားကို ေခၚယူၿပီး သူတို႕ အသင္းရဲ႕ ကြင္းလယ္မွာ အသင္းနဲ႔ခ်ိတ္ဆက္ဖန္တီးမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ ဒီဘ႐ိုင္းဟာလည္း ခ်ယ္လ္ဆီးအသင္းမွာမေအာင္ျမင္ခဲ့ေပမယ့္ မန္စီးတီးအသင္းမွာေတာ့ သူ႕ရဲ႕ ကစားရတဲ့ေနရာမွာ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး ပရီမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကြင္းလယ္ကစားသမားျဖစ္ခဲ့ပါတယ္။ ဒီညမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ကြင္းလယ္ ျပိဳင္ဆိုင္မႈနဲ႕ ဖန္တီးႏိုင္မႈေတြကို ထပ္မံေတြ႕ျမင္ရေတာ့မွာပါ။

ဘ႐ူႏိုဖာနန္ဒက္ ႏွင့္ ကီဗင္ ဒီဘ႐ိုင္းနားတို႔ဟာ မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ မန္ခ်က္စတာ စီးတီးအသင္းေတြရဲ႕ အဓိက ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္သူက အသင္းကို ပိုၿပီးအက်ိဳးျပဳႏိုင္သလဲ ? ဇန္နဝါရီ ( ၁ ) ၊ ၂၀၂၀ ကတည္းက လက္ရွိအခ်ိန္ထိ ပရီးမီးယားလိဂ္ မွတ္တမ္းေတြကို ၾကည့္ၿပီး ဒီကစားသမား ႏွစ္ဦးအနက္ ဘယ္သူက အသင္းအတြက္ ပိုအေရးႀကီးလဲဆိုတာ တင္ျပသြားမွာ ျဖစ္ပါတယ္။

ဂိုး ပါဝင္ပတ္သက္မႈ… ဖာနန္ဒက္က ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ယူႏိုက္တက္ကို ေရာက္လာၿပီး ေဖေဖာ္ဝါရီ ( ၁ ) ရက္ေန႔ ၊ ဝုဗ္နဲ႔ ဂိုးမရွိ သေရက်တဲ့ ပြဲမွာ စတင္ပြဲထြက္ခြင့္ရခဲ့တယ္။ တျခားကစားသမားေတြထက္ တစ္လ ေနာက္က်ေပမယ့္ ေပၚတူဂီကြင္းလယ္လူဟာ ပရီးမီးယားလိဂ္မွာ ( ၂၀၂၀ ) ႏွစ္ အစပိုင္းကေန လက္ရွိအခ်ိန္ထိ ဂိုးပါဝင္ပတ္သက္မႈ အမ်ားဆုံးကစားသမား ျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ဂိုးပါဝင္ ပတ္သက္မႈ ( ၃၃ ) ႀကိမ္ထိရွိၿပီး ဒုတိယေနရာမွာရွိတဲ့ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းတိုက္စစ္မႉး ဆာလက္ထက္ ( ၂ ) ႀကိမ္ ပိုမ်ားပါတယ္။ ကီဗင္ ဒီဘ႐ိုင္းနားက ( ၂၅ ) ႀကိမ္နဲ႔ ပၪၥမေနရာမွာ ရပ္တည္ေနပါတယ္။

သြင္းဂိုး… ဖာနန္ဒက္က ပရီးမီးဟားလိဂ္ကို ေရာက္ရွိလာခ်ိန္ကစၿပီး လက္ရွိအခ်ိန္ထိ ( ၁၉ ) ဂိုး သြင္းယူထားၿပီး ပင္နယ္တီး သြင္းဂိုး ( ၉ ) ဂိုး ပါဝင္ပါတယ္။ ( ၂၃ ) ဂိုး သြင္းယူထားတဲ့ ဆာလက္တစ္ဦးတည္းကသာ ဘ႐ူႏိုထက္ ပိုမ်ားေနတာ ျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားအေနနဲ႔ စုစုေပါင္း ( ၉ ) ဂိုး သြင္းယူထားၿပီး ပင္နယ္တီကေန ( ၄ ) ဂိုး သြင္းယူထားပါတယ္။ ယူႏိုက္တက္ ကြင္းလယ္ကစားသမားက ဒီရာသီမွာ ၿပိဳင္ပြဲစုံ ( ၁၅ ) ဂိုး သြင္းယူထားၿပီး ဒီဘ႐ိုင္းနားကေတာ့ ( ၃ ) ဂိုးသာ သြင္းယူထားႏိုင္ပါတယ္။

ကြင္းလယ္ ဖန္တီးမႈ… ၿပီးခဲ့တဲ့ႏွစ္အတြင္း ဒီဘ႐ိုင္းနားက ပရီးမီးယားလိဂ္မွာ king of assist ျဖစ္ခဲ့တယ္။ မန္စီးတီး playmaker က အသင္းေဖာ္ေတြအတြက္ ( ၁၆ )ဂိုး ဖန္တီးေပးခဲ့ၿပီး ဘ႐ူႏိုထက္ ( ၂ ) ဂိုး ပိုမ်ားတာ ေတြ႕ရတယ္။ သူတို႔ ( ၂ ) ဦးကလြဲၿပီး ၂၀၂၀ ၊ ဇန္နဝါရီ ( ၁ ) ရက္ေန႔က စလို႔ ပရီးမီးယားလိဂ္မွာ ဂဏန္း ( ၂ ) လုံးထိ ဖန္တီးမႈျပဳလုပ္ႏိုင္သူအေနနဲ႔ ဟာရီကိန္း တစ္ဦးတည္းသာ ရွိၿပီး ( ၁၁ ) ဂိုး ဖန္တီးေပးထားပါတယ္။ အသက္ ( ၂၉ ) ႏွစ္အ႐ြယ္ ဒီဘ႐ိုင္းနားက ဒီရာသီမွာ ( ၈ ) ဂိုး ဖန္တီးေပးထားၿပီး ဖာနန္ဒက္စ္က ( ၇ ) ဂိုး ဖန္းတီးေပးထားကာ ဂိုးဖန္တီးေပးမႈ သတ္မွတ္ခ်က္မွာ ဟယ္ရီကိန္းရဲ႕ ေနာက္ ဒုတိယ ႏွင့္တတိယေနရာမွာ ရပ္တည္လ်က္ ရွိပါတယ္။

အသင္းအေပၚ သက္ေရာက္မႈ … ၿပီးခဲ့တဲ့ ရာသီမွာ ဆိုးရွားရဲ႕ အသင္းက ဖာနန္ဒက္ မပါတဲ့ ပြဲစဥ္အႏိုင္ရရွိမႈႏႈန္းက ( ၃၇.၅ ) ရာခိုင္ႏႈန္းထိ ရွိၿပီး ဘ႐ူႏို ပြဲထြက္ပါဝင္ခြင့္ရတဲ့ ပြဲစဥ္ေတြမွာ ( ၆၄.၃ )ရာခိုင္ႏႈန္း အႏိုင္ရထားပါတယ္။ ေပၚတူဂီ play maker ပါဝင္ပါက ယူႏိုက္တင္အေနနဲ႔ သြင္းဂိုးေတြ ပိုရၿပီး ေပးဂိုးနည္းကာ ရမွတ္ပို သိမ္းပိုက္ႏိုင္ေလ့ရွိတယ္။ ဒါေပမယ့္ ကီဗင္ ဒီဘ႐ိုင္းနားကလည္း အလားတူ သက္ေရာက္မႈမ်ိဳးရွိေနတာ ေတြ႕ရတယ္။ ၿပီးခဲ့တဲ့ ( ၂ ) ရာသီအတြင္း ဒီဘ႐ိုင္းနားအေနနဲ႔ ပြဲထြက္လူစားရင္းကေန ( ၈ ) ႀကိမ္ ခ်န္လွပ္ျခင္း ခံခဲ့ရတယ္။ ဒီဘ႐ိုင္းနား ပါဝင္တဲ့ ပြဲစဥ္ေတြမွာ စီးတီးရဲ႕ အႏိုငိရရွိမႈက ( ၇၀ ) ရာခိုင္ႏႈန္းထိ ရွိေပမယ့္ ဒီဘ႐ိုင္းနား မပါဝင္ပါက အႏိုင္ရရွိမႈက ( ၃၇.၅ ) ရာခိုင္ႏႈန္းထိ က်ဆင္းသြားတာ ေတြ႕ရတယ္။