မန်ချက်စတာမှာ ဆုရတာက ပိုပြီးချိုမြိန်တယ်လို့ ဆိုလိုက်တဲ့ ကလော့ပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

BBC ရဲ့တစ်နှစ်တာဆုပေးပွဲမှာ အကောင်းဆုံးအသင်းဆုကို လီဗာပူးရတော့ ဆုတက်ရောက်ရယူတဲ့နည်းပြဂျာဂင်ကလော့ပ်ဟာ မန်ယူကို ရည်ညွှန်းတဲ့ လှောင်ပြောင်မှုတစ်ခုပြုလုပ်လိုက်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၁၈ မှတ်ဖြတ် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး အဲဒါကြောင့် အမှတ်ပေးအောင်မြင်မှုနဲ့ နှစ် ၃၀ ကြာဝေးကွာမှုကို လီဗာပူးအဆုံးသတ်နိုင်ခဲ့ပါတယ်။

အဲဒီအတွက်လည်း ကလော့ပ်ဟာ BBC ရဲ့တစ်နှစ်တာဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆုရခဲ့သလို အသင်းခေါင်းဆောင်ဟန်ဒါဆန်ဟာလည်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဒုတိယချိတ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်မှုတွေကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေမှာကျင်းပခဲ့တဲ့  BBC ရဲ့အဲဒီဆုပေးပွဲကို မန်ချက်စတာမြို့က ရုပ်သံစတီဒီယိုတစ်ခုမှာ ပြုလုပ်ခဲ့ရပါတယ်။

တစ်နှစ်တာအကောင်းဆုံးဆုကို လီဗာပူးရတော့ ကလော့ပ်နဲ့အသင်းခေါင်းဆောင်ဟန်ဒါဆန်တို့ ဆုတက်ရောက်ရယူခဲ့ကြပြီး ဆုလက်ခံတဲ့အချိန်မှာ ကလော့ပ်က ခါးသီးပြိုင်ဘက်မန်ယူနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။

”ကျွန်တော့်အသင်းဟာ ဒီဆုနဲ့ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မယုံနိုင်စရာအလုပ်တစ်ခုကို လုပ်ခဲ့တာပါ။ ဒီဆုကို မန်ချက်စတာမှာရခဲ့တာဆိုတော့ ပိုလို့တောင် ချိုမြိန်ပါသေးတယ်”လို့ ကလော့ပ်က ဆုယူစဉ်မှာ ြပောခဲ့တာပါ။

လီဗာပူးနဲ့မန်ယူတို့ဟာ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေဖြစ်ကြပြီး သမိုင်းကြောင်းအစဉ်အလာအရလည်း ပြိုင်ဆိုင်မှုကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။

အဲဒီထဲမှာ လီဗာပူးဟာ ဆုဖလားအောင်မြင်မှုအများဆုံးရအသင်းဖြစ်ပြီး စုစုပေါင်း ဆုဖလား ၄၃ ခုရရှိထားကာ မန်ယူက ဆုဖလား ၄၂ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့ အမှတ်ပေးအောင်မြင်မှုမှာတော့ မန်ယူက  စုစုပေါင်းအကြိမ် ၂၀ နဲ့ အများဆုံးဖြစ်ပြီး အဲဒီနေရာမှာ လီဗာပူးက ၁၉ ကြိမ်ရရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ခ်က္စတာမွာ ဆုရတာက ပိုၿပီးခ်ိဳၿမိန္တယ္လုိ႔ ဆုိလုိက္တဲ့ ကေလာ့ပ္

BBC ရဲ႕တစ္ႏွစ္တာဆုေပးပြဲမွာ အေကာင္းဆုံးအသင္းဆုကို လီဗာပူးရေတာ့ ဆုတက္ေရာက္ရယူတ့ဲနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ မန္ယူကို ရည္ညႊန္းတဲ့ ေလွာင္ေျပာင္မႈတစ္ခုျပဳလုပ္လိုက္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ ဒုတိယေနရာက မန္စီးတီးအသင္းကို ၁၈ မွတ္ျဖတ္ ဗိုလ္စြဲႏိုင္ခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္ အမွတ္ေပးေအာင္ျမင္မႈနဲ႔ ႏွစ္ ၃၀ ၾကာေဝးကြာမႈကို လီဗာပူးအဆုံးသတ္ႏိုင္ခဲ့ပါတယ္။ အဲဒီအတြက္လည္း ကေလာ့ပ္ဟာ BBC ရဲ႕တစ္ႏွစ္တာဆုေပးပြဲမွာ အေကာင္းဆုံးနည္းျပဆုရခဲ့သလုိ အသင္းေခါင္းေဆာင္ဟန္ဒါဆန္ဟာလည္း တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဒုတိယခ်ိတ္ခဲ့ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ကန္႔သတ္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့တနဂၤေႏြမွာက်င္းပခဲ့တဲ့  BBC ရဲ႕အဲဒီဆုေပးပြဲကို မန္ခ်က္စတာၿမိဳ႕က ရုပ္သံစတီဒီယိုတစ္ခုမွာ ျပဳလုပ္ခ့ဲရပါတယ္။ တစ္ႏွစ္တာအေကာင္းဆုံးဆုကို လီဗာပူးရေတာ့ ကေလာ့ပ္နဲ႔အသင္းေခါင္းေဆာင္ဟန္ဒါဆန္တုိ႔ ဆုတက္ေရာက္ရယူခဲ့ၾကၿပီး ဆုလက္ခံတဲ့အခ်ိန္မွာ ကေလာ့ပ္က ခါးသီးၿပိဳင္ဘက္မန္ယူနဲ႔ပတ္သက္ၿပီး အခုလုိ ေျပာခဲ့တာပါ။

”ကၽြန္ေတာ့္အသင္းဟာ ဒီဆုနဲ႔ထိုက္တန္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတို႔ဟာ မယုံႏိုင္စရာအလုပ္တစ္ခုကို လုပ္ခဲ့တာပါ။ ဒီဆုကို မန္ခ်က္စတာမွာရခဲ့တာဆုိေတာ့ ပိုလို႔ေတာင္ ခ်ိဳၿမိန္ပါေသးတယ္”လုိ႔ ကေလာ့ပ္က ဆုယူစဥ္မွာ ျေပာခဲ့တာပါ။ လီဗာပူးနဲ႔မန္ယူတို႔ဟာ အဂၤလန္ရဲ႕အေအာင္ျမင္ဆုံးအသင္းေတြျဖစ္ၾကၿပီး သမိုင္းေၾကာင္းအစဥ္အလာအရလည္း ၿပိဳင္ဆုိင္မႈႀကီးမားတဲ့ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကပါတယ္။

အဲဒီထဲမွာ လီဗာပူးဟာ ဆုဖလားေအာင္ျမင္မႈအမ်ားဆုံးရအသင္းျဖစ္ၿပီး စုစုေပါင္း ဆုဖလား ၄၃ ခုရရွိထားကာ မန္ယူက ဆုဖလား ၄၂ ခုနဲ႔ ဒုတိယေနရာမွာ ရွိေနပါတယ္။ ဒါေပမဲ့ အမွတ္ေပးေအာင္ျမင္မႈမွာေတာ့ မန္ယူက  စုစုေပါင္းအႀကိမ္ ၂၀ နဲ႔ အမ်ားဆုံးျဖစ္ၿပီး အဲဒီေနရာမွာ လီဗာပူးက ၁၉ ႀကိမ္ရရွိထားပါတယ္။