မန်စီးတီးကို ရွေးချယ်လိုက်ပြီလို့ သတင်းထွက်နေတဲ့ ဟာလန်း

ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ

မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ် သဘောတူလိုက်ကြောင်း

နာမည်ကြီး ဂျာမန် သတင်းဌာန Bild Sportsက

အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း

ဟာလန်းအနေနဲ့ သူ့ရဲ့ အနာဂတ်အသင်းကို မကြာခင်မှာ

ပရိသတ်တွေကို အသိပေးဖွယ် ရှိကြောင်း အတည်ပြုပေးထားပါသေးတယ်။

၂၂ နှစ်တောင် မပြည့်သေးပေမယ့်လည်း ဟာလန်းဟာ ၂၀၁၉ ဒီဇင်ဘာမှာ

ယူရိုသန်း ၂၀ နဲ့ ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်

ကစားခွင်ရခဲ့တဲ့ ပွဲအရေအတွက် သွင်းဂိုး ၈၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြဿနာရှိတာကတော့ ဟာလန်းဟာ သူ့ရဲ့အနာဂတ်မှာ

ရွေးချယ်စရာရှိလာဖို့အတွက် သူထပ်ချုပ်မယ့် အသင်းသစ်နဲ့ စာချုပ်မှာလည်း

စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်းချုပ်ဆိုလိုနေပါတယ်။

ဟာလန်းရဲ့ဖခင် အယ်လ်ဖင်ဟာလန်းကလည်း စီးတီးမှာ

၃ ရာသီကစားခဲ့ဖူးသူဖြစ်တာကြောင့် ဟာလန်းဟာ

မန်စီးတီးကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

၂၀၂၁ ဧပြီလတုန်းက မန်စီးတီးကို အီတီဟတ်မှာ လာရောက်ရင်ဆိုင်တုန်းကလည်း

ဟာလန်းဟာ ကွင်းကြမ်းပြင်က မန်စီးတီးတံဆိပ်ကို မနင်းပဲ ရှောင်သွားခဲ့သလို၊

ပွဲပြီးဆုံးချိန်မှာလည်း သက်တူရွယ်တူ မန်စီးတီးကွင်းလယ်လူ

ဖီးလ်ဖိုဒန်နဲ့ စကားတွေအကြာကြီး ပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။

zawgyi

မန္စီးတီးကို ေ႐ြးခ်ယ္လိုက္ၿပီလို႔ သတင္းထြက္ေနတဲ့ ဟာလန္း

ေဒါ့မြန္ရဲ႕ အဓိက တိုက္စစ္မႉး အာလင္း ဟာလန္းဟာ

မန္ခ်က္စတာ စီးတီးထံ ေျပာင္းေ႐ႊ႕ဖို႔ ေခါင္းညိတ္ သေဘာတူလိုက္ေၾကာင္း

နာမည္ႀကီး ဂ်ာမန္ သတင္းဌာန Bild Sportsက

အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

နာမည္ႀကီး သတင္းေထာက္ တစ္ဦးျဖစ္သူ ဖာဘရီဇီယို ႐ိုမာႏိုကလည္း

ဟာလန္းအေနနဲ႔ သူ႔ရဲ႕ အနာဂတ္အသင္းကို မၾကာခင္မွာ

ပရိသတ္ေတြကို အသိေပးဖြယ္ ရွိေၾကာင္း အတည္ျပဳေပးထားပါေသးတယ္။

၂၂ ႏွစ္ေတာင္ မျပည့္ေသးေပမယ့္လည္း ဟာလန္းဟာ ၂၀၁၉ ဒီဇင္ဘာမွာ

ယူ႐ိုသန္း ၂၀ နဲ႔ ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္

ကစားခြင္ရခဲ့တဲ့ ပြဲအေရအတြက္ သြင္းဂိုး ၈၀ အထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ျပႆနာရွိတာကေတာ့ ဟာလန္းဟာ သူ႔ရဲ႕အနာဂတ္မွာ

ေ႐ြးခ်ယ္စရာရွိလာဖို႔အတြက္ သူထပ္ခ်ဳပ္မယ့္ အသင္းသစ္နဲ႔ စာခ်ဳပ္မွာလည္း

စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ထည့္သြင္းခ်ဳပ္ဆိုလိုေနပါတယ္။

ဟာလန္းရဲ႕ဖခင္ အယ္လ္ဖင္ဟာလန္းကလည္း စီးတီးမွာ

၃ ရာသီကစားခဲ့ဖူးသူျဖစ္တာေၾကာင့္ ဟာလန္းဟာ

မန္စီးတီးကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။

၂၀၂၁ ဧၿပီလတုန္းက မန္စီးတီးကို အီတီဟတ္မွာ လာေရာက္ရင္ဆိုင္တုန္းကလည္း

ဟာလန္းဟာ ကြင္းၾကမ္းျပင္က မန္စီးတီးတံဆိပ္ကို မနင္းပဲ ေရွာင္သြားခဲ့သလို၊

ပြဲၿပီးဆုံးခ်ိန္မွာလည္း သက္တူ႐ြယ္တူ မန္စီးတီးကြင္းလယ္လူ

ဖီးလ္ဖိုဒန္နဲ႔ စကားေတြအၾကာႀကီး ေျပာေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။