မန်စီးတီးဆီ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒို ကို မန်စီးတီးအသင်း ဆီ ပြောင်းရွှေ့ ကစားနိုင်ဖို့ အတွက် စူပါ အေးဂျင့် ဖြစ်သူ ဂျော့ရှ် မန်ဒက် က ကန့်လန့်ကာ နောက်ကွယ်မှာ အစွမ်းကုန် လှုပ်ရှားနေကြောင်းသတင်းတွေထွက်ထား ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ဟာ ကစားသမားဘဝ ကနေ အနားမယူခင်မှာ ချန်ပီယံလိဂ်ဖလား တစ်လုံးကို အရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေသူ ဖြစ်ပြီး

ဂျူဗင်တပ်စ်အသင်းရဲ့ အနေအထားဟာ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်း နည်းပါးနေတာကြောင့် ယခုလို အသင်းပြောင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ပြင်သစ်က နာမည်ကြီး သတင်းစာ L’Equipe ကလည်း ရော်နယ်ဒို ဟာ မန်စီးတီး ကို ပြောင်းရွှေ့ကစားခွင့်ရဖို့ ကြိုးစားနေတယ်လို့ ထုတ်ဖော် ရေးသားလျှက် ရှိနေပါတယ်။

တစ်ဖက်မှာလည်း မန် စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး

စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းကတော့ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ပွဲထွက် ကစားသမား စာရင်းကနေ ပါဝင်ခဲ့ခြင်း မရှိတဲ့ နောက်ပိုင်း ၊ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ဆက်တိုက် ပေါ်ထွက်ခဲ့ပါတယ်။

စီးရီးအေ ကလပ် တာဝန်ရှိသူတွေ ဟာ ရော်နယ်ဒို ကို ခေါ်ယူခဲ့စဉ်က အခုလို ကပ်ရောဂါ ဆိုးကြီး ပေါ်ပေါက်လာချိန်မျိုး မဟုတ်တဲ့ အတွက် လစာ ပမာဏကို အမြောက်အများ ပေးချေဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ကာလမျိုးမှာတော့ မြင့်မားလွန်းတဲ့ လစာပေးချေမှုကြောင့် အသင်း ရဲ့ ဘဏ္ဍာရေးတွေမှာ သက်ရောက်မှုတွေ တော်တော်လေး ရှိလာတာမို့ ၊ ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံစဉ်းစားပေးဖို့ ပြင်ဆင်ထားတယ်လို့ ယုံကြည်ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးဆီ ေျပာင္းေရႊ႕ဖို့နီးစပ္ေနတဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္ အသင္းရဲ့ တိုက္စစ္မွူးႀကီး ေရာ္နယ္ဒို ကို မန္စီးတီးအသင္း ဆီ ေျပာင္းေရႊ႕ ကစားနိုင္ဖို့ အတြက္ စူပါ ေအးဂ်င့္ ျဖစ္သူ ေဂ်ာ့ရွ္ မန္ဒက္ က ကန႔္လန႔္ကာ ေနာက္ကြယ္မွာ အစြမ္းကုန္ လွုပ္ရွားေနေၾကာင္းသတင္းေတြထြက္ထား ပါတယ္။

အသက္ ၃၆ႏွစ္ အရြယ္ ေပၚတူဂီ ဝါရင့္ တိုက္စစ္မွူး ဟာ ကစားသမားဘဝ ကေန အနားမယူခင္မွာ ခ်န္ပီယံလိဂ္ဖလား တစ္လုံးကို အရယူနိုင္ဖို့ ပစ္မွတ္ထား ႀကိဳးစားေနသူ ျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ့ အေနအထားဟာ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚနိုင္စြမ္း နည္းပါးေနတာေၾကာင့္ ယခုလို အသင္းေျပာင္းဖို့ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။

ျပင္သစ္က နာမည္ႀကီး သတင္းစာ L’Equipe ကလည္း ေရာ္နယ္ဒို ဟာ မန္စီးတီး ကို ေျပာင္းေရႊ႕ကစားခြင့္ရဖို့ ႀကိဳးစားေနတယ္လို့ ထုတ္ေဖာ္ ေရးသားလၽွက္ ရွိေနပါတယ္။

တစ္ဖက္မွာလည္း မန္ စီးတီးအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ထိပ္တန္း တိုက္စစ္မွူး တစ္ဦးကို ေခၚယူဖို့ အသည္းအသန္ ႀကိဳးပမ္းေနတဲ့ အသင္း ျဖစ္ၿပီး စပါးအသင္းရဲ့ တိုက္စစ္မွူး ဟယ္ရီကိန္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၂၀သန္း အထိ ေပးကာ ကမ္းလွမ္းခဲ့ေပမယ့္ စပါးအသင္းကေတာ့ သူတို့အသင္းရဲ့ ကမ္းလွမ္းမွုကို ပယ္ခ်ခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီတစ္ပတ္မွာ ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ ပြဲထြက္ ကစားသမား စာရင္းကေန ပါဝင္ခဲ့ျခင္း မရွိတဲ့ ေနာက္ပိုင္း ၊ သူ႔ရဲ့ အေျပာင္းအေရႊ႕ သတင္းေတြက က်ယ္က်ယ္ေလာင္ေလာင္ ဆက္တိုက္ ေပၚထြက္ခဲ့ပါတယ္။

စီးရီးေအ ကလပ္ တာဝန္ရွိသူေတြ ဟာ ေရာ္နယ္ဒို ကို ေခၚယူခဲ့စဥ္က အခုလို ကပ္ေရာဂါ ဆိုးႀကီး ေပၚေပါက္လာခ်ိန္မ်ိဳး မဟုတ္တဲ့ အတြက္ လစာ ပမာဏကို အေျမာက္အမ်ား ေပးေခ်ဖို့ သေဘာတူခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိ ကာလမ်ိဳးမွာေတာ့ ျမင့္မားလြန္းတဲ့ လစာေပးေခ်မွုေၾကာင့္ အသင္း ရဲ့ ဘ႑ာေရးေတြမွာ သက္ေရာက္မွုေတြ ေတာ္ေတာ္ေလး ရွိလာတာမို့ ၊ ကမ္းလွမ္းမွုေတြ ရွိလာရင္ လက္ခံစဥ္းစားေပးဖို့ ျပင္ဆင္ထားတယ္လို့ ယုံၾကည္ရပါတယ္။